By Tomorrow News Journal, Shweproperty.com
Updated at 3 August 2017
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနအနေဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတိုက်ခန်းများကို လာမည့်သီတင်းပတ်အတွင်း မဲနှိုက်ရောင်းချရာတွင် အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးမရရှိသေးသည့် တိုက်ခန်းအချို့ရှိနေသဖြင့် ယင်းအခြေအနေများကို ပွင့်လင်းမြင်သာစွာချပြမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိမိတင်က ဇူလိုင် ၂၈ ရက်က Tomorrow ဂျာနယ်သို့ ပြောကြားခဲ့သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်ဆောက်တာလွယ်တယ်။ ဘယ်မှာသွားခက်နေလဲဆို Infrastructure မှာ သွားခက်နေတယ်။ အဲဒါက ရေနဲ့မီးပဲ။ ရေကတော့ YCDC Source က တောင်းထားတယ်။ နောက်မီးအခြေအနေက ဘတ်ဂျက်တောင်းထားလို့ ဘတ်ဂျက်အဖြတ်ခံရတဲ့အတွက်ကြောင့် မီးတွေမှာရှိတဲ့ Limited ဘဏ္ဍာငွေနဲ့ တည်ဆောက်နေရတာရှိတယ်။ တစ်တိုင်းတစ်ပြည်လုံး မျှတအောင်သုံးစွဲနေရတာဆို တော့ ကိုယ့်ပရောဂျက်ထဲ မီးလွှတ် ဖို့ညှိနှိုင်းနေတာရှိတယ်။ ဒါကြောင့် မို့ အခုလုပ်ထားတဲ့စီမံကိန်းတွေ မှာတောင် မီးမရသေးတဲ့နေရာတချို့ရှိတယ်။ မီးမရဘူးဆိုတာကလည်း နှစ်လ၊ သုံးလစောင့်ရမယ်။ ဒီဇင်ဘာမှာပြီးမယ်။ ဒါလည်း ပွင့်လင်းမြင်သာစွာနဲ့ မဲနှိုက်တဲ့နေ့ကျရင် အကုန်လုံးကပ်ထားပေးမယ်။ ဘယ်တိုက် ဘယ်အလုံးကတော့ အခြေအနေဘယ်လိုဆိုတာမျိုး။ ကျေနပ်ရင်လက်ခံကြပါ။ ချက်ချင်းကြီး ဒီနေ့လို မဲနှိုက် နောက်နေ့သော့ယူပြီး တက်နေလို့မရသေးဘူး။ ပွင့်ပွင့်လင်းလင်းပြောပြတာပါ။ တချို့အလုံးက 100 Percent မရသေးဘူး”ဟု ဒေါ်မိမိတင်က ရှင်းပြခဲ့သည်။
အဆိုပါ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတိုက်ခန်းများတွင် အခန်းအရေအတွက် ၁၀၀၀ ကျော်ပါရှိပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် အိမ်ရာဝယ်ယူနိုင်ရန် စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း ပြည့်မီသူများအနက်မှ စည်းကမ်းချက်နှင့် ကိုက်ညီသူများကို ဦးစားပေးရွေးချယ်ကာ မဲနှိုက်စနစ်ဖြင့် သြဂုတ်လအတွင်း (၁၀နှစ်အရစ်ကျ) စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ပထမဦးစားပေးအနေနဲ့ ဘဏ်မှာ ၃၀ ရာခိုင်နှုန်းပြည့်တဲ့ သူကို အရင်ခေါ်မယ်။ အဲကျမှ သူတို့လိုချင်တဲ့ လိုကေးရှင်းရွေးမယ်လေ။ လှိုင်သာယာရွေးရင် ရွေးမယ်။ ဒဂုံဆိပ်ကမ်းရွေးရင် ရွေးမယ်။ ခုက ၃၁ ရက်အထိ ပိတ်ပြီးသွားရင် အခန်းအရေအတွက်အရ ပိတ်လိုက်မှာပေါ့။ ခု ၁၀၀၀ ရှိတယ်ဆိုရင် လျှောက်တဲ့အထဲက ၁၀၀၀ အထိ ဘဏ်မှာ ၃၀ ရာခိုင်နှုန်းအပြည့်သွင်းပြီးတဲ့ အထဲမှ အရင်ဆုံးသွင်းခဲ့တဲ့သူကို မြေညီ၊ ပထမ၊ အဲဒါတွေကိုတော့ မဲနှိုက်ပေးမယ်။ ကျန်တဲ့သူတွေက ထပ်ဆောက်နေတာတွေရှိတယ်။ တကယ်လို့ ပြည့်သွားပြီ ဆိုရင်တော့ တခြားမှာ အိုးအိမ်က ထပ်ဆောက်မယ့်နေရာတွေကိုပဲ ရွေးချယ်ဖို့ အခွင့်အရေးရှိတော့မှာပါ”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
လက်ရှိ CHDB တွင် အိမ်ရာစုဆောင်းငွေအပ်နှံသူပေါင်း ၁၇၀၀၀ ကျော်ရှိလာပြီး လူဦးရေ ၃၀၀၀ ကျော်မှာ အိမ်ရာဝယ်ယူနိုင်ရန် စုဆောင်းငွေ ၃၀ ရာခိုင်နှုန်းပြည့်သွားပြီဖြစ်ကြောင်း သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ရောင်းချပေးသွားမည့် တိုက်ခန်းများမှာ တန်ဖိုးကျပ်သိန်း ၁၀၀ မှ ၁၃၅ သိန်းထိရှိပြီး လှိုင်သာယာရွှေလင်ဗန်းအပိုင်း ၂၊ ၃၊ ဒဂုံဆိပ်ကမ်း(ကနောင်)၊ ဒဂုံဆိပ်ကမ်း ယုဇန ၁၊ ၂ တို့ ဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Tomorrow News Journal
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ