By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 13 March 2020
ပြည်တွင်းဘဏ်အတိုးနှုန်းများကို သုညဒသမ (၅)ရာခိုင်နှုန်းထိ လျော့ချလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မတ်လ(၁၂)ရက်နေ့ က ထုတ်ပြန်လိုက်ပါတယ်။
အပ်ငွေအပေါ်ဘဏ်တွေက ပေးတဲ့ အတိုးနှုန်းနဲ့ ချေးငွေအပေါ်တောင်းခံနိုင်တဲ့ အတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်း ကို (၇.၅)ရာခိုင်နှုန်း၊ ထုတ်ချေးတဲ့ ချေးငွေအတွက် (၁၂.၅)ရာခိုင်နှုန်းဆိုပြီး ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါ တယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ ရည်ရွယ်ပြီး အတိုးနှုန်းတွေ လျော့ချလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
COVID – 19 ကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများစီးပွားရေး ကြပ်တည်းမှုတွေ လျော့ချဖို့ အင်အားကြီးနိုင်ငံတော်တော်များများက ငွေကြေးမူဝါဒပြောင်းလဲမှုတွေ ပြုလုပ်ကြပါတယ်။ မတ်လ ပထမပတ်မှာ ပဲ အမေရိကန်ဗဟိုဘဏ်ဟာ ဘဏ်အတိုးနှုန်း သုညဒသမ (၅) ရာခိုင်နှုန်းလျော့ချလိုက်ကြောင်း ကြေညာလိုက် သလို အင်္ဂလန်ဗဟိုဘဏ်မှလည်း အတိုးနှုန်း (၀.၇၅)ရာခိုင်နှုန်းကနေ (၀.၂၅)ရာခိုင်နှုန်းထိ လျော့ချလိုက်တယ် လို့ သိရပါတယ်။
လက်ရှိကောက်ခံနေတဲ့ အတိုးနှုန်းပုံစံကတော့ အပ်ငွေအပေါ် (၈)ရာခိုင်နှုန်း၊ ထုတ်ချေးငွေအပေါ် (၁၃)ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဆိုပါအတိုးနှုန်းထား အသစ်ဟာ ဧပြီလ(၁)ရက်နေ့မှာ စတင်အကျုံး ဝင်မှာပဲ ဖြစ်ပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : RFA
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ