By ကုမုဒြာ, Shweproperty.com
Updated at 25 June 2013
စီးပွားရေးလုပ်ငန်းရှင်တချို့နှစ်ရှည်မြေဌားရမ်းမှုအပေါ် စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး ရင်းနှီးမြှုပ်နှံလာတာတွေရှိတယ်လို့ သိရပါတယ်။
အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေးက ‘အခုက မြေကြီးရဲ့တန်ဖိုးက နှစ်ဆလောက် တက်လာမှာဆိုတော့ မရောင်းဘဲနဲ့ ဌားပဲ ဌားကြတာ၊ အခုကလဲ အဌားဈေးနှုန်းက အမြင့်ဆုံးဖြစ်နေတယ်၊ လောလောဆယ်မှာ ဌားတာက ပိုအဆင်ပြေတယ်၊ ဈေးတက်လာတဲ့ အချိန်ဆိုရင်လဲ ရောင်းစားလို့ရတယ်’ လို့ပြောပါတယ်။
နှစ်ရှည်ဌားရမ်းတဲ့အခါမှာ တစ်နှစ်ထက်တစ်နှစ် မြေဌားခနှုန်းက ၁၀ ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းအထိ တိုးသွားတာလည်းရှိပါတယ်။ ဒါ့အပြင် အဆောက်အအုံပါတဲ့ နှစ်ရှည်ဌားရမ်းမှုဆိုရင် ဌားရမ်းခကို လက်ရှိပေါက်ဈေးအတိုင်း ပြင်ဆင်တောင်းခံနိုင်ပြီး အဆောက်အအုံရဲ့ ယိုယွင်းပျက်စီးမှုကို ဌားရမ်းသူက ပြင်ဆင်ရမယ်ဆိုတာတွေကိုပါ စာချုပ်မှာထည့်သွင်းချုပ်ဆိုကြတာတွေလည်း ရှိတယ်လို့သိရပါတယ်။
‘အချက်အချာကျတဲ့ မြို့လယ်ကောင်တွေဆို စီးပွားရေးလုပ်လို့ ကောင်းတော့မြေဈေးက အတက်ပဲ ရှိနေတယ်၊ အဲဒါကြောင့် မူလပိုင်ရှင်တွေက အရှင်းရောင်းလိုက်တာမျိုးကိုပဲလုပ်လာ ကြတယ်’လို့ ကျောက်တံတားမြို့နယ်နေ အိမ်ခြံမြေပွဲစား ကိုမင်းနိုင်က ပြောပါတယ်။
နှစ်ရှည်ဌားရမ်းမှုများတဲ့ အဓိကနေရာတွေကတော့ မြို့တွင်းခြောက်မြို့နယ်နဲ့စက်မှုဇုန်မြေကွက်တွေ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းတချို့နဲ့ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တချို့က အဌားများကြတယ် လို့သိရပါတယ်။
‘အခုအချိန်မှာတော့ ပြည်ပက ဌားရမ်းတာ ပိုများတယ်၊ ကျောင်းဖွင့်ဖို့၊ သံရုံးဖွင့်ဖို့၊ ဟိုတယ်ဆောက်ဖို့၊ ကားဆားဗစ် အတွက်ကွန်ဒိုဆောက်ဖို့အတွက် ဌားကြတာများတယ်’ လို့ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောပါတယ်။
နှစ်ရှည်ဌားရမ်းတဲ့သူတွေက ကွန်ဒိုဆောက်ပြီး ရုံးခန်းဌားရမ်းတာ၊ ဟိုတယ်အသေးစားလုပ်ငန်းတွေ လုပ်တာမျိုးလည်းရှိပါတယ်။ ဌားရမ်းတဲ့ဈေးတွေကတော့ နေရာပေါ်မူတည်ပြီး ပေ ၁၀၀ ပတ်လည်ဆိုရင် တစ်ပေကို ကျပ်သိန်း ၅၀ နဲ့ ၁၀၀ ကြားရှိတယ်လို့ သိရပါတယ်။
‘သုံးနှစ်နဲ့အထက် မြေဌားမယ်ဆိုရင်တော့ နှစ်ရှည်ဌားတာလို့ ပြောလို့ရတယ်၊ အရပ်သားဆိုရင်တော့ ၁၀ နှစ်အထိ နှစ်ရှည်ဌားရမ်းခွင့်ရှိတယ်၊ အစိုးရဆိုရင် နှစ် ၃၀ အထိ ဌားရမ်းခွင့်ရှိတယ်’လို့ အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေးက ပြောပါတယ်။
အရပ်သားတွေအနေနဲ့ ၁၀ နှစ်ထက်ပိုတဲ့ နှစ်ရှည်ဌားရမ်းမှုမျိုးကို သဘောတူ လက်မှတ်ထိုးပြီး ဌားရမ်းကြတာဖြစ်တယ်လို့ သိရပါတယ်။
အရပ်သားတွေအနေနဲ့ နှစ် ၂၀ ကျော် ဌားရမ်းဖို့တော့ တော်တော်လေးခက်လိမ့်မယ်၊ နှစ် ၂၀ ဌားရမ်းတာဆိုရင် အပိုင်ဝယ်လို့ရမယ့် အနေအထားအထိ ငွေပမာဏက များလာလို့လေ၊ တချို့ နိုင်ငံခြားသားက ဌားရမ်းချင်တာကို လွဲပြောင်းနားလည်မှုနဲ့ သဘောတူ စာချုပ်ချုပ်ပြီးတော့ အခုလိုနှစ်များများ ဌားတာမျိုးတွေတော့ ရှိတယ်၊ တော်တော်တော့ နည်းတယ် လို့ ကျောက်တံတားမြို့နယ်မှ အိမ်ခြံမြေပွဲစား ကိုမင်းနိုင်က ရှင်းပြပါတယ်။
Ref : Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ