By Yangon Times, Shweproperty.com
Updated at 22 August 2016
ယခုအပတ် အတွင်းမြင့်တက်လာနေသော အမေရိကန်ဒေါ်လာငွေလဲနှုန်း ပြင်ပဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၂ဝဝ ဝန်းကျင်သို့ ရောက်ရှိနေကြောင်း ငွေကြေးဈေးကွက်လေ့လာသူ များထံမှသိရသည်။ သြဂုတ် ၁၂ ရက်က ပြင်ပ ဈေးကွက်တွင် အမေရိကန်တစ်ဒေါ် လာလျှင် ၁၁၉၂ ကျပ် ဝန်းကျင်မှ လက်ရှိ သြဂုတ် ၁၉ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၂ဝဝ သို့ ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးကျော်ဝင်းက ''ဒီတစ်ပတ်ဒေါ်လာငွေလဲနှုန်းက ဗဟိုဘဏ်နှုန်းလည်း မြင့်လာသလို ပြင်ပဈေးကွက်မှာ လည်းတက်လာ တယ်''ဟု သြဂုတ် ၁၉ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ သြဂုတ်လ ၁၂ ရက်က အမေရိကန်တစ်ဒေါ်လာ လျှင် မြန်မာငွေ ၁၁၈၇ ကျပ်မှ လက်ရှိ သြဂုတ်လ ၁၉ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁၂ဝဝ သို့ မြင့်တက်ခဲ့ကြောင်းသိရသည်။ စီးပွားရေးပညာရှင် ဦးတင်သန်းဦးက ''လက်ရှိတိုင်းပြည်မှာ ဘတ်ဂျက်လိုငွေပြလို့ ကြေညာခဲ့တယ်။ အစိုးရ တွေအနေနဲ့ ဘတ်ဂျက်လိုငွေပြမှုကို စက္ကူအသစ်ထုတ် ပြီး ဖြေရှင်းနိုင်သ လိုအခွန်တွေတိုးကောက်တာမျိုးလုပ် လေ့ရှိပါတယ်။ အဲဒီနောက်ဆက် တွဲ အနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းက မြင့်တက်လာတယ်။ ဒေါ်လာဈေးကလည်း ဈေးကွက်မှာ တကယ်လိုအပ်ချက်မြင့်လို့ ဈေး တက်တာလား။ ဈေး ကစားလို့ ဈေးတက်လာတာလားဆိုတာကို အစိုးရအနေနဲ့စုံစမ်းဖော် ထုတ်ဖို့လိုပါတယ်။ ရောင်းလိုအား၊ ဝယ်လိုအားအပေါ် မူတည်ပြီးတော့ပဲ ဈေးနှုန်းအတက်၊ အကျဖြစ်သင့်ပါတယ်။ အဲဒါကို စီးပွားရေးပညာ အရ သုတေသနလုပ်ပြီး စုံစမ်းဖော်ထုတ်ရမှာ အစိုးရတွေရဲ့တာဝန်ပါ။ အစိုးရသစ် ရဲ့ စီးပွားရေးမူဝါဒနဲ့အညီ ဆောင်ရွက်ဖို့ ရင်းနှီးမြှုပ်နှံသူတွေ အကြားမှာ စောင့်ကြည့်နေတဲ့အနေအထားမျိုးမှာ တခြား ရင်းနှီးမြှုပ်နှံ နိုင်တဲ့ကဏ္ဍတွေ အားမကောင်းတဲ့ အတွက်ဒေါ်လာဘက်ကို လှည့်လာလို့ ဒေါ်လာဈေးတက်လာတာလား ဆိုတာတော့ စဉ်းစားစရာရှိပါတယ်။ အဲဒါကို မဖော်ထုတ် ဘဲ ဗဟိုဘဏ်အနေနဲ့ ဈေးကွက် တိုင်း သွားနေမယ် ဆိုရင် ဒေါ်လာဈေးအကျ ဘက်ကို ပြန်ရောက်ဖို့တော့ မမြင်သေးပါဘူး'' ဟုဆိုသည်။ လက်ရှိ သြဂုတ် ၁၉ ရက် ပြင်ပဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၁၉၇ ကျပ်၊ ရောင်းဈေးကျပ် ၁၂ဝဝ ပုဂ္ဂလိ ကဘဏ်များတွင် အမေရိကန် တစ် ဒေါ်လာလျှင်ဝယ်ဈေး ၁၁၉၄ ကျပ်၊ ရောင်းဈေး ၁၁၉၈ ကျပ်ဝန်းကျင် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။
Ref & Photo Credit : Yangon Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ