By Myanmar Times, Shweproperty.com
Updated at 9 September 2015
လက်ရှိဖွံ့ဖြိုးနေတဲ့ မန္တလေးအိမ်ခြံမြေအနေအထားအရ မြို့သစ်အရှေ့ခြမ်းမှာရှိတဲ့ အိမ်ခြံမြေ ဈေးကွက်ဟာ မျက်စိကျစရာကောင်းနေပြီး၊ နေထိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် အားသာချက် များတဲ့ဈေးကွက်တစ်ခုဖြစ်ကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုးဆောင်အများစုကပြောပါတယ်။
အခုအခါ အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်ပိုင်းမှာ အလုပ်လုပ်လို့ မကောင်းဘူးဆိုပေမယ့် မြို့သစ်ရဲ့အလားအလာဟာ လာမယ့်အနာဂတ်မှာ ဖွံ့ဖြိုးမှုကောင်းပြီး အလုပ်လုပ်လို့ ကောင်းမယ့် ဈေးကွက်အဖြစ်သာ အိမ်ခြံမြေဈေးကွက်မှာ အတွေ့အကြုံ ရင့်ကျက်သူအများစုက ရှုမြင်နေကြပါတယ်။ ချမ်းမြသာစည်မြို့နယ်အတွင်း၊ ၆၂ လမ်း အနီးတစ်ဝိုက် ရှေ့နောက် ဝဲယာမှာရှိနေတဲ့ အိမ်ခြံမြေဧရိယာတွေဟာ အဆောက်အအုံမပါဘဲ ပုံမှန်ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်း ၃,၀၀၀ ပတ်ချာလည်ကနေ ကျပ်သိန်း ၁၀,၀၀၀ ပတ်ချာလည် အထိ ဈေးခေါ်နိုင်စွမ်း ရှိနေကြလို့ သာမန်လူလတ်တန်းစားထဲမှာတောင် အများစုလိုက်မီဖို့ခက်တဲ့ ဈေးနှုန်းတန်းကို ရောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဧရိယာတွေရဲ့ အရှေ့ဘက်ကိုပိုရောက်တဲ့ အပိုင်းတွေမှာတော့ အတွင်းပိုင်း မြေကွက်တွေဟာ ဈေးနှုန်းတန်းအရ လူလတ် တန်းစားတွေ လိုက်မီဖို့ မခက်ခဲတဲ့ အနေ အထားမှာရှိနေကြောင်း ဈေးကွက်သတင်း တွေအရ သိရပါတယ်။
လက်ရှိမှာ အေးနေ တဲ့ အရောင်းအဝယ်အနေအထားအရ အဲဒီ မြို့သစ်အရှေ့ဘက်တွေမှာ ဈေးကွက်သွက် စဉ်အချိန်က ဈေးနှုန်းထက် ဈေးကိုလျှော့ချ လာတာ တချို့ရှိလာတာမို့ မြေမှာ ရင်းနှီးမြှုပ်နှံ ထားလိုသူတွေအတွက် အချိန်ကောင်းလို့ အတွေ့အကြုံရှိသူတွေက သုံးသပ်ကြပါ တယ်။ အခြေချနေထိုင်သူ သိသိသာသာများနေ တဲ့ မြို့သစ်ဧရိယာဟာ အချိန်နဲ့အမျှတိုး လာတဲ့ မြို့ရဲ့လူဦးရေကြောင့်လည်း အားသာချက်ဖြစ်နေပါတယ်။ အခုနောက်ပိုင်းတိုးလာ တဲ့ လူဦးရေသာမက၊ မြို့တွင်းမှာ ရောင်းချ ပြီး နောက်တစ်နေရာရှာမယ်ဆိုရင်လည်း မြို့သစ်ကိုသာ အများဆုံးအာရုံကျကြတာကို တွေ့ရကြောင်း အကျိုးဆောင်တချို့က ပြောပါတယ်။
အတွင်းပိုင်းကျတဲ့ မြေကွက်ဆိုရင် အခု အခါမှာ ကျပ်သိန်း ၈၀၀ ဝန်းကျင်နဲ့ ရနိုင်သေးကြောင်းနဲ့ ကိုယ်နိုင်တဲ့ပမာဏဖြစ်ရင် ရင်းနှီးမြှုပ်နှံထားဖို့ သင့်တော်ကြောင်း အကျိုး ဆောင်တချို့က သုံးသပ်ကြတဲ့ မြို့သစ် အရှေ့ဖျား အိမ်ခြံမြေဈေးကွက်ဟာ လုပ်သာ ကိုင်သာရှိလာတဲ့ အချိန်ရောက်လာရင် အကျိုးအမြတ် စို့စို့ပို့ပို့ရနိုင်ကြောင်းလည်း သုံးသပ်ကြပါတယ်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ