By 7day Daily, Shweproperty.com
Updated at 31 January 2019
လူနေအိမ်ရာများ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာ များနှင့် နိုင်ငံတကာကျောင်း များပါဝင်မည့် ရေတံခွန်တောင်စီး တီးဂေါက်ကွင်းအိမ်ရာစီမံကိန်း ကို မန္တလေးမြို့အနီး မြေဧက ၅၀၀ ပေါ်တွင် အကောင်အထည် ဖော်မည်ဟု ဖွံ့ဖြိုးသစ်ကုမ္ပဏီ ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးသက်လွင်ရွှေက ပြောသည်။
အဆိုပါစီမံကိန်းသည် မန္တ လေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေ တံခွန်တောင်အနီး တည်ရှိပြီး မန္တလေးမြို့နှင့် လေးမိုင်အကွာ တွင်တည်ရှိသည်။ ယင်းစီမံကိန်း တွင် အိမ်ရာစီမံကိန်းသုံးခုပါဝင် ပြီး စီမံကိန်းတစ်ခုလျှင် အိမ်အ လုံး ၈၀ ကျော်ပါဝင်မည်ဖြစ်သည်။ ထို့အပြင် ငါးထပ်မှ ရှစ်ထပ်အထိ မြင့်သော ကွန်ဒို ၁၂ လုံးတည် ဆောက်မည်ဖြစ်ပြီး ကွန်ဒိုအခန်း ၆၀၀ ကျော်ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘ဒီနေရာက လေထုညစ် ညမ်းမှုမရှိသလို သဘာဝပတ် ဝန်းကျင်ကို သဘာဝအတိုင်းခံစား နိုင်ဖို့ တောအုပ်ထဲမှာ မြို့ငယ် တစ်ခုပုံစံတည်ဆောက်ထားတာ ပါ။ ဒါ့အပြင် စီမံကိန်းထဲမှာပါတဲ့ ဒေသခံပြည်သူများရဲ့ အလုပ်အ ကိုင်၊ အခွင့်အလမ်းနဲ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှုများအတွက် လည်း ကောင်းမွန်လာမှာပါ’’ ဟု ဦးသက်လွင်ရွှေက ပြောသည်။
ယင်းစီမံကိန်းအတွက် လို အပ်သည့် Master Plan (ပင်မ စီမံကိန်း)ကို ပြင်သစ်ဗိသုကာ ကုမ္ပဏီ Archetype Architect Group က ဆောင်ရွက်ခြင်းဖြစ် ပြီး လိုအပ်သည့်စီမံခန့်ခွဲမှုများ အတွက် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်ကို စီမံခန့်ခွဲပေးနေသည့် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ MAA အား ငှားရမ်းထားသည်။ အိမ်ရာ များဆောက်လုပ်ရန် တရုတ်နိုင်ငံ မှ CSCEC ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းကို အဆင့် သုံးဆင့်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ပြီးပထမ ဆုံးအဆင့်အနေဖြင့် အိမ်ရာစီမံ ကိန်းများကို ကနဦးအကောင်အ ထည်ဖော်မည်ဖြစ်ကာ ဇန်နဝါရီ ၂၉ ရက်ကစ၍ ပေ ၆၀ ပတ်လည် မြေကွက်များကို တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းနှုန်းဖြင့်ရောင်းချနေကြောင်း ၎င်းက ပြောကြားသည်။ဖွံ့ဖြိုးသစ်ကုမ္ပဏီသည်နှစ် ရှည်စီမံကိန်းဖြစ်သော ရေတံခွန် တောင်စီးတီးစီမံကိန်းကို ဇန်နဝါ ရီ ၂၉ ရက်တွင် မိတ်ဆက်ခဲ့ပြီး စီမံကိန်းနှင့် ပတ်သက်သည့်အချက်အလက်များ ထုတ်ပြန် သော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။
Ref & Photo Credit : 7day Daily
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ