By မေစုကြည်, Shweproperty.com
Updated at 12 May 2014
နေပြည်တော်၊ မတ် ၂၈ - နေပြည်တော်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် ချေးငွေထုတ်ချေးပေးဖို့ အဆင်သင့် ဖြစ်နေပေမဲ့ အိမ်ရာဝယ်ယူမယ့် စီမံကိန်း တွေအတွက်တော့ အချိန်ယူပြင်ဆင်စရာ တွေ ရှိနေသေးတယ်လို့ သိရပါတယ်။
“Short term ဖြစ်တဲ့ ဆောက်လုပ်ရေး ပရောဂျက် တစ်ခုကသုံးနှစ်လောက်ကြာ မယ်ဆိုရင် ချေးငွေသက်တမ်းက သုံးနှစ်ပဲ ကြာမယ်၊ အဲဒါကိုကျတော့ မြန်မြန်လုပ် ပေးနိုင်မှာဖြစ်ပေမဲ့ အိမ်ရာဝယ်တဲ့ချေးငွေ ကျတော့ long term ဖြစ်တဲ့အခါမှာ တိုင်း ပြည်မှာရှိတဲ့ ပြည်သူရဲ့ဝင်ငွေက တစ် ယောက်နဲ့တစ်ယောက်မတူကြဘူး၊ တချို့ က အလုပ်အကိုင်ကောင်းလို့ ဝင်ငွေကောင်းတယ်ဆိုရင် ခြောက်နှစ်လောက် အတွင်း ပြန်ဆပ်နိုင်ပေမဲ့ ဝင်ငွေအရမ်း နည်းတဲ့သူတွေကျတော့ နှစ် ၃၀ လောက် နဲ့ ချေးပေးမှ အိမ်ပိုင်ရာပိုင်နဲ့ နေနိုင်မှာဖြစ် တယ်၊ ဒါတွေကို ချေးဖို့ဆိုရင် နှစ်ရှည်ချေး ငွေတွေရဖို့ လိုအပ်တယ်၊ ဆောက်လုပ် ရေးချေးငွေအတွက် လျှောက်လွှာများ စတင်လက်ခံနေ ပါပြီ”လို့ ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ရှင်းပြပါတယ်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က ရန်ကုန်မှာ ဘဏ်နှစ်ခုနဲ့ နေပြည်တော်မှာ တစ်ခု ဖွင့်လှစ်ထားပြီး ယခု ဘဏ္ဍာနှစ်အတွင်းမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဘဏ် ကိုးခု တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်ထားကာ လာမယ့် မေလအတွင်းမှာတော့ မန္တလေးမြို့မှာဖွင့်လှစ်မယ်လို့ သိရ ပါတယ်။
”ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ဒီဘဏ်တွေကို ဖွင့်တာဖြစ်တယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရှယ်ယာ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ ရှယ်ယာ ဒီနှစ်ခုပေါင်းလိုက်ပြီး founder အနေ နဲ့ လုပ်ခဲ့တာပါ၊ အခုအရှိန်ရလာပြီဖြစ်တဲ့ အတွက် အများပြည်သူလဲပါဝင်လာနိုင်အောင်လို့ မကြာခင်မှာ ရှယ်ယာထုတ် ရောင်းမှာ ဖြစ်တယ်၊ ရှယ်ယာတစ်စောင် ကို ၁၀,ဝဝဝ နဲ့ ရောင်းပါမယ်၊
ရှယ်ယာတွေထုတ်မရောင်းခင်မှာ ရှယ် ယာဝယ်တဲ့သူ တွေက ဘဏ်ရဲ့ သဘောထားက ဘယ်လို ရှိတယ်၊ ဘဏ်တွေ ရင်းနှီးမြှုပ်နှံမှုက ဘယ် လိုပုံစံရှိတယ်ဆိုတာကို ထုတ်ပြန်ပေးမှာ ဖြစ်တယ်”လို့ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောပါတယ်။
”နေပြည်တော်မှရှိတဲ့ အိုးအိမ်ဝယ်ယူချင်တဲ့သူတွေကို ထုတ်ချေးပေးဖို့ အစီအစဉ်ရှိပါတယ်၊ ရန်ကုန်မှာဆိုရင် ရွှေလင်ပန်း အိမ်ရာစီမံကိန်းအတွက် အရစ်ကျဘယ်လိုဝယ်မလဲ၊ ငွေဘယ်လိုသွင်းမလဲဆိုတာ လုပ်ဆောင်ဖို့ အိုးအိမ်နဲ့ ညှိနှိုင်းပြီးပါပြီ၊ အိမ်ခန်းဝယ်ယူခွင့်ကတော့ ကျွန်တော်တို့ နဲ့ မဆိုင်ပါဘူး၊ အိုးအိမ်နဲ့ဆိုင်ပါတယ်၊ အိုးအိမ်ကဝယ်ခွင့်ရလို့ ကျွန်တော်တို့ဆီလာ ပြီး ဘဏ်ချေးငွေလိုချင်ပါတယ်ဆိုရင် အိုးအိမ်က တာဝန်ယူမယ်၊ ထောက်ခံမယ်ဆို ရင် ထုတ်ချေးပေးမှာပါ၊ အိုးအိမ်နဲ့ ကျွန် တော်တို့ကြားမှာလဲ နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုမှုတွေလုပ်ထားပြီးသလို အိုးအိမ်နဲ့ အိမ်ဝယ်သူကြားမှာလဲ လုပ် ဆောင် ထားပါပြီ”လို့ ဦးသိန်းဇော်က ဆိုပါတယ်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က ဆောက်လုပ်ရေးချေးငွေတွေကို ဆောက်လုပ်ရေးကုမ္မဏီတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ မိမိပိုင်မြေပေါ်မှာ အထပ်မြင့်အိမ်ရာဆောက်လိုတဲ့ မြေပိုင်ရှင်တွေ၊ မိမိပိုင်မြေပေါ်မှာ လုံးချင်းအိမ် ဆောက်လုပ်လိုတဲ့ မြေပိုင်ရှင်တွေ၊လုံး ချင်းအိမ်ဝယ်လိုသူတွေ၊ ကွန်ဒို ၊ တိုက်ခန်း ဝယ်လိုသူတေ∑ကို ချေးငွေထုတ်ချေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref : Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ