By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 18 July 2018
လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ တန်ဖိုးမြင့် Luxury အဆောက်အဦးများအစား တန်ဖိုးသင့်၊ တန်ဖိုးနည်း အဆောက်အဦးများကို ပိုမို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အိမ်ခြံမြေ နဲ့ စီပွားရေး သုတေသန အဖွဲ့အစည်း (Colliers International Myanmar) မှ Deputy managing Director Mr.Karlo Pobre က အကြံပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကြံပြုချက်ကို Internews Office တည်ရှိရာ အေးရိပ်သာကွန်ဒို၊ ၈လွှာ (A)၊ အေးရိပ်သာ ၂လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းအနီး၊ ဗဟန်းမြို့နယ်တွင်ကျင်းပသည့် မြန်မာ့အိမ်ခြံမြေ ဈေးကွက်နှင့် အလားအလာများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် Mr.Karlo Pobre က အကြံပြုခဲ့သည်။
ရန်ုကုန်မြို့၏ လက်ရှိအခြေအနေတွင် အဆင့်မြင့် ဟိုတယ်၊ ရုံးခန်း၊ ကွန်ဒိုမီနီယမ်၊ Serviced Apartment နှင့် စက်မှုဇုန် စသည့် အဆောက်အအုံများကို တန်ဖိုးမြင့်အဆောက်အအုံများအဖြစ် တည်ဆောက်လျက်ရှိရာ ယင်းအဆောက်အအုံများကို တန်ဖိုးသင့် အဆောက်အအုံများ အဖြစ်သာ အကောင်အထည်ဖော်ဆောင်ရွက်ပါက အနာဂါတ် မြန်မာအိမ်ခြံမြေဈေးကွက်တွင် အလားအလာကောင်းများစွာ ရှိမည်ဖြစ်ကြောင်း Colliers International Myanmar က အကြံပြုဆွေးနွေးခဲ့သည်။
Written By : Saint Sandi Htet (ShweProperty.com)
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ