By Myanmar Builders Guide, Shweproperty.com
Updated at 18 March 2019
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာလိုအပ်ချက်များ ရှိနေမှုအတွက် တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်မြို့သစ်စီမံကိန်းနှင့် နီးစပ်သောနေရာ သို့မဟုတ် နေထိုင် သွားလာမှုလွယ်ကူသော မြေ ဧက ၄၀၀၊ ၅၀၀ ခန့် အကျယ်တွင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ကျပ်သိန်း ၈ဝ နှင့်
ကျပ် ၁၉၆ သိန်း တန်ဖိုးရှိသော အိမ်ရာတိုက် ခန်းများကို သုံးနှစ်နှင့် ငါးနှစ်ပေး အရစ်ကျစနစ်ဖြင့် ရောင်းချရန် စီမံထားကြောင်း သိရသည်။ မုဒိတာ(၃) တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ မတ် ၈ ရက်ကကျင်းပခဲ့သည်။
မုဒိတာ(၃) တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ဖော်ဆောင်မည့် တော်ဝင်မိသားစုကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက “အဓိကအားဖြင့် ရန်ကုန်မြို့မှာပေါ့၊ အိမ်ရာ အခက်အခဲရှိတဲ့သူတွေ ရှိနေတယ်။ လမ်းဘေးမှာ ကျူးကျော်နေရတယ်။ အိမ်ငှားနေ တဲ့သူတွေလည်း ကြာကြာ မငှားနိုင်ဘူးပေါ့။ ခြောက်လလောက်ငှား တစ်နေရာပြောင်းနဲ့ ခြောက်လဆိုတာကလည်း တကယ်တမ်း နေရင် ခဏလေးပါပဲ၊ ဒီလိုလူတွေရဲ့ အိမ်ရာအခက်အခဲနေရေးကို ဖြေရှင်းချင်တဲ့အတွက် တန်ဖိုးနည်းအိမ်ရာတွေကို တတ်နိုင်သလောက် တည်ဆောက်ခဲ့တယ်၊ ကိုယ်ပိုင်မြေနဲ့ တည်ဆောက်တဲ့အိမ်ရာက မုဒိတာ(၁)၊ (၂)နဲ့ မဟာမြိုင်အိမ်ရာတွေ တည်ဆာက်ခဲ့တယ်၊ ကျပ် ၁၆၅ သိန်းနဲ့ ရောင်းပေးတဲ့တိုက်ခန်းက ကျပ်သိန်း ၇၀၀၊ ၈ဝဝ ဖြစ်သွားတာတော့ရှိတယ်၊ ကျပ် ၁၅ သိန်းလောက်နဲ့ ရောင်းပေးတဲ့ တိုက်ခန်းက သိန်း ၁ဝဝကျော်၊ ၂၀ဝ ဖြစ်သွားတယ်၊ ဒါတွေမဖြစ်ဖို့ လုံလောက်အောင် ဆောက်လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခန်းပေါင်း တစ်သိန်းခွဲ ဆောက်လုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အစီရင်ခံစာ တင်တာပါ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ပြောထားတာရှိပါတယ်၊ တန်ဖိုးနည်းအိမ်ရာဆောက်ကြ မယ်ဆိုရင် မြေဈေးကို ဇီးရိုးလုပ်ပေးမယ်လို့ ပြောတဲ့အတွက် နိုင်ငံတော်က မြေနေရာစီစဉ်ပေးမယ်ဆိုရင် အိမ်ရာတိုက်ခန်း တစ်သိန်းခွဲကို ဆောက်ဖို့ တာဝန်ယူနိုင်ပါတယ်”ဟု ပြောသည်။
ယခုတည်ဆောက်မည့် မုဒိတာ(၃) တန်ဖိုးနည်း အိမ်ရာများကို တစ်နှစ်လျှင် အခန်း ၃ဝ,ဝဝဝကျော်ဖြင့် ငါးနှစ်အတွက် အခန်းပေါင်း၁၅ဝ,ဝဝဝ တည်ဆောက်ရန် စီမံထားကြောင်း၊ တိုက်ခန်းများသည် ဧရိယာ ၃ဝဝ စတုရန်းပေရှိ တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၈ဝ နှင့် ဧရိယာ ၄၉၀ စတုရန်းပေရှိ တိုက်ခန်းတစ်ခန်းလျှင် ကျပ် ၁၉၆ သိန်း ကျသင့်မည်ဖြစ်ကြောင်း၊ အဆိုပါ အိမ်ရာများတွင် လူနေ တိုက်ခန်းများနှင့်အတူ ကစားကွင်း၊ ဈေး၊ နေ့ကလေးထိန်းကျောင်း၊ ဆေးခန်း၊ သင်တန်းကျောင်းနှင့် ကားပါကင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ