By Myanmar Time, Shweproperty.com
Updated at 14 July 2017
လက်ရှိ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများကို မူရင်းရောင်းဈေး၏ ငါးရာခိုင်နှုန်း လျှော့ပေးမည့်အပြင် ဝယ်ယူသူများအတွက် ဘဏ်များနှင့် ချိတ် ဆက်ကာနှစ်ရှည် အရစ်ကျစနစ်များ၊ နှစ်နှစ် အရစ်ကျ အတိုးမဲ့ငွေချေ စနစ် များဖြင့် ပေးချေဝယ်ယူနိုင်မည့် Garden CityApartment Complex ကိုစတင် အကောင်အထည်ဖော်နေကြောင်း အဆိုပါ စီမံကိန်းဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောသည်။
မြေအကျယ် ၅ ဒသမ ၅၃၃ ဧကပေါ်တွင် ကျပ် ၃၉ဘီလျံ ရင်းနှီးမတည်သွား မည့် အဆိုပါစီမံကိန်းကို နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီ၏ ကုမ္ပ ဏီတစ်ခုဖြစ်သော Mandalay Garden City ဆောက်လုပ်ရေးကုမ္ပဏီမှ လာမည့် နှစ်နှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးဇင် မင်းဆွေက ပြောသည်။
''လာမယ့် ဇူလိုင် ၁၆ ရက်မှာ ပန္နက်တင်ပြီး ၂ဝ၁၉ခုနှစ်၊ ဇူလိုင်မှာ အပြီး တည်ဆောက်သွားပါမယ်။ မန္တလေးမှာ အစိုးရက အကောင်အထည်ဖော်ပေး တဲ့ တန်ဖိုးနည်းအိမ်ရာတွေရှိတယ်။ တစ်ဖက်မှာ တန်ဖိုးမြင့်တဲ့ အိမ်ရာတွေ ရှိတယ်။ ဒီနှစ်ခုကြားထဲမှာ လိုအပ်ချက်ဖြစ်နေတဲ့ ဈေးနှုန်းသင့်တင့်တဲ့ အ လယ်အလတ်တန်းစား အိမ်ရာတွေကို ခေတ်နဲ့အညီ နေထိုင်မှု ပုံစံအသစ် တစ်ခုကို ဖော်ဆောင်ပြီး မြို့ရဲ့ဂုဏ်ကို တစ်ဖက်တစ်လမ်းက မြှင့်တင်ဖို့ ရည် ရွယ်ချက်နဲ့ အကောင်အထည်ဖော်တာပါ။ ဒီအိမ်ရာမှာ Facility Management Team ထားရှိပြီး အိမ်ရာလိုအပ်ချက်တွေကို အမြဲပြုပြင် ထိန်း သိမ်းသွားမှာကြောင့် မိသားစုအတွက် နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်း ရရှိစေမှာဖြစ်ပါတယ်'' ဟု ဦးဇင်မင်းဆွေက ယခုလ ၁၁ ရက်တွင် ပြောသည်။
စီမံကိန်းမှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းအနီး၊ မန္တေ လးမြို့အဝင် ၇၄ လမ်း ခြောက်လမ်းသွားလမ်းမကြီးအနီး၊ မန္တလေးစက်မှု ထုတ်ကုန် ကုန်သွယ်ရေးစင်တာ စီမံကိန်းအတွင်း တည်ရှိကာ မြေအောက် ထပ် အပါအဝင် ကိုးထပ်ပါ အဆောက်အအုံ ၁၅ လုံး တည်ဆောက်သွားမည်ဖြစ်သည်။ အခန်းအရေအတွက်ပေါင်း၆၉ဝ၊ ဓာတ်လှေကား ၄၅ စင်းပါရှိကာ အိပ်ခန်းနှစ်ခန်းပါ ၆ဝ၅ စတုရန်းပေရှိ အခန်းပေါင်း ၄၂ဝ၊ အိပ်ခန်းသုံးခန်းပါ ၉၂၅ စတုရန်းပေရှိ အခန်းပေါင်း ၂၄ဝ၊ အိပ်ခန်းသုံးခန်းပါ ၁,၂၁ဝ စတုရန်းပေရှိ Pent House အခန်းပေါင်း ၃ဝ ပါဝင်မည်ဖြစ်ပြီး ကလေးကစားကွင်း နှင့် ပန်းခြံ၊ အားကစားခန်းမ၊ စီးတီးမတ်အပါအဝင် စတိုးဆိုင်များ၊ စားသောက် ဆိုင်တန်းနှင့် အခြား အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း ဦး ဇင်မင်းဆွေက ပြောသည်။
မြေညီထပ်ခန်းများကို ရောင်းချမည်မဟုတ်ပဲ အိမ်ရာတွင် နေထိုင်သူများကို ဦးစားပေးပြီး သင်တန်းများ၊ ဆံပင်ညှပ်ဆိုင်၊ ဖက်ရှင်ဆိုင်၊ ဆေးခန်း၊ ကုန်စုံ ဆိုင်၊ ဖုန်းဆိုင်၊ စားသောက်ဆိုင် စသော လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြန် လည် ငှားရမ်းပေးသွားမည်ဟု ပြောသည်။
''ရောင်းချရာမှာ လက်ငင်းငွေချေစနစ်၊ ပုံမှန် (၂) နှစ် အရစ်ကျ အတိုးမဲ့ စ နစ်၊ နှစ်ရှည်အရစ်ကျစနစ်တွေနဲ့ ငွေပေးချေနိုင်မှာပါ။ နှစ်ရှည်ငွေပေးချေစနစ်အတွက် KBZ, Shwe, AYA, MAB, CB ဘဏ်တွေနဲ့ ချိတ်ဆက်ပေးထား တယ်။ အထူးအစီအစဉ်အနေနဲ့ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ ဝန် ထမ်းတွေကို မူရင်း ရောင်းဈေးရဲ့ ငါးရာခိုင်နှုန်း လျှော့ရောင်းချပေးသွားမှာပါ။ ဘဏ်တွေမှာ နှစ်ရှည် အရစ်ကျပေးမယ်ဆိုရင် ငါးနှစ်ကနေ ၁ဝ နှစ် အစီအ စဉ်နဲ့ ပေးချေနိုင်ပြီး အတိုးနှုန်းကတော့ ကိုးရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်'' ဟု အရောင်းနှင့် ဈေးကွက်မန်နေဂျာ မသက်သက်အောင်က ပြောသည်။
လက်ငင်းငွေချေပါက အိပ်ခန်းနှစ်ခန်းပါအတွက် တန်ဖိုးကျပ် ၄၇၈ ဒသမ ၅ သိန်း၊ အိပ်ခန်း သုံးခန်းပါအတွက် ကျပ်သိန်း ၇၈ဝ၊ Pent House အတွက် ကျပ်သိန်း ၈၂ဝ ကျသင့်မည်ဖြစ်သည်။ ပုံမှန် နှစ်နှစ် အရစ်ကျအတိုးမဲ့ ငွေချေ စနစ်ဖြင့် ဝယ်ယူပါက အိပ်ခန်း နှစ်ခန်းပါအခန်းတစ်ခန်းအတွက် ကျပ် ၅၆၃ သိန်းမှ စတင်မည်ဖြစ်သည်။ အခန်းတန်ဖိုးများမှာပထမထပ်မှ စတုတ္ထထပ် အ ထိ ဈေးတစ်မျိုးဖြစ်ကာ ပဉ္စမထပ်မှ အဋ္ဌမထပ်အထိဈေးနှုန်းမှာ ပိုမို များပြား မည်ဖြစ်ကြောင်း မသက်သက်အောင်က ပြောသည်။
''အိပ်ခန်း သုံးခန်းပါ အခန်းတစ်ခန်းအတွက် နှစ်နှစ် အရစ်ကျနဲ့ဆို ကျပ် ၈၆ဝ သိန်းကနေ ကျပ် ၈၈၈ သိန်း၊ Pent House အတွက် ကျပ် ၁,၁၆၁ သိန်း ကျသင့်မှာပါ။ဘဏ်တွေနဲ့ ချိတ်ဆက်ပေးမယ့် နှစ်ရှည်ငွေပေးချေမှုအတွက် အခန်းတန်ဖိုးရဲ့ ၃ဝရာခိုင်နှုန်းကို ဦးစွာပေးသွင်းဖို့ လိုအပ်ပါတယ်။ လက် ငင်း ငွေပေးချေဝယ်ယူမှုအတွက် ၁၅ ရာခိုင်နှုန်း၊ ဘဏ်တွေနဲ့ချိတ်ဆက် ဝယ် ယူရင် ၁၄ ရာခိုင်နှုန်းဈေးလျှော့ပေးမှာပါ''ဟု မသက်သက်အောင်က ပြော သည်။
တိုက်ခန်းဝယ်ယူသူများ အနေဖြင့်တိုက်ခန်း တည်ဆောက်ထားသော မြေ ဧရိယာကို စုပေါင်း ပိုင်ဆိုင်သည့်စနစ်ရရှိကာ ရန်သူမျိုးငါးပါးကြောင့် အေ ဆာက်အအုံ ထိခိုက်ပျက်စီးပါက အဆောက်အအုံ ပြန်လည်တည်ဆောက်ရန် ကုန်ကျငွေကိုတိုက်ခန်းပိုင်သူများက အချိုးကျ ပြန်လည် ထည့်ဝင် တည်ဆော က်နိုင်မည် ဖြစ်ကြောင်း၊ငလျင်ဒဏ်ခံနိုင်ရန် Pile Foundation ဖြင့် တည်ေ ဆာက်ထားကာ အခန်းတိုင်းတွင် အမှိုက်စွန့်ရန် Duct Chute စနစ် ပါဝင်ေ ကြာင်း၊ ၂၄ နာရီ ရေမီးစနစ်၊ လုံခြုံရေးစနစ်များ ပါဝင်ပြီး လက်ရှိ မင်္ဂလာ မန္တလေးကို စီမံခန့်ခွဲနေသော Mandalay Management Corporation က ထိန်းသိမ်း စောင့်ရှောက်ခအဖြစ် တိုက်ခန်း၏ တစ်ပေပတ်လည်လျှင်ကျပ် ၆ဝ နှုန်းဖြင့် တိုက်ခန်းဝယ်ယူသူထံမှ လစဉ် ကောက်ခံမည်ဖြစ်ကြောင်း ဦး ဇင်မင်းဆွေက ပြောသည်။
အဆိုပါစီမံကိန်းမှာ လေဆိပ်သို့ မိနစ်၃ဝ အတွင်း၊ မင်္ဂလာမန္တလေးသို့ ၁၅ မိ နစ်အတွင်းနှင့်မြို့တွင်းသို့ မိနစ် ၂ဝ အတွင်း၊မန္တလေးစက်မှုဇုန်နှင့် ရတနာပုံ တက္ကသိုလ်သို့ ၁ဝ မိနစ်အတွင်းရောက်ရှိနိုင်သောနေရာတွင် ရှိသည်။
Ref & Photo Credit : Myanmar Time
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ