By မာန်ယုကျော် (ရွှေဝမြေ), Shweproperty.com
Updated at 13 December 2017
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်တွင်တည်ဆောက်ထားသော တန်ဖိုးနည်းတိုက်ခန်း ၇၂ ခန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှစတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။
“အဓိကတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ၊ အိမ်ယာမဲ့နေတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစား ဝန်ထမ်းတွေ၊ ပြီးတဲ့အခါကျရင် ကုမ္ပဏီဝန်ထမ်းတွေ အပါအဝင် ပြည်သူလူထုတွေကိုရော ကျွန်တော်တို့ ရောင်းချသွားမှာဖြစ်ပါတယ်”ဟု ဦးရွှေဝင်းက ပြောသည်။
အဆိုပါတန်ဖိုးနည်းတိုက်ခန်းများကို စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး အမှန်တကယ် အိုးအိမ်မဲ့ပြည်သူများကိုသာ စိစစ်ရောင်းချသွားမည်ဟုလည်း ဦးရွှေဝင်းက ဆိုသည်။
ယင်းသို့ရောင်းချရာတွင် တစ်ခန်းလျှင် ကျပ်သိန်း ၂၂ဝ မှ ကျပ်သိန်း ၁၅ဝ အတွင်း ရောင်းချသွားမည်ဖြစ်ပြီး ဝယ်ယူသူအနေဖြင့် လက်ငင်း ကျသင့်ငွေ၏ ၃ ပုံတစ်ပုံကို ပေးသွင်း ရမည် ဖြစ်သည်။
ယင်းနောက် ကျန်ရှိသည့်ငွေများကို (၁ဝ)နှစ်အတွင်း ဘဏ်မှတဆင့် ပေးသွင်းရမည်ဟုလည်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဝယ်ယူလိုသူများအနေဖြင့် လျှောက်လွှာ ၁ စောင်လျှင် ကျပ် ၁ဝဝ နှုန်းဖြင့် ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့ အထိ ဝယ်ယူလျှောက်ထားနိုင်ပြီဖြစ်ဟုလည်း သိရသည်။
“ဇန်နဝါရီလ ၁၂ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ ပွင့်လင်းမြင်သာစွာ မဲနှိုက်ရောင်းချ သွားမှာ ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။
အဆိုပါတန်ဖိုးနည်းတိုက်ခန်းများကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Narinjara
Posted By : Ra Wai Htun (shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ