By နွယ်, Shweproperty.com
Updated at 13 September 2019
အိမ်ခြံမြေဝန်ဆောင်မှု အတည်ပြုထားတဲ့ ဥပဒေကြမ်းပေါ်ထွက်လာရင် အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အိမ်ခြံမြေအကျိုးဆောင်တိုင်း တစ်နှစ်အတွင်း ယာယီလိုင်စင်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင် အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) မှသိရပါတယ်။
ဥပဒေကြမ်းမှာတော့ တစ်နှစ်အတွင်း မှတ်ပုံတင်ရမယ်၊ ယာယီလိုင်စင် သုးံနှစ်ပေးမယ်၊ အဲ့ဒီသုးံနှစ်အတွင်းမှာတော့သင်တန်းတက်ရမယ် ပြီးရင်တော့လိုင်စင်ပြောင်းလျောက်နိုင်မှာပါ။ ဥပဒေကြမ်းမှာပါတာတော့ လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ရင် ကျပ်သိန်း ၃၀ နဲ့ ထောင်ဒဏ် ၆ လကျခံရမှာဖြစ်တယ်၊ ဒါကဥပပေကြမ်းဆိုတော့ အတိအကျတော့မမှန်သေးဘူးလို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ရဲ့ဥက္ကဌ ဦးတင်မောင်ကပြောကြားခဲ့ပါတယ်။ ဒီအကြောင်းအရာကိုတော့ စက်တင်ဘာလ ၇ရက်နေ့က Royal Garden Restaurant မှာကျင်းပတဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဘဲဖြစ်ပါတယ်။
လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီကနေ ဒါကိုအချောသပ်ပြီး တင်လိုက်တဲ့အချိန်ကျမှ လွှတ်တော်ကမဲခွဲဆုးံဖြတ်ပြီး အတည်ပြုမှာဖြစ်ပါတယ်။ ဥပဒေဆိုတာ နိုင်ငံတော်၊ နိုင်ငံသား၊ အကျိုးဆောင်တွေအားလုးံ ခြုံလွှမ်းစေဖို့၊ ကိုယ်စားပြုနိုင်ဖို့၊ မျှတမှုရှိစေဖို့အတွက်သာဖြစ်တယ်။ အသင်းဝင်တွေ၊ အိမ်ခြံမြေလောကသားတွေ၊ အများပြည်သူတွေ စိုးရိမ်ပူပန်မှုမရှိဖို့လိုတယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့တာဘဲဖြစ်ပါတယ်။
Written By : နွယ် (ShweProperty.com)
Photo Credit : Firsttuesday
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ