By ဝိုင်းနဒ္ဒီ, Shweproperty.com
Updated at 12 September 2019
ရွှေပြည်သာမြို့နယ်အတွင်းက ဝင်ငွေနည်းအိမ်ရာမဲ့ပြည်သူ (၂၆၄)ဦးတို့ကို အိမ်ရာချေးငွေတစ်ဦးလျှင် ကျပ်သိန်း(၃၀)နှုန်းထုတ်ချေးပေးနိုင်ရေးအတွက် ပြည်သူတွေနဲ့ KEB Hana Microfinance Limited တို့ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၀)ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။
အဆိုပါ ကျပ်သိန်း(၃၀)ကို တစ်လကို အတိုး၊ အရင်းပေါင်း (၇၆၈၀၀)ပြန်လည်ပေးဆပ်ရမှာဖြစ်ပြီး၊ လပေါင်း (၇၂)လ ပေးဆပ်ရမှာဖြစ်ပါတယ်။ အဆိုပါ ချေးငွေကို ပြည်သူ့လက်ထဲသို့ အပ်နှံသွားမှာမဟုတ်ဘဲ လက်သမားခ၊ ဝယ်ခြမ်းခတွေမှာ အသုံးပြုသွားမယ်လို့သိရပါတယ်။
အဆိုပါ အခမ်းအနားကို ရွှေပြည်သာမြို့နယ် ရပ်ကွက်အသီးသီးက ရွေးချယ်ထားတဲ့ ဝင်ငွေနည်းပြည်သူ အမျိုးသမီးပေါင်း (၂၆၄)ဦး၊ KEB Hana Microfinance Limited မှ တာဝန်ရှိသူတွေ၊ အိမ်ရာဆောက်လုပ်ဖို့ ဦးစီးလုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ ပြည်သူ(၂၆၄)ဦးကို မေ့မေတ္တာပြည်သူ့အိမ်ရာအစီအစဉ်မှာ အိမ်ရာချေးငွေရရှိဖို့ စီစဉ်ပေးခြင်း ဖြစ်ပါတယ်။ ချေးငွေယူမယ့်သူတွေကို ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးရေးအသင်းမှ ချိတ်ဆက်ပေးတာဖြစ်ပြီး၊ စီမံကိန်း အကောင်အထည်ဖော်တဲ့နေရာမှာ စီစဉ်ပေးနေတာဖြစ်ပါတယ်။
KEB Hana Group သည် မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု မရရှိသေးတဲ့ (၉၀)ရာခိုင်နှုန်းသော မြန်မာနိုင်ငံလူဦးရေးကို ဝန်ဆောင်မှုပေးဖို့အတွက် မြန်မာနိုင်ငံအက်ဥပဒေနဲ့အညီ ၂၀၁၃ ခုနှစ်က မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
Written By : ဝိုင်းနဒ္ဒီ (ShweProperty.com)
Photo Credit : Frontiermyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ