By Pyi Myanmar, Shweproperty.com
Updated at 20 December 2018
မြန်မာမြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း Myanmar Developer Association (MDA)အနေဖြင့်န်ဖိုးနည်းအိမ်ရာများကိုရာခိုင်နှုန်းတစ်ခုထိထုတ်လုပ်နိုင်ရန်တာဝန်တစ်ရပ်အနေနဲ့ကြိုးစားသွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးမောင်ဝိတ်ကပြောသည်။
ယင်းသို့ လုပ်ဆောင်နိုင်ရန် အဆိုပါ(MDA)အသင်းအနေဖြင့်မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းနှင့် ညီနောင်အသင်းအဖြစ် ဒီဇင်ဘာလ ၁၇ ရက်က Chatrium Hotel Poolside Garden တွင် သဘောတူလက်မှတ်ရေးထိုးထားကြကြောင်းလည်း သိရသည်။
"ကျွန်တော်ကတော့ Myanmar Developer Association MDA ရဲ့ လတ်တလော ဥက္ကဋ္ဌရာထူးတာဝန်ယူထားပါတယ်။ ကျွန်တော်တို့အသင်းဟာ လွန်ခဲ့တဲ့ တစ်နှစ်ကစလို့ ဆောက်လုပ်ရေးကဏ္ဍမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲများကို သက်ဆိုင်ရာများသို့ တင်ပြရင်း အခက်အခဲများကို ကျော်လွှားဖို့ဝိုင်းဝန်းကြိုးစား ကြရာကနေ ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါတယ်။
အသင်းရုံးကိုတော့ ပါရမီလမ်းမှာရှိတဲ့ MingalarParami Business Center မှာ ဖွင့်လှစ်ထားပါတယ်။ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးဖို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပူးပေါင်းပါဝင်ဖို့ ၊လိုတဲ့အပိုင်းတွေမှာ ပါဝင်ဖို့အသင့်ရှိပါတယ်။အိမ်ရာတွေထုတ်လုပ်တဲ့အခါမှာလည်း တန်ဖိုးနည်းအိမ်ရာတွေကို ရာခိုင်နှုန်းတစ်ခုအနေနဲ့ထုတ်လုပ်နိုင်ဖို့ကို တာဝန်တစ်ရပ်အနေနဲ့ ကြိုးစားသွားပါမယ်။
ကဏ္ဍကြီးတစ်ခုလုံး တိုးတက်လာပြီး နိုင်ငံတော်ကြီး ခေတ်မီစေရေးအထိအထောက်အကူပြုနိုင်ဖို့ ဆောင်ရွက်ရမှာတွေ အများကြီးရှိနေပါတယ်။ အဲဒါတွေအားလုံး ပြီးမြောက်ဖို့ အဓိက အချက်ကတော့ ကျွန်တော်တို့အားလုံး ချစ်ခင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့လိုအပ်တာပဲ ဖြစ်ပါတယ်"ဟု ဦးမောင်ဝိတ်က ပြောသည်။
ညီနောင်အသင်းအဖြစ် ပူပေါင်းရခြင်းရည်ရွယ်ချက်မှာ ဆောက်လုပ်ရေးကဏ္ဍများတွင် အသင်းတစ်သင်းနှင့် တစ်သင်း လက်တွဲညီညီလုပ်ဆောင်နိုင်ရန်၊ ဆောက်လုပ်ရေး လုပ်ငန်းများ ရင်ဆိုင်နေရသော အခက်အခဲများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းသွားရန် စသည့် ရည်ရွယ်ချက်များ ဖြစ်ကြောင်းလည်း သိရသည်။
Ref : Pyi Myanmar
Photo Credit : Investasian
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ