By The Voice, Shweproperty.com
Updated at 28 August 2017
လှိုင်သာယာမြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များအတွင်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းများရှိ တိုက်ခန်းများကို လျှောက်ထားဝယ်ယူခွင့် ရသူများ၏ အမည်စာရင်းများကို ယနေ့ (ဩဂုတ်လ ၂၈ ရက်) တွင် ကြေညာမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
“သိန်း ၈၀ ကနေ ၁၂၀ ဝန်းကျင်ရှိ တိုက်ခန်းတစ်ထောင်ကျော် ရောင်းချပေးမယ်။ သေချာစိစစ်ပြီးတော့ ဝယ်ခွင့်ရတဲ့သူတွေကို ကြေညာပေးတာပါ။ ဝယ်ယူခွင့်ရတဲ့သူတွေအနေနဲ့ သတ်မှတ်ရက်မှာ လာဆက်သွယ်ရမယ်”ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ဆိုသည်။
အခန်းနေရာချထားခြင်း အစီအစဉ်ကို ရွှေလင်ပန်းနှင့် ကနောင်အိမ်ရာ စီမံကိန်းတွင် လျှောက်ထားသူများအတွက် စက်တင်ဘာလ ၂ ရက်တွင်လည်းကောင်း၊ ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်း အပိုင်း (၁) နှင့် (၂) လျှောက်ထားသူများအတွက် စက်တင်ဘာလ ၄ ရက်တွင်လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် နံနက် ၉ နာရီ ၃၀ မိနစ်၌ ဆောင်ရွက်မည်ဖြစ်သည်။
လျှောက်ထားဝယ်ယူခွင့် ရရှိသူများ၏ အမည်စာရင်းကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ အမှတ် (၂၂၈/ ၂၃၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင် မြို့နယ်နှင့် ရုံးအမှတ်(၄၀)၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်တွင် ကြေညာပေးမည်ဖြစ်ပြီး အခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ်စုဆောင်း ငွေပြည့်မီသည့် ရက်စွဲအလိုက် ဦးစားပေး ရောင်းချမည်ဖြစ်သည်။
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်း အိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအပိုင်း (၁)၊ (၂)နှင့် ကနောင်အိမ်ရာတို့မှ တည်ဆောက်ပြီးစီးခဲ့သည့် တန်ဖိုးနည်း တိုက်ခန်းများကို ရောင်းချပေးမည်ဖြစ်ပြီး အိမ်ရာဝယ်ယူရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေးဘဏ် (CHDB) တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ ငွေစုဆောင်းထားရှိပြီး ဘဏ်ချေးငွေ ရယူနိုင်ရန် လစဉ် ပေးဆပ်နိုင်စွမ်းရှိသည့် ပုံမှန် ဝင်ငွေရှိသူများအား ရောင်းချသွားမည်ဖြစ်သည်။
Ref & Photo Credit : The Voice
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ