By 7daydaily, Shweproperty.com
Updated at 13 November 2015
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတွင် ကန် ထရိုက်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင် စင်နှင့် အင်ဂျင်နီယာ လုပ်ငန်း ဆောင်ရွက်ခွင့်လိုင်စင်ရယူထား သူများတွင် စည်းကမ်းဖောက် ဖျက်သူများရှိနေသေး၍ ထပ်မံအ ရေးယူသွားမည်ဟု အင်ဂျင်နီယာ နှင့် အဆောက်အအုံ ဌာနမှ သ တင်းရရှိသည်။
စည်းကမ်းဖောက်ဖျက်သူ ၂၁ ဦးကို နိုဝင်ဘာ ပထမပတ်က အမည်ပျက်စာရင်းသွင်း၍ အရေး ယူူခဲ့သည်။
‘‘လက်ရှိ အရေးယူထားတဲ့ ကုမ္ပဏီတွေမှာ သူတို့ရဲ့ပြစ်ဒဏ် တွေက ထပ်ရှိလာနိုင်သလိုတခြား ကန်ထရိုက်တာတွေမှာလည်း ရှိ လာနိုင်ပါတယ်။ ဒါကြောင့် အရှိန် မြှင့်အရေးယူသွားမှာပါ’’ဟု အင် ဂျင်နီယာနှင့်အဆောက်အအုံဌာ နမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ရာသက်ပန် လိုင်စင်ပိတ် သိမ်းခြင်း ခံရသူ အများစုတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အဓိက ပါဝင်ပြီး Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကဲ့သို့နာမည်ကြီးလုပ် ငန်းရှင်များလည်း ပါဝင်ကာ အ များစုမှာ မြေရှင်၏တရားစွဲဆိုခြင်း ခံထားရသည့်လုပ်ငန်းရှင်များဖြစ် သည်။
အဆိုပါ လုပ်ငန်းရှင်များ သည် စည်ပင်မှ သတ်မှတ်ထား သည့် စည်းကမ်းချက်များကို မ လိုက်နာခြင်း၊ လူနေထိုင်ခွင့်ပါမစ်များကို တင်ပြမှု မရှိခြင်းတို့ ကြောင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းပေးတိုင်ကြားမှု များကြောင့် ကနဦးအဆင့်အနေ ဖြင့် သတိပေးခြင်းများ ပြုလုပ်ခဲ့ သော်လည်း ဒုတိယ အဆင့်တွင် ထပ်မံပျက်ကွက်သဖြင့် အရေးယူ ခံရခြင်းဖြစ်ကြောင်း အင်ဂျင်နီယာ နှင့် အဆောက်အအုံတာဝန်ရှိသူ တစ်ဦးက ပြောသည်။
အင်ဂျင်နီယာလိုင်စင်ပိတ် သိမ်းခံရသူများထဲတွင် ပြည်ပ၌ နေထိုင်သူလေးဦးပါဝင်ပြီး ၎င်းတို့ ၏တံဆိပ်တုံးများအား မြန်မာနိုင်ငံ တွင် အလွဲသုံးစားပြုလုပ်နေသူ များလည်း ရှိသည်ဟုု ကြားသိရ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ကန်ထရိုက် လုပ်ငန်းများ အေးစက်နေခြင်း၊ ကြိုပွိုင့်တိုက်ခန်းများ အရောင်း အဝယ်ကျဆင်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ လိုင်စင်ပိတ်သိမ်းခံရ နိုင်သည့်ကန်ထရိုက်တာများထပ် မံရှိနိုင်သေးကြောင်း ၎င်းက ဆို သည်။
Ref : 7daydaily
Photo Credit : Construction.org
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ