By Myanmar Builders Guide, Shweproperty.com
Updated at 9 September 2019
အခန်းတန်ဖိုး ၆၆ သိန်းတန်မှစတင်သည့်တန်ဖိုးနည်းအိမ်ရာအခန်းများကို ဂျပန်နိုင်ငံ၏ JICA ODA Loan အတိုး ၈ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် ယခုလ ၂၀ ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန မှသိရသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာများကို နှစ်ရှည် ၁၅ နှစ်အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အခန်းအကျယ် ၃၂၄ စတုရန်းပေမှ ၈၀၀ စတုရန်းပေအထိ အခန်းများပါဝင်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။
ဝန်ကြီးဌာနမှ နှစ်ရှည်ချေးငွေဖြင့် ရောင်းချမည့် အိမ်ရာများမှာ လှိုင်သာယာမြို့နယ် နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ တန်ဖိုးနည်းအိမ်ရာ အမျိုးအစား ၁၂ မျိုးကို ရောင်းချသွားမည်ဖြစ်ကြောင်း ဦးမင်းထိန်ထံမှသိရသည်။
ရောင်းချသွားမည့်အိမ်ရာများမှာ ရွှေလင်ပန်းအပိုင်း ၂၊ ၃၊ ရွှေလင်ပန်း Commercial Area ၊ ကျန်စစ်မင်းအိမ်ရာ၊ ယုဇနအိမ်ရာ အပိုင်း ၁၊ ၂၊ ကနောင်အိမ်ရာနှင့် ထီးလှိုင်ရှင်အိမ်ရာစသည့်တို့ပါဝင်ကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံများဖွံဖြိုးရေးဘဏ်မှသိရသည်။
အိမ်ရာဝယ်ယူရန် လျှောက်လွှာလျှောက်ထားသူများသည် သြဂုတ်လ ၃၁ ရက်နေ့အထိ အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်လှစ်ထားရှိပြီး စုဆောင်းငွေ အနည်းဆုံးကျပ်သိန်း ၃၀ ထားရှိရမည်ဖြစ်ပြီး လာမည့်ယခုလ ၂၀ ရက်နေ့အထိ ဘဏ်စာအုပ်မူရင်း၊ မိတ္တူဖြင့် ဗိုလ်ချုအောင်ဆန်းလမ်း မြို့ပြနှင့်အိမ်ရာဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း CHIDB မှသိရသည်။
အရစ်ကျချေးငွေများကို ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်း၊ လစဉ်ပေးဆပ်ရန်နှင့်ဝင်ငွေအချိုး ၃၀ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁၅ နှစ်၊ အတိုးနှုန်း ၈ ဒဿမ ၅ ရာခိုင်နှုန်းနှင့် ဘဏ်ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ