By Myanmar Builders Guide, Shweproperty.com
Updated at 16 July 2018
ရန်ကုန်တိုင်းအစိုးရ အစီအစဉ်ဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ဝယ်ယူခွင့်ရရှိသူ ၈၀၀ ကျော် အမည်စာရင်းကို ဇူလိုင် ၁၀ ရက် ကစ၍ ရန်ကုန်မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ထုတ် ပြန်ကြေညာထားသည်။
မိသားစုဝင်ငွေ ကျပ်ငါးသိန်း အောက်ရရှိသည့် အများပြည်သူ ၂၄၇ ဦး၊ ကုမ္ပဏီဝန်ထမ်း ၁၇၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၁၇၅ ဦးနှင့် အငြိမ်းစားဝန်ထမ်း ၁၀၆ ဦး၊ မိသားစုဝင်ငွေ ကျပ်ငါးသိန်းနှင့် အထက်ရရှိသည့် အများပြည်သူ ၅၈ ဦး၊ကုမ္ပဏီဝန်ထမ်း ၄၀ ဦး၊ နိုင်ငံ့ဝန်ထမ်း ၄၀ ဦးနှင့် အငြိမ်းစားဝန်ထမ်း ၂၃ ဦးတို့ တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့် ရရှိထားသည်။
တန်ဖိုးနည်းအိမ်ရာတိုက် ခန်း ဝယ်ယူခွင့်ရရှိသူများသည် ဇူလိုင် ၂၀ ရက်နောက်ဆုံးထား၍ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ဆက်သွယ်အကြောင်းကြားရမည်ဟု ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီဝင် ဦးညီညီမှ ပြောသည်။
‘‘သူတို့တွေ ဆက်သွယ်လာ မှ တိုက်ခန်းတွေကို မဲနှိုက်ပေး သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်ထပ်၊ အောက်ထပ် ဘယ် သူနေမလဲဆိုတဲ့ ပြဿနာရှိနိုင် တာကြောင့် မဲစနစ်နဲ့ပဲ လုပ်တာ ပါ’’ဟု ဦးညီညီက ပြောသည်။
တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ ဝယ်ယူရန် လျှောက်ထား သူ ငါးထောင်ကျော်အနက် တစ် ထောင်ကျော်ကို တန်းစီစနစ်ဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က မဲ နှိုက်ရွေးချယ်ခဲ့သည်။
ရန်ကုန်တိုင်းအစိုးရကရောင်း ချမည့် အိမ်ရာများသည် ဒဂုံမြို့ သစ်(တောင်ပိုင်း)ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ် ရာ အပိုင်း (၁၊ ၂)၊ ကနောင်အိမ် ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီး ပွားရေးအိမ်ရာ၊လှိုင်သာယာမြို့ နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီး လှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ် ရှိ Shop House များနှင့် မြောက် ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့ဖြစ်သည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်ရှိ အိမ်ရာများကို အခြေခံ ပြည်သူများ ဝယ်ယူနိုင်ရန် တိုက် ခန်းတစ်ခန်းလျှင် ကျပ်သိန်းတစ် ရာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ်နှင့် အခြားမြို့နယ်တို့တွင် တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းတစ် ခန်းလျှင် ကျပ်သိန်းနှစ်ရာကျော်မှ သိန်းခြောက်ရာအထိ ဈေးနှုန်း သတ်မှတ်ထားသည်။
တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ မိသားစုဝင်ငွေသည် တစ်လ ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းကြားရှိရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာအတွက် ကျပ်ငါးသိန်းမှ၁၂ သိန်းကြား ရှိရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။
ဝယ်ယူလိုသူသည် ပထမအဆင့် ငွေသွင်းရာ၌ ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်းဖြစ်ပါက ၁၅ ရာ ခိုင်နှုန်းသွင်းရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။
တန်းစီဇယား မဲနှိုက်စဉ်က ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင် တံခါးပိတ်မဲနှိုက် ၍ ပွင့်လင်းမြင်သာမှု မရှိဆိုကာ လွှတ်တော်ကိုယ်စားလှယ်များအကြား ဝေဖန်မှုများရှိခဲ့သည်။
ယင်းအခြေအနေများ ကြောင့် ယခု တိုက်ခန်းများ မဲနှိုက် ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် သတင်းမီဒီယာများနှင့် တိုက်ခန်း ဝယ်ယူသူ ပြည်သူများရှေ့မှောက်၌ မဲနှိုက်ရန် ဆွေးနွေးထား ကြောင်း မင်္ဂလာတောင်ညွန့်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော် အမတ် ဦးလှဌေးက ဆိုသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ