By The Voice Weekly, Shweproperty.com
Updated at 17 May 2013
ဝင်ငွေနည်းလူတန်းစားများ အိမ်ရာပိုင်ဆိုင်ရေးဆိုသော စီမံချက်ဖြင့် အကောင် အထည်ဖော် တည်ဆောက်နေသော နှစ် ၃၀ ကျော် အရစ်ကျစနစ်ဖြင့် ရောင်းမည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အပြီး တည်ဆောက်မည်ဖြစ်ကြာင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ အိမ်ရာ စီမံကိန်း၌ ၁၈ ထပ်ရှိ သော အဆောက်အအုံပေါင်း ၄၈ လုံးတွင် အခန်းပေါင်း နှစ်သောင်းကျော် ပါဝင်မည် ဖြစ်ကြောင်း၊ ယင်းအိမ်ရာများ ဆောက်လုပ် ရန် ကုမ္ပဏီ ၂၀ကျော်ကို လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ပြီး မေလကုန်တွင် အပြီးသတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ၁၈ထပ်အဆောက်အအုံ နှစ်လုံး ဆောက်ခွင့် ရမှာပါ၊ အဆောက်အအုံ တစ်ခုကို ၄၃၂ ခန်း ပါဝင်ပါတယ်" ဟု အေဝမ်းဆောက်လုပ်ရေး မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါအိမ်ရာ စီမံကိန်းများကို ၂နှစ်အတွင်း အပြီးသတ်တည်ဆောက်ကာ သက်ဆိုင်ရာသို့ ပြန်လည် လွှဲပြောင်းပေးရ မည်ဖြစ်ကြောင်း၊ ယင်းအိမ်ရာများကို ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီး အစိုးရနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့၏ အစီအစဉ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း အေဝမ်း ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"အရစ်ကျ ဆိုရင်တော့ ဝယ်ချင်တယ်။ ဈေးနှုန်းက အခြေခံလူတန်းစား အတွက်တော့ နည်းနည်းတော့ များနေပါတယ်" ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း) ၃၈ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်ရဲကျော်က ဆိုသည်။
တိုက်ခန်းတန်ဖိုးကို ကနဦး ကျပ် သိန်းနှစ်ရာနီးပါးခန့် သတ်မှတ်ထားပြီး ပထမအရစ်တွင် ကျပ် သိန်းဂဏန်း ပေးသွင်း ပြီး နှစ် ၂၀မှ ၃၀ ကျော်အထိ အရစ်ကျ ရောင်းချမည်ဖြစ်ရာ တစ်လလျှင်ကျပ် သောင်းဂဏန်းသာ ပေးသွင်းရမည်ဖြစ်ကြောင်း၊ ရတနာနှင့် ဧရာဝဏ်အိမ်ရာ စီမံကိန်းများ ပြီးစီးပါက လူဦးရေ ရှစ်သောင်းကျော် နေထိုင်နိုင်မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ