By 7daydaily, Shweproperty.com
Updated at 29 December 2016
တန်ဖိုးမြင့်အိမ်ရာများ ရောင်းချပြီးရရှိသည့် ဘဏ္ဍာငွေ ထဲမှ ဝင်ငွေနည်းပြည်သူများဝယ် ယူနိုင်သော တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေး မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအ ဆင့်မြင့်အိမ်ရာ ဖွင့်ပွဲအခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘တန်ဖိုးကို ငွေအရပဲမကြည့်ဘူးဆိုရင် တတ်နိုင်တဲ့သူရှိသလို မတတ်နိုင်သူတွေရှိပါတယ်။ တန် ဖိုးမြင့်အိမ်ရာတွေက ရရှိတဲ့ဝင်ငွေတွေကနေ တန်ဖိုးနည်းအိမ်ရာ တွေမှာသုံးဖို့ ဘဏ္ဍာငွေတစ်ခုအ နေနဲ့ စီမံဖို့လုပ်ဆောင်သွားမှာပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက် က စတင်တည်ဆောက်ခဲ့သည့် ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံ ကိန်းတစ်ခုလုံး၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာဖွင့်ပွဲတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရန်ကုန်မြို့သည် ဖွံ့ဖြိုးမှုနိမ့်ကျ သော လူနေအဆောက် အအုံများ ဖြင့် အရှေ့တောင်အာရှ၌ အလှအပဆုံးမြို့တော်အဖြစ်မှ ကျဆင်း ခဲ့ခြင်းကို အဆင့်အတန်းမြင့်သည့် အဆောက်အအုံများ ဆောက် လုပ်ပြီး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
‘‘အိမ်ရာတွေဟာ တန်ဖိုးမြင့် သလောက် အဆင့်အတန်းမီရဲ့ လား၊ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေရှိရဲ့လား ဆိုတာတွေကို ထည့်သွင်း တွက်ချက် တည် ဆောက်ဖို့ လိုလာပါပြီ။ ရန်ကုန် ဟာ တော်တော်လည်း ပျက်စီးခဲ့ တာတွေများနေပါပြီ။ ဒါကြောင့် ရန်ကုန်မြို့ကြီးကို ပြုပြင်မွမ်းမံဖို့ ကျွန်မတို့ဆောင်ရွက်နေပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဝင်ငွေနည်းပြည်သူများဝယ် ယူနိုင်ရေး တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်း လမ်းရှာဖွေမှု များစတင်ပြုလုပ်နေ ပြီး ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ အိမ်ရာဖွံ့ဖြိုးရေးကို ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁ ဒသမ ၈ သိန်းခန့်အ ကောင်အထည်ဖော်သွားနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်တက်ရောက်ဖွင့် လှစ်ခဲ့သည့် ရတနာနှင်းဆီအဆင့် မြင့်အိမ်ရာသည် ၁၈ ထပ်အမြင့်ရှိ ပြီး တိုက်အလုံးပေါင်း ငါးလုံးပါဝင်ကာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက နှစ်လုံး၊ ရွှေတောင်ကုမ္ပဏီ က သုံးလုံးတည်ဆောက်ထား ခြင်း ဖြစ်သည်။
အခန်းတစ်ခန်းလျှင် ပျမ်းမျှ အကျယ်အဝန်း ၆၀၀ စတုရန်း ပေမှ ၁,၂၀၀ စတုရန်းပေအထိရှိ ပြီး လက်ရှိတွင် အခန်းအရေအ တွက် ၂၇၀ ကျော်ကို စတင်ရောင်းချမည် ဖြစ်သည်။ အခန်းတစ်ခန်း၏ တန်ဖိုးမှာ ကျပ်သိန်း ၆၀၀ မှ သိန်း ၁,၂၀၀ အထိ သတ်မှတ် ထားကြောင်း သိရသည်။
Ref : 7daydaily
Photo Creidit : Myanmar State Counsellor Office
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ