By Myanmar Builders Guide, Shweproperty.com
Updated at 28 March 2019
စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့လုပ်ငန်းတွေလုပ်ကိုင်ဖို့ မြေနေရာအခက်အခဲရှိနေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ မန္တလေးတိုင်းထဲက မြေလွတ်မြေရိုင်း ဧက ခြောက်သိန်းပေါ်မှာ လုပ်ကိုင်ဖို့ လျှောက်ထားနိုင်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
နှစ်ရှည်ငှားရမ်းခွင့်ကို လျှောက်ထာနိုင်ပြီး လွယ်ကူချော့မွေ့အဆင်ပြေအောင် အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်သွားရမယ်လို့ဆိုပါတယ်။ရင်းနှီးမြုပ်နှံဖို့အတွက်ငွေကြေးရှိပေမယ့် မြေဈေးကြီးမြင့်နေတာကြောင့် ကျန်ရှိတဲ့မြေလွတ်မြေရိုင်းတွေမှာ လုပ်ငန်းလုပ်ကိုင်ဖို့အတွက် လျှောက်ထားနိုင်တယ်လို့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
မြေလွတ်၊မြေရိုင်းတွေက မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ ၊ညောင်ဦးခရိုင်နဲ့ ရမည်းသင်းခရိုင်တို့မှာ ကျန်ရှိနေတာဖြစ်ပါတယ်။စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အနည်းဆုံး ဧက ၃၀၀ မှ အများဆုံး ဧက ၅၀၀၀ အထိ နှစ်သုံးဆယ် လုပ်ကိုင်ခွင့်ပြုပေးမှာဖြစ်ပြီးတော့ ဓာတ်သတ္တုထုတ်လုပ်ငန်းလုပ်ငန်းတွေအတွက်တော့ ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ