By မြင့်မိုရ်ဆွေ, Shweproperty.com
Updated at 26 December 2012
ဒီမိုကရေစီ ခေတ်သစ်တည် ဆောက်မှုအချိန်ကာလကိုတွက် စစ်လျှင် ၂ နှစ်နီးပါး ရှိလာပေပြီ။ အဆိုပါကာလ အတွင်း နိုင်ငံ တစ်ဝန်း အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ချက်များမှာ ကျေနပ်အားရဖွယ် မရှိသေးကြောင်း တွေ့ရှိရ၏။ ပြန်လည် သုံးသြပ်ကည့်လျှင် မှတ်မှတ်ရရ လွန်ထင်ရှားသော လုပ်ငန်းရှင် တစ်ဦးက အများပိုင် ကုမ္ပဏီတစ်ခုထူထောင်ပြီး မန္တလေးမြို့တွင်မြို့သစ်နှင့် အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် အစုရှယ်ယာများ ခေါ်ယူ မည့် သတင်းကြေညာချက်ဖြင့်၂ဝ၁၂ ခုနှစ် ခေတ်သစ်အိမ်ရာ ဖွံ့ ဖြိုးရေးကဏ္ဍကို စတင်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့လေသည်။
လုပ်ပိုင်ခွင့် မရှိဘဲ ခြေလှမ်းကျဲသော အဆိုပါ လှုပ်ရှားမှုမှာအချိန်တိုအတွင်း ဇီဝိန်ချုပ်သွားခဲ့ ၏။ ထိုနောက် ၂၀၁၂ သြဂုတ် လတွင် နိုင်ငံရေးပါတီတစ်ရပ်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့တွင် ဆင်းရဲသား မြို့တော်တည်ထောင်ရေးဟု အမည်ပေးထားသော စီမံကိန်းဖဲကြိုးကို မဆီမဆိုင် ဖြတ်ဖို့ကြိုးစားခဲ့ပြန်၏။ ဖဲကြိုးနှင့် ကတ်ကြေးကို ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က အချိန်မီ သိမ်းယူလိုက်၍ ဆင်း ရဲသား ပြည်သူတို့ သက်သာရာရ သွားခဲ့လေသည်။
၂ဝ၁၂ ခုနှစ် သြဂုတ် ၁၂ရက်တွင် ကျင်းပခဲ့သော စီမံကိန်းကော်မရှင် ဒုတိယအစည်းအဝေး၌ ကော်မရှင်ဥက္ကဌဖြစ်သော နိုင်ငံတော်သမ္မတကြီးက မြို့ပြနှင့်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ထိထိရောက်ရော်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အခြေခံ လိုအပ်ချက်ဖြစ်သည့် City Plan, Town Plan နှင့် Village Plan များကို ရေးဆွဲရေးနှင့် စပ်လျဉ်း ၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ ၏ City Plan များကိုလေ့လာ ဆွေးနွေး အကောင်အထည်ဖော်ဆောင် ရွက်ကြရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးသည် အခြေခံလိုအပ်ချက် ဖြစ်သကဲ့သို့ အနာဂတ်မြို့ပြများ၏ စနစ်တကျမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် များစွာအရေးပါလာမည်ဖြစ်ကြောင်း ပြောကြားခဲ့၏။
ထို့အပြင် နိုင်ငံတော်သမ္မတကြီးက ကော်မရှင် အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ၂ဝ၁၂ ခုနှစ် ကြဂုတ်လ ၁၈ ရက်က ပြည်သူများ နေရေး ထိုင်ရေးခက်ခဲသည့်အပိုင်း၊ မီးဘေးစိုးရိမ်ရသည့်အပိုင်း၊ မြို့ပြအင်္ဂါရပ်နှင့် မညီညွတ် သသည့်အပိုင်း ကို၂ဝ၁၅ ခုနှစ်မတိုင်မီ နှစ်စဉ်တစ်နှစ်ချင်း ပြည်သူအ ကြား ပြည်သူ့ဆန္ဒနှင့်အညီ သိသိသာသာ တိုးတက်အောင် ပြောင်းလဲဆောင်ရွက်မည့် လတ်တလေ စီမံချက်ဖြင့် အကောင်အထည် ဖော်ရန် လိုအပ်ကြောင်းလည်း ဆွေးနွေးမှာကြားခဲ့ပေသည်။
စာရေးသူအနေဖြင့် သမ္မတကြီး ပြောကြားသကဲ့သို့ ပြည်သူတို့ ၏ နေရေး ထိုင်ရေးခက်ခဲသည့် အပိုင်းကို သိသိသာသာ ပြောင်း လဲ တိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ၏ အိမ်ရာ မူဝါဒ (Housing Policy) လိုအပ်ချက်ရှိကြောင်း ဆွေးနွေး လိုပါသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံဥပဒေပုဒ်မ ၉၆ အရပြည်ထောင်စု ဥပဒေပြုစာရင်း တွင် အိမ်ရာနှင့် အဆောက်အအုံ များ (Housing and Buildings) ပါဝင်သဖြင့် အိမ်ရာမူဝါဒကို ပြည် ထောင်စုအစိုးရကသာ ချမှတ်ပေးနိုင်မည် ဖြစ်ပါသည်။ မူဝါဒလမ်းညွှန်ချက် မရှိဘဲ လတ်တလောဖြစ်စေ၊ ကာလတိုဖြစ်စေ၊ကာလရှည်ဖြစ်စေ လုပ်ငန်းအကောင်အထည် ဖော်မူမှန်သမျှ သည်ရေကြောင်းပြမပါဘဲ သင်္ဘောကို မောင်းနှင်သကဲ့သို့ ခရီးမတွင်နိုင် ပေ။ လမ်းကြောင်းမှား၍ လိုရာ ခရီးမရောက်ဘဲ သောင်တင်သွား လျှင်လည်း ဆုံးရှုံးမှုများ ရင်ဆိုင် ကြုံတွေ့ကြရမည် ဖြစ်ပေသည်။ ထို့အပြင်မူဝါဒ မရှိသော လုပ်ငန်း မှန်သမျှသည် အဂတိလေးပါးနှင့်မကင်းနိုင်သဖြင့် ပြည်သူတို့၏ အကျိုးစီးပွားနှင့် ဓမ္မာသောကဖြစ်လေ့ရှိပေသည်။ ဒီမိုကရေစီ နိုင်ငံ များ၌ အစိုးရသည် ပြည်သူတို့၏ လိုလားချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာကဏ္ဍ၏ လုပ်ငန်းဆိုင်ရာ မူဝါဒအဖြစ် ချမှတ်ပေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အတတ်ပညာ ရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူများ (Stakeholders) အားလုံးက ဝိုင်းဝန်းအကောင်အ ထည်ဖောြ်ကရမည် ဖြစ်ပေသည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခဥံ ပဒေ အခန်း (၁)၊ ပဒု မ် (၃၆)၊ပုဒ်မခွဲ(ဂ)တွင် ''နိုင်ငံတော်သည်အများပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်း မြှင့်တင်ရေးကိုရှေးရှုဆောင်ရွက်မည်''ဟူသောပြဋ္ဌာန်း ချက် ရှိပြီးဖြစ်၏။ ထြ့ိုပင် တစ်ဝ နိုင်ငံတော်သမ္မတကြီးက လည်း အထက်ပါအတိုင်း ပြည်သူ များ နေရေး ထိုင်ရေးခက်ခဲသည့်အပိုင်းကို ပြည်သူ့ဆန္ဒနှင့်အညီတိုးတက်အောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့၏။ သို့ရာတွင် ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တိုင်း ဒေသကြီးအားလုံး တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းမဖြစ်ကြရလေအောင် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းကို ထိန်းညှိပေးမည့် ပြည်ထောင်စုအစိုးရ ၏ အိမ်ရာမူဝါဒမှာ ယခုအချိန်အထိ အထင်အရှားပေါ်ပေါက်လာ ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံ၏ လက်ရှိစီးပွား ရေး အခြေအနေအရ နေရေး ထိုင်ရေး အခက်အခဲရှိသည့် ပြည်သူများအားလုံးအတွက် အိမ်ရာလိုအပ်ချက်ကို တစ်ပြိုင်တည်းဖြည့် ဆည်းပေးရန် မဖြစ်နိုင်သည့်အလျောက် ပြည်ထောင်စုအစိုးရ ၏ အိမ်ရာမူဝါဒဖြင့် ဦးစားပေးမှုကို သတ်မှတ်ပေးနိုင်မည် ဖြစ်ပေသည်။ ယေဘုယျအားဖြင့် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများကဲ့သို့ ဝင်ငွေအလွှာအလိုက် ဝယ်ယူနိုင်စွမ်းရှိသော အိမ်ရာများ (Affordable Housing) ကို ဆောက်လုပ်ကြ ရမည် ဖြစ်သော်လည်း ၂၆ ရာခိုင်နှုန်းသော ဆင်းရဲမွဲတေသူများ အပါအဝင် ဝင်ငွေနည်းသော ပြည်သူများ၏ နေရေးလိုအပ်ချက်ကိုအတိအလင်း ဦးစားပေးသတ် မှတ်၍ ဖြည့်ဆည်းရမည်သာ ဖြစ်ပါသည်။
ှမျက်မှောက်ကာလ နိုင်ငံပိုကဏ္ဍ (Public Sector) မှ ဆောက်လုပ်လျက်ရှိသော လုံးချင်းနေအိမ်များ၊ တိုက်ခန်းများ စသည့်အိမ် ရာစီမံကိန်းများတွင် တန်ဖိုးနည်းအိမ်ရာများ လုံးဝပါဝင်ခြင်း မရှိပေ။ ထို့အပြင် ပွင့်လင်းမြင်သာမှုမရှိသော ဖြည့်ဆည်းမှု အခင်းအကျင်း၌ ပြည်သူ့ကဏ္ဍဖြင့် မွေးဖွား ပေးခဲ့သည့် အိမ်ရာသားသမင်ကို အရေခြုံအိမ်ရာလိုအပ်မှု(Artificial Demand) ကျားဆိုးက ဝါးမျိုဖျက်ဆီးခြင်းလည်း ခံရပြန်၏။ ၁၉၉၈ ခုနှစ်က ရန်ကုန်မြို့တွင် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာနသည် လှိုင်သာယာတွင် ကျန်စစ်သားအိမ်ရာ၊ ဗိုလ်အောင်ကျော်အိမ်ရာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် အောင်ဇေယျအိမ်ရာစသည့် တန်ဖိုးနည်း အိမ်ရာ အိမ်ခန်းပေါင်း၃,ဝဝဝ ခန့် ဆောက်လုပ်ခဲ့ပြီးရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် မြိုင်ဟေဝန်အိမ်ရာ၊ တော်ဝင်အိမ်ရာ စသည့် တန်ဖိုးနည်းအိမ်ရာ အိမ်ခန်း ၁,ဝဝဝခန့် တည်ဆောက်ခဲ့ကြောင်း တွေ့ ရှိရ၏။ တဲပေါ်မှ တိုက်ပေါ်တင် စီ မံကိန်းအရ အဆိုပါ ဌာနအဖွဲ့အစည်းနှစ်ရပ်သည် အိမ်ထောင်စုပေါင်း ၁၅,ဝဝဝ ခန့်ကို တိုက်ခန်းများပေါ်သို့ တင်ပေးနိုင်ခဲ့၏။ ယင်းကာလမတိုင်မီ သုဝဏ္ဏတန် ဖိုးနည်း အိမ်ရာ စီမံကိန်း၊ တောင်ဥက္ကလာပမြင်သာတန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ သာကေတမြင်သာတော်လမ်း ပျဉ်ထောင်သွပ်မိုး တန်ဖိုးနည်း လုံးချင်းအိမ်ရာစီမံကိန်း ၊ သာကေတ သန်လျင်တံတား ၌ အသးုံ ပြုပြီး သစ်သားများကို ပြန် လည်သုံးစွဲသည့် ပျဉ်ထောင်သွပ် မိုးတန်ဖိုးနည်း လုံးချင်းအိမ်ရာ စီမံကိန်း စသည်များကိုလည်း ခေတ်အဆက်ဆက် တည်ဆောက် ခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်၏။ သို့သော် ဒီမိုကရေစီခေတ်သစ် တွင်မူ အဆိုပါ ဌာနနှစ်ခုစလုံးမှဝင်ငွေနည်းပြည်သူများအတွက် မည်သည့် တန်ဖိုးနည်းအိမ်ရာကိုမျှ ဟုတ်တိပတ်တိ တစ်လုံးမျှ မ ဆောက်နိုင်ခဲ့သေးသည်မှာ ပြည် ထောင်စုအစိုးရ၏ အိမ်ရာမူဝါဒ နှင့် တွန်းအားပေးမူ အားနည်း ခြင်းကြောင့် ဖြစ်မည်ဟု ကောက်ချက်ချရန်မှတစ်ပါး အခြားမရှိနိုင်ပေ။
၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၄ရက်ထုတ် မြန်မာအလင်းသတင်း စာ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အိမ်ခန်းပေါင်း ၉,ဝဝဝ ကျော် ကို စည်ပင်ဘဏ်နှင့် အခြားဘဏ်များ၏ ရင်းနှီးမှုဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း သတင်းတစ်ရပ်ပါရှိ၏။ သတင်းစာအရ သင့်တင့်လျောက်ပတ်သော တန်ဖိုးနည်းအိမ်ရာဟု သိရပြီး အချို့သော ဂျာနယ်သတင်း များ၌ ယာဉ်ရပ်နားရန် နေရာ၊ အပန်းဖြေ နေရာ၊ လူနေဆိုင် ခန်းနှင့် စူပါမားကက်များပါဝင်ကြောင်း၊ တစ်ခန်းလျှင် ကျပ်သိန်း၄ဝဝ မှ ၅ဝဝ ခန့်ဟု တန်ဖိုးခန့် မှန်းခြေများ ဖော်ပြကြသည်ကို လည်း တွေ့ရှိပြန်ရာ တန်ဖိုးနည်း အစစ်အမှန် ဖြစ်ပါမည်လောဟု ယုံ ရခက်ခက် ဖြစ်နေလေ၏။ အထူး သဖြင့် ''သင့်တင့်လျောက်ပတ် သော'' တန်ဖိုးနည်း အိမ်ရာစီမံကိန်းဟူသော ဝေါဟာရသစ်ကိုအဓိပ္ပာယ်မည်သို့ ဖွင့်ရမည်နည်း ဟု လည်း စဉ်းစားရခက်နေပြန်၏။
ထို့နောက် တစ်ဖန် ၂ဝ၁၂ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့ ၊ ဒဂုံ (ဆိပ်ကမ်း)မြို့နယ် ရှိ မြေဧက ၂၂ဝ ခန့်တွင် အိမ်ရာ စမီ ကိန်း များကို Precastစနြစ်ဖင့ ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် ငွေကြေးအပြည့်အဝရင်းနှီး၍ ၃ နှစ်အတွင်းပြီးအောင်ဆောင်ရွက်နိုင်သူများထံမှ တင် ဒါ အဆိုပြုလွှာများ ပေးသွင်းရန်ကြော်ငြာချက်ကို တွေ့ရှိပြန်ပါ သည်။ အဆိုပါ ကြော်ငြာတစ်ခု လုံးကို အခေါက်ခေါက်အခါခါ အပြန်ပြန်အလှန်လှန် ဖတ်ကြည့်ရာ '' တန်ဖိုးနည်း" ဟု သော စကာလုံးမှာ လုံးဝမပါရှိကြောင်း တွေ့ရှိရ၏။
အထက်ပါ ကြော်ငြာနှစ်ခုကို ယှဉ်၍ သုံးသပ်ကြည့်သောအခါ ရန်ကုန်မြို့တော်စည်ပင်၏ စီမံကိန်းသည် ''ငွေကိုရင်းမည့် စီမံကိန်း'' ဖြစ်၍ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၏ စီမံကိန်း သည ်'' မြေကိုရင်းမည့် စီမံကန်း '' ဟု ခန့်မှန်းနိုင်ပေသည်။ မည်သည့်စီမံကိန်းဖြစ်စေ ဝင်ငွေနည်း ပြည် သူတို့အတွက် အရစ်ကျငွေပေး သွင်းစနစ်ဖြင့် ဝယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ အစစ်အမှန် မပါဝင်လျှင် ''ရွှေစော်နံပြန်လိုက်ဦး''ဟု ဆိုချင်ပါသည်။
အမှန်အားဖြင့် ရန်ကုန်မြို့တွင် သာမက မန္တလေးမြို့အပါအဝင် ပြည်နယ်တိုင်းဒေသကြီးများရှိ မြို့ကြီး များ ၌ တန်ဖိုးနည်းအရောင်း အိမ်ရာ (Purchasing Flat)) သို့ မဟုတ် အငှားအိမ်ရာ (RentalFlat)များကိုလည်း ဆောက်လုပ်သင့်၏။ အဆိုပါ မြို့ကြီးများတွင် လွတ်လပ်ရေး ရရှိပြီးနောက် လွန် ခဲ့သော အနှစ် ၅ဝ ကျော်က ပြည်တော်သာ စီမံကိန်းအရ ဆောက်လုပ်သည့် အငှားအိမ်ရာ အဟောင်းများကိုသာ အားပြုနေကြရပြီး ဝန်ထမ်းများမှာလည်း ရရှိသော လစာဖြင့် ပြင်ပတွင် အိမ်ငှားနေထိုင်ရန် လုံးဝလက်လှမ်း မမီကြပေ။ ၎င်းတု့ိအတွက် အငှား အိမ်ရာများကို တိုးချဲ့ဆောက်လုပ် ပေးရန် အထူးလိုအပ်လျက်ရှိရာ ပြည်ထောင်စုအစိုးရ၏ အိမ်ရာမူဝါဒတွင် အခြားသော ပြည်နယ် နှင့် တိုင်းဒေသကြီးများအတွက်မလွဲမသွေ ဦးစားပေးရမည့် အိမ် ရာစီမံကိန်းတစ်ရပ်ဖြစ်ကြောင်း လည်း တင်ပြလိုပါသည်။
လူဦးရေ အများဆုံးဖြစ်သောရန်ကုန်မြို့တွင် လက်ရှိလူ ဦးရေငါးသန်းအနက် ဆင်းရဲမွဲတေသူ၂၆ ရာခိုင်နှုန်းမှာ လူဦးရေ ၁၃ သန်းဖြစ်၏ ။ ၂ဝ၁၅ ခုနှစ်တွင်၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရန်အ တွက် ဆင်းရဲမွဲတေသူ ၁ဝ ရာခိုင်နှုန်းအား နေရေးဆင်းရဲမှုမှ ၂ နှစ်အတွင်း လွတ်မြောက်အောင် ဆောြင်ကဉ်း ပေးနိုင်ရန်လိုအပ်ပါသည်။
အဆိုပါ ၁ဝ ရာခိုင်နှုန်း သည် လူဦးရေး ငါးသိန်းဖြစ် ပျမ်းမျှ အိမ်ထောင်စုအရွယ်အစား ( Family Size ) ကို တစ်အိမ် လျှင် လူငါးဦးနှုန်းဖြင့် အိမ် ထောင်စု တစ်သိန်းအတွက် တန်ဖိုးနည်းအိမ်ရာ တစ်သိန်းတိတိလိုအပ်မည်ဖြစ်ပါသည်။ နှစ်စဉ်လူဦးရေတိုးပွားမှုအရ အိမ်ရာလိုအပ်ချက်ကလည်း ၃ဝ,ဝဝဝ ခန့်ရှိ နေပြန်သေးရာ စာရေးသူတို့ နိုင်ငံတွင် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေး ကို မလွဲမသွေ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်နှင့် ထိုကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် လုပ် ငန်းလမ်းညွှန်ဖြစ်သော အိမ်ရာမူ ဝါဒကို ပြည်ထောင်စုအစိုးရ က မြန်ဆုံးချမှတ်ပြီး တန်ဖိုးနည်းအိမ်ရာကိုလည်း မူဝါဒအရ အတိအလင်း ဦးစားပေးသတ်မှတ်အ ကောင်အထည်ဖော်ရန် လိုအပ်ကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။
အထူးသဖြင့် ၁၂-၁၂-၂ဝ၁၂ နေ့ထုတ် မြန်မာ့အလင်း သတင်းစာသတင်းတစ်ပုဒ်အရ ဘရာဇီးနိုင်ငံတွင် ဝင်ငွေနည်း သော မိသားစုများ အတွက် ၂ဝ၁၄ ခုနှစ်မတိုင်မီ ၂ နှစ်အတွင်း တန် ဖိုးနည်းအိမ်ရာ သုံးသန်းတိတိ ဆောက်လုပ်မည်ဟူသော မင်္ဂလာ သတင်းကို သမ္မတကိုယ်တိုင် အသံလွှင့်ကြေညာသကဲ့သို့ စာရေး သူတို့၏ နိုင်ငံတွင်လည်း ဒီမိုကရေစီခေတ်သစ်၌ ခတ်ကွင်းပြင်ကာလ ၂ နှစ်အလွန် နောင်လာမည့် ၂နှစ်အတွင်း ဘရာဇီးထက် အဆတစ်ရာလျှော့၍ တန်ဖိုးနည်းအိမ် ရာ ၃ဝ,ဝဝဝ ခန့်ပင်ဖြစ်စေ၊ ထို့ထက်ပို၍ ဖြစ်စေ ဆောက်လုပ် မည်ဖြစ်ကြောင်း သမ္မတ ကြီးကိုယ် တိုင် ပြည်ထောင်စုအစိုးရ အိမ်ရာ မူဝါဒနှင့်တကွ ကြေညာနိုင်ပါက ပြည်သူအပေါင်းတို့ အတိုင်းအထက်အလွန် ရွှင်မြူးအားရ ကြို ဆိုမည်ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသတည်း။
Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ