By Kumudra, Shweproperty.com
Updated at 8 April 2019
နေအိမ်နဲ့ တိုက်ခန်း တွေကိုနေထိုင်ဖို့အတွက် ငှားရမ်းကြရာမှာ ဈေးနှုန်းသက်သာတဲ့နေရာနဲ့ အထပ်မြင့်တွေကို ပိုမိုငှားရမ်းနေထိုင်လာကြတယ်လို့ သိရပါတယ်။
သာကေတမြို့နယ် အနော် မာရပ်ကွက် အိမ်ငှားလုပ်ကိုင်သူ မသီတာက “နယ်ကလာတဲ့ သူအ များစုက မိသားစုဝင်ငွေနဲ့ တွက်ချက်ပြီးဈေးနည်းတဲ့ ရပ်ကွက်တွေ ပိုငှားဖြစ်တယ်၊ အများစုက နှစ်သိန်းဝန်းကျင်လောက်အထိပဲ ငှားတာများတယ်၊သုံးသိန်း၊ လေးသိန်း ဆို သူတို့ဝင်ငွေနဲ့ အိမ်ငှားနေစရိတ်များလို့ မငှားဖြစ်ဘူး၊ ဒါကြောင့် သာကေတ၊ တာမွေဘက်တွေ ဈေးသိပ်မများတာကြောင့် အငှား ပိုများတာမျိုး တွေ့ရတယ်”လို့ ပြောပါတယ်။
သာကေတမြို့နယ် မှာက နယ်ကလာသူတွေအများစုငှားဖြစ်ကြ ပြီးဈေးနှုန်းကလည်း အသင့်အတင့် ရှိတယ်။ သာကေတမြို့နယ်အနော်မာရပ်ကွက်၊ ဒေါပုံ၊သင်္ဘောကျင်းဘက်တွေမှာ နေရာဒေသအလိုက် အငှားဈေးနှုန်းမှာ တစ်သိန်းကနေ သုံးသိန်းကျော် ကျော်လောက်သာ အငှားဈေးရှိ နေပါတယ်။ သာကေတ အနော်မာရပ်ကွက်မှာ လုံးချင်းအိမ်အငှား တွေရော တိုက်ခန်းအငှားတွေပါ နှစ်မျိုးလုံး အငှားဖြစ်ကြ တာကို တွေ့ရပါတယ်။ လုံးချင်းအိမ် အငှားဈေးနှုန်းမှာ နှစ်သိန်း၊ နှစ်သိန်း ခွဲ၊ တိုက်ခန်းတွေမှာ ၁၅ ပေ x ပေ ၆၀ အကျယ်တွေဆို မြေညီ ထပ်ကို သုံးသိန်းကျော်၊ အထပ်မြင့် အလိုက် ကွာခြားပြီး နှစ်သိန်းဝန်း ကျင်လောက်သာ ရှိပါတယ်။ အငှားအများစုမှာ နယ်ကလာပြီး ပန်းထိမ်လုပ်သူတွေ အငှားပိုများတာကို တွေ့ရတယ်လို့ သာကေတမြို့နယ်မှာနေထိုင်သူ မသီသီ က ပြောပါတယ်။
ဒါ့အပြင် ဒေါပုံ သင်္ဘောကျင်း ရပ်ကွက်တွေမှာ အငှားဈေးနှုန်းတွေက တစ်သိန်းကျော်လောက် ကစပြီး ရှိပါတယ်။ တချို့အခန်းတွေဆို စပေါ်သိန်း ၂၀ တင်ရင် ကျပ် ၉၀,ဝဝဝ၊ စပေါ်သိန်း ၃၀ တင်ရင် ကျပ် ၈၀,ဝဝဝ၊ တစ်သိန်း စတဲ့ ဈေးနှုန်းအနေအထားရှိ ပြီး အငှား ဖြစ်နေတာကို တွေ့ရပါတယ်။
တာမွေမြို့နယ် တစ်ဝိုက်မှာ တာမွေဈေးဝန်းကျင်၊ ယုဇနပလာ ဇာဝန်းကျင်တွေမှာ အဆောင်စု ငှားနေသူတွေ များနေပါတယ်။ တစ်သိန်းခွဲဝန်းကျင်အခန်းလေး တွေကိုငှားပြီး သူငယ်ချင်း လေးယောက်၊ ငါးယောက် စုပြီးနေထိုင် ကြတာတွေရှိပါတယ်။ ဒါ့အပြင် ဈေးအနီးတစ်ဝိုက်မှာ ဈေးသွား လာရ အဆင်ပြေတာကြောင့် အငှား ပိုဖြစ်ပြီး စုငှားတွေ ပိုဖြစ်နေကြ တာကို တွေ့ရပါတယ်။
ဒဂုံမြို့နယ်
ဒဂုံမြို့သစ် အရှေ့၊ တောင်၊ မြောက်၊ ဆိပ်ကမ်းဘက်မှာဆို အငှားဈေးနှုန်းက ကောင်းနေပါ တယ်။ မြောက်ဒဂုံဘက်မှာဆို လူနေထိုင်ဖို့၊ စီးပွားရေးလုပ်ကိုင်ဖို့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ အငှားဖြစ် နေပါတယ်။ ဒဂုံတောင်ပိုင်းမှာ လည်း အလုပ်သမားတွေ ပေါများတာကြောင့် နှစ်ထပ်အိမ်တွေ ဆောက်ကာ အခန်းလေးတွေဖွဲ့ပြီး အငှားဖြစ်နေတာ တွေ့ရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ