By Zeekwat, Shweproperty.com
Updated at 30 July 2018
လာမည့် စက်တင်ဘာလမှစတင်၍ ရန်ကုန်တိုင်းအစိုးရမှ ရောင်းချပေးထားသည့် တန်ဖိုး နည်းအိမ်ရာတိုက်ခန်း မဲပေါက်သူများအနေဖြင့် စတင်၍ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
“အိမ်ရာလျှောက်ထားတဲ့သူတွေထဲကမှ ဝင်ငွေ ၅သိန်း အထက်ရှိရင် တန်ဖိုးလတ်၊ ၅သိန်းနဲ့ ၅သိန်း အောက်ဆိုရင် တန်ဖိုးနည်းဆိုပြီးတော့ ကျွန်တော်တို့ အစည်းအဝေးဆုံး ဖြတ်ချက်နဲ့ ခွဲပြီးတော့ သတ်မှတ်ထားတယ်။ အဲ့ဒီမှာမှ မဲလာပြီး မနှိုက်တာတွေရှိလို့ကျွန်တော်တို့ကိုယ်စားနှိုက်ပေးရတယ်။ အဲ့ဒီမှာ နေထိုင်ခွင့်ရတဲ့သူတွေကို ကျွန်တော်တို့ မဲနှိုက်ပြီး ၁လ၊ ၁လခွဲလောက်အထိသူတို့ ပြင်ဆင်ဖို့ အချိန်ပေးထားတယ်။ အဲဒါကြောင့် နောက်တစ်လခွဲလောက်ကနေစပြီး နေထိုင်ခွင့်ရလောက်တယ်”ဟု ရန်ကုန်တိုင်းဒေကြီး ပြည်သူ့အိမ်ရာရောင်းချရေး စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦးမှ ပြောသည်။
တိုင်းအစိုးရ၏ အိမ်ရာစီမံကိန်းများကို အသုတ်လိုက်ခွဲ၍ မဲနှိုက်ပေးနေခြင်းဖြစ်ပြီး ဝယ်ယူခွင့်ရသည့် အိမ်ရာတန်ဖိုး၏ ၂၀ရာခိုင်နှုန်းကို ငွေလက်ငင်းပေးချေကာ ကျန်ငွေကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် နှစ်ရှည်(၅နှစ်၊ ၈နှစ်၊ ၁၀နှစ်၊ ၁၅နှစ်) အရစ်ကျဖြင့် ဝယ်ယူခွင့်ရရှိတာဖြစ်ပြီး ဝင်ငွေပေါ်မူတည်၍ ရောင်းချပေးရာတွင် တန်ဖိုးနည်အိမ်ရာလျှောက်သူမှ တန်ဖိုးရရှိသွားသူများရှိနေပြီး အိမ်ရာတန်ဖိုး၏ ၂၀ရာခိုင်နှုန်းကိုပေးသွင်းရမှာဖြစ်သည့်အတွက် အခက်ခဲဖြစ်နေ သူများလည်းရှိကြောင်း သိရသည်။
တိုင်းအစိုးရ အိမ်ရာရောင်းချရေး ကော်မတီအနေဖြင့် မိသားစုဝင်ငွေ ၅သိန်းနှင့် အထက်ရှိပြီး တန်ဖိုးလတ်ဝယ်ယူခွင့်ရရှိသူ (၁၆၁)ဦး၊ ဒုတိယအုပ်စု မိသားစုဝင်ငွေ ကျပ်၅ သိန်းနှင့်အောက် ရွှေပေါက်ကံ အိမ်ရာဝယ်ယူခွင့်ရရှိ သူ(၅၆)ဦး၊ ရွှေလင်ဗန်းတန်း ဖိုးနည်းအိမ်ရာဝယ်ယူခွင့်ရရှိသူ (၁၄၈)ဦး၊ ယုဇနတန်ဖိုးနည်းအိမ်ရာဝယ်ယူ ခွင့်ရရှိသူ(၂၉၁)ဦးနှင့် ကနောင် တန်းဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရရှိသူ(၂၀၈)ဦးတို့ကို မဲဖောက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Zeekwat
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ