By Eleven Media Group, Shweproperty.com
Updated at 17 July 2017
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များ အတွင်းရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင် အနိမ့်ဆုံး ကျပ် ၉၈ သိန်းမှ အမြင့်ဆုံး ကျပ် ၁၃၈ သိန်းကြားရှိ တိုက်ခန်းများ ရောင်းချတော့မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်း အပိုင်း (၂) တွင် စတုရန်းပေ ၅၂၂/၄၈၄ ရှိ ရှစ်ခန်းတွဲလေးထပ်တိုက်များဖြစ်ပြီး မြေညီထပ်တွင် ကျပ် ၁၃၅ သိန်း၊ ပထမထပ်တွင် ၁၃၂/၁၂၂ သိန်း၊ ဒုတိယထပ်တွင် ၁၂၉/၁၁၉ သိန်း၊ တတိယထပ်တွင် ၁၂၆/၁၁၆ သိန်းရှိကြောင်း၊ ရွှေလင်ပန်းအပိုင်း (၃) တွင် စတုရန်းပေ ၄၆၈ ရှိ ခြောက်ခန်းတွဲ လေးထပ်တိုက်များဖြစ်ပြီး မြေညီတွင် သိန်း ၁၂၀၊ ပထမထပ်တွင် ၁၁၂ သိန်း၊ ဒုတိယထပ်တွင် ၁၀၆ သိန်း၊ တတိယထပ်တွင် ၉၈ သိန်းရှိကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်စီမံကိန်းတွင် စတုရန်းပေ ၅၂၂/၄၈၄ ရှိ ရှစ်ခန်းတွဲ လေးထပ်တိုက်များဖြစ်ပြီး မြေညီထပ်တွင် ၁၂၅ သိန်း၊ ပထမထပ်တွင် ၁၂၅/၁၁၅ သိန်း၊ ဒုတိယထပ်တွင် ၁၂၁/၁၀၈ သိန်း၊ တတိယထပ်တွင် ၁၁၇/၁၀၀ သိန်းရှိကြောင်း၊ နောက်ထပ် ကနောင်အိမ်ရာ စီမံကိန်းတွင်မူ စတုရန်းပေ ၄၆၈ ရှိ ခြောက်ခန်းတွဲ လေးထပ်တိုက်များဖြစ်ပြီး မြေညီတွင် ကျပ်သိန်း ၁၂၀၊ ပထမထပ်တွင် ၁၁၂ သိန်း၊ ဒုတိယထပ်တွင် ၁၀၆ သိန်း၊ တတိယထပ်တွင် ၉၈ သိန်းရှိကြောင်း သိရသည်။
ထို့ပြင် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန အပိုင်း (၁) နှင့် ယုဇန အပိုင်း (၂) တွင် စတုရန်းပေ ၅၂၂/၄၈၄ ရှိ ရှစ်ခန်းတွဲ လေးထပ်တိုက်များဖြစ်ပြီး မြေညီတွင် ၁၂၅ သိန်း၊ ပထမထပ်တွင် ၁၂၅/၁၁၅ သိန်း၊ ဒုတိယထပ်တွင် ၁၂၁/၁၀၈ သိန်း၊ တတိယထပ်တွင် ၁၁၇/၁၀၀ သိန်းနှင့် စတုရန်းပေ ၄၆၈ ရှိ ခြောက်ခန်းတွဲ လေးထပ်တိုက်များတွင် မြေညီထပ်ရှိ တိုက်ခန်းများအား သိန်း ၁၂၀၊ ပထမထပ်တွင် ကျပ် ၁၁၂ သိန်း၊ ဒုတိယထပ်တွင် ကျပ် ၁၀၆ သိန်း၊ တတိယထပ်တွင် ၉၈ သိန်း တန်ဖိုးရှိ တိုက်ခန်းများကို ရောင်းချတော့မည်ဖြစ်သည်။
အဆိုပါ တန်ဖိုးနည်း အိမ်ခန်းများ ရောင်းချရာတွင် နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ပင်စင်စားများကို ဦးစားပေး ရောင်းချမည်ဖြစ်သည်။ တိုက်ခန်းများ ဝယ်ယူနိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ကာ တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပြည့်မီသူများကို ရောင်းချမည်ဖြစ်သည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် တည်ဆောက်ပြီးသည့် တန်ဖိုးနည်း တိုက်ခန်းများ ဝယ်ယူရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် အိမ်ရာစုဆောင်းငွေ စုဆောင်းထားရှိပြီး ဘဏ်ချေးငွေ ရယူနိုင်သူများ စာရင်းကို ထုတ်ပြန်ထားသည်။
တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူရန်အတွက် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားရာ အိမ်ပိုင်ရှိသူများ၊ တိုက်ခန်း ရရှိပြီးသူများအား စိစစ်တွေ့ရှိပါက ဝယ်ယူခွင့် ပယ်ဖျက်၍ ပေးသွင်းထားသော တိုက်ခန်းတန်ဖိုး၏ ငါးရာခိုင်နှုန်းအား ဒဏ်ကြေးငွေအဖြစ် ခုနှိမ်မည်ဖြစ်ပြီး ဝယ်ယူထားသော တိုက်ခန်းအား ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း သိရသည်။
Ref : Eleven Media Group
Photo Credit : gk archi
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ