By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 16 July 2018
နိုင်ငံအတွင်းရှိ မြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင် နေထိုင်သူများအား တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ပိုင်ဆိုင်ခွင့်မရှိစေရေးမူအပါအဝင် ၁၄ ချက်ကို တတိယအကြိမ် ပင်လုံညီလာခံက အတည်ပြုလိုက်ပြီး ပြည်ထောင်စုသဘောတူစာချူပ်၏ အစိတ်အပိုင်း(၂)အဖြစ် ယနေ့ ဇူလိုင် ၁၆ ရက်နေ့ တွင်အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့အပြင် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် ပါဝင်သည့် အကာအကွယ်ပြုရေးဆိုင်ရာ အစီအမံများ ခေါင်းစဉ်အောက်တွင် နိုင်ငံသားများသာ မြေယာပိုင်ဆိုင်ခွင့်အပါအဝင် မြေယာကိုအသုံးပြု၍ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည်ဟူသည့် အချက်များကိုလည်း သဘောတူခဲ့လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခု တတိယအကြိမ် ပင်လုံညီလာခံတွင် ကဏ္ဍလေးခုမှ အချက် မူ၁၄ ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါမူ (၁၄) ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က အဆိုပြုတင်သွင်းခဲ့ကြောင်းသိရသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Thehindu
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ