By Myanmar Builders Guide, Shweproperty.com
Updated at 21 December 2018
လှိုင်သာယာမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့ရှိ တန်ဖိုးနည်းအိမ်ရာများဝယ်ယူနိုင်ရေး အိမ်ရာချေးငွေထုတ်ပေးရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှ(CHID) မှ သိရသည်။
ယင်းအိမ်ရာချေးငွေကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် CHID ဘဏ်တို့ ပူးပေါင်း၍ ထုတ်ချေးပေးနိုင်ရန်စီစဉ်နေခြင်း ဖြစ်သည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာများမှာ လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ပန်းအိမ်ရာ၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာတို့မှ တိုက်ခန်းများဖြစ်သည်။
လက်ရှိတွင် CHID ဘဏ်သည် အစိုးရဝန်ထမ်းများနှင့် ပြည်သူများ အိမ်ပိုင်ရရှိစေရေး တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်ယူနိုင်ရန် ဝယ်ယူမည့်တိုက်ခန်းတန်ဖိုး၏ ၂၀ရာခိုင်နှုန်းအထိ ငွေစုဆောင်းထားရှိပြီး ကျန်ငွေကို ရှစ်နှစ်မှ ၁၀ နှစ်အထိ အရစ်ကျငွေပေးချေစနစ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
အိမ်ရာဝယ်ယူရန်အတွက် ငွေစုဆောင်းသူများအနက် အိမ်ရာဝယ်ယူရန်ပြည့်မီသူသုံးထောင်ခန့်ကို ငွေကျပ်ဘီလီယံ ၄၀ ထုတ်ချေးပေးခဲ့ကြောင်း၊ လက်ရှိ CHID ဘဏ်တွင် အိမ်ရာဝယ်ယူရန်ငွေစုဆောင်းထားသူ ၂၅၀၀၀ ခန့်ရှိပြီး အိမ်ရာဝယ်ယူရန် ငွေစုထားသူများမှ ငွေကျပ် ၂၂ ဘီလီယံကျော် စုဆောင်းထားကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ