By Myanmar Times, Shweproperty.com
Updated at 11 March 2019
ဝင်ငွေနည်းပြည်သူများနှင့် ကျူးကျော် နေထိုင်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် လိုအပ်သည့်အတွက် မကြာမီ အကောင်အထည်ဖော်ဆောင်မည့် ရန်ကုန် မြို့သစ်စီမံကိန်းနှင့် သွားလာမှုလွယ်ကူသည့် နေရာများတွင် မြေဧက ၅၀ဝ ခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တင်ပြထား ကြောင်း တော်ဝင်မိသားစုကုမ္ပဏီဥက္ကဋ္ဌ ဦးကို ကိုထွေးက မတ် ၈ ရက်က ပြောဆိုသည်။
"ရှစ်ထပ်၊ ၁၀ ထပ်၊ ၁၂ ထပ်ဖြစ်နိုင်တယ်။ ဒါကလည်း မဆုံးဖြတ်ရသေးဘူး။ အာဏာပိုင် အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်ကို နာခံရမှာဖြစ် ပါတယ်။ မြေပေးတာနဲ့ အမြန်ဆုံးဆောက် သွားမှာပါ။ ကျွန်တော့်ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားတာရှိပါတယ်"ဟု ၎င်းက ပြောဆိုသည်။
မုဒိတာ (၃)တန်ဖိုးနည်းအိမ်ရာ စီမံကိန်း နှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝင်ဂါးဒင်း ဟိုတယ်၌ တော်ဝင်မိသားစုကုမ္ပဏီက သတင်း မီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မတ် ၈ရက် နံနက် ၁၀ နာရီက ပြောဆိုခဲ့ခြင်းဖြစ်သည်။
လိုအပ်
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံတွင် အိမ်ရာတိုက်ခန်း၊ လုံးချင်းနှင့် ပျဉ် ထောင်အိမ်စုစုပေါင်းမှာ ၁ ဒသမ ၂သန်းသာ ရှိပြီး လက်ရှိအချိန်တွင် လူဦးရေသုံးသန်းခန့် အတွက် အိမ်ရာလိုအပ်မှုရှိနေပြီး တန်ဖိုးနည်း တိုက်ခန်းအိမ်ရာပေါင်း ခြောက်သိန်းခန့်လိုအပ် မည်ဖြစ်သည်။
ကုမ္ပဏီအနေဖြင့် မြေနေရာရရှိပါက တစ်နှစ်လျှင် တန်ဖိုးနည်းအိမ်ရာ ၃၀ဝဝဝ ကျော်တည်ဆောက်မည်ဖြစ်ပြီး ငါးနှစ်အတွင်း တိုက်ခန်းပေါင်း ၁၅၀ဝဝဝ ဆောက်လုပ်သွား မည်ဖြစ်သည်။
တိုက်ခန်းအမျိုးအစားနှစ်မျိုးဖြင့် ဆောက် လုပ်ရန် ရည်ရွယ်ထားပြီး စတုရန်းပေ ၃၀ဝ ကျယ်ဝန်းသည့်အခန်းကို ကျပ်သိန်း ၈၀ဖြင့် ရောင်းချမည်ဖြစ်ပြီး ရေချိုးခန်း၊ အိမ်သာ၊ ပါကေးြွကေပြားခင်းခြင်း၊ ဓာတ်လှေကားများ ပါဝင်မည်ဖြစ်ပြီး ယင်းတိုက်ခန်းအတွက် တစ်ခန်းလျှင် ကျပ်သိန်း ၈၀ ကျသင့်မည်ဖြစ် သည်။
ထို့အပြင် စတုရန်းပေ ၄၉၀ ကျယ်ဝန်း သည့် တိုက်ခန်းတွင် အိပ်ခန်းနှစ်ခန်း၊ ရေချိုး ခန်း၊ အိမ်သာနှစ်ခန်း၊ ပါကေးြွကေပြားအပြည့် ခင်းခြင်း၊ အိမ်ထောင်ပစ္စည်းအစုံအလင်နှင့် ဓာတ်လှေကားပါဝင်မည်ဖြစ်ပြီး အခန်းတစ်ခန်း လျှင် ကျပ် ၁၉၆ သိန်းကျသင့်မည်ဖြစ်သည်။
တင်ပြထား
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတည်ဆောက်မည် ဆိုပါက မြေတန်ဖိုးသုညရာခိုင်နှုန်းဖြင့် ချထား ပေးမည်ဖြစ်ကြောင်း ကုန်သည်/စက်မှုအသင်း ချုပ်တွင် ပြောဆိုထားခဲ့ပြီးဖြစ်သည်။ ထို့အပြင် ကုမ္ပဏီမှတပ်ဆင်ပေးသည့် စမ်းသပ်စစ်ဆေး ပြီး ရေမီတာနှင့် ဒစ်ဂျစ်တယ်မီတာများအား စစ်ဆေးခကင်းလွတ်ခွင့်ပြုရန်နှင့် တိုက်ခန်း ဝယ်ယူသူများ အတိုးနှုန်းသက်သာသည့် ဘဏ် ချေးငွေရရှိရန်အတွက် ကူညီပေးရန် အစိုးရ အဖွဲ့သို့ တင်ပြထားသည်။
ထိုစီမံကိန်းနှင့်အတူ စက်မှုဇုန်အတွက် ဧက ၂၀ဝဝကို ပူးတွဲခွင့်ပြုမည်ဆိုပါက အလုပ် အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမည့် တရုတ်(တိုင်ပေ)အဖွဲ့က ဆောင်ရွက်လိုကြောင်း တင်ပြထား သည်ဟု သိရသည်။
စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် အတွက် ရန်ကုန်မြို့သစ်စီမံကိန်းတွင်လည်း ကောင်း၊ နေထိုင်သွားလာမှုလွယ်ကူနိုင်သည့် နေရာများတွင်လည်ကောင်း မြေဧက ၅၀ဝ စီစဉ်ပေးရန်နှင့် စက်မှုဇုန်အတွက် ဧက ၂၀ဝ၀ သတ်မှတ်ချက်များကိုခွင့်ပြုပေးရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့တင်ပြထားသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ