By Sint Sint, Shweproperty.com
Updated at 13 February 2020
ရန်ကုန်မြို့တွင် အိမ်ရာလိုအပ်ချက်များပြားခြင်းကြောင့် အစိုးပိုင်မြေပေါ်တွင် တန်းဖိုးနည်းအိမ်ရာများ ဆောက်လုပ်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်တိုင်းအစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ်တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် လက်ရှိတွင် မြေပိုင်ရှင်များကို စိစစ်ကာ လျော်ကြေးငွေများပြန်လည်ပေးဆောင်လျက်ရှိပြီး မကြာမီ အပြီးသတ်မည်ဖြစ်ကာ လျော်ကြေးငွေများ ပေးအပ်ပြီးပါက တင်ဒါခေါ်ကာတန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ် သွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ်ကဆိုသည်။
“ကျွန်တော်တို့ရောင်းတဲ့မြေကွက်၅ဝဝကို လျှောက်တဲ့သူ တစ်သောင်းကျော်တယ်။ဒါဟာ ဘာကိုပြသလဲဆိုရင် ရန်ကုန်မြို့မှာ အိမ်ရာလိုအပ်ချက်များနေတာကိုတွေ့ရပါတယ်။
ဒါ့ကြောင့် အစိုးရက ဒီပြဿနာကို ဖြေရှင်းဖို့ ပြည်ထောင်စုအစိုးရကလည်း ခွင့်ပြုထားပြီးပါပြီ။လက်ရှိမှာ ယခင်က လယ်မြေအဖြစ် အမည်ပေါက်ထားတဲ့ မြေတွေကိုအစိုးရကပြန်လည် သိမ်းယူပြီး လျော်ကြေးငွေများ ပြန်လည်ပေးဆောင်ဖို့ လုပ်ဆောင်နေပါတယ်။ မကြာမီပြီးစီးမယ်လို့လည်း ထင်ပါတယ်။လျော်ကြေးငွေကိစ္စပြီးတာနဲ့တင်ဒါခေါ်ပါမယ်။ဒီဆောက်လုပ်ရေးကို လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ အများကြီးရှိပါတယ်”ဟု ဦးဖြိုးမင်းသိန်းကပြောသည်။
အစိုးရပိုင်မြေပေါ်တွင် တည်ဆောက်မည့် တန်းဖိုးနည်းအိမ်ရာများကို ကျူးကျော်များ၊အစိုးရဝန်ထမ်း၊ပင်စင်စား ဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများနှင့် ပြည်သူများအတွက်ရည်ရွယ်ကာ တန်ဖိုးသင့် အိမ်ရာများ အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
“တင်ဒါအောင်မြင်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက အိမ်ရာတွေဆောက်ပေး၊တိုက်ခန်းကို ရောင်းပေး။ (၁၅) နှစ်၊ အနှစ် (၂၀) လောက်တော့ ရင်းနှီးမြှုပ်နှံရမယ်။
မြေက အစိုးရမြေဖြစ်လို့ တိုက်ခန်းဖိုးပဲ ပေးသွင်းရမှာ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
အစိုးရကဆောက်လုပ်ထားသည့် တိုက်ခန်းများနှင့် ဆက်လက်ဆောက်လုပ်မည့် တိုက်ခန်းများကို ဝယ်ယူ လိုပါကဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ရန်ကုန် City Gallery၌ရောင်းချပေးမည်ဖြစ်သည်။
လက်ရှိ ရန်ကုန်တိုင်းအစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြောက်ဥက္ကလာ မြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာ၊လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကနောင်အိမ်ရာနှင့် ယုဇန တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။
လက်ရှိရောင်းချနေသည့် တိုက်ခန်းများကို အကျယ်အဝန်းအမျိုးအစားပေါ်မူတည်ကာ ကျပ် သိန်း ၉ဝကျော်မှ ၁၃ဝကျော်အထိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကသတ်မှတ်ထားသည်။
Ref : Myanmar Builders Guide
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ