By Eleven Media Group, Shweproperty.com
Updated at 14 February 2018
"မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများအနက် ၁၅ ရာခိုင်နှုန်းကို လျှောက်ထားသည့် အငြိမ်းစားဝန်ထမ်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာေ ရးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
“ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့က ဆောက်လုပ်ခဲ့တဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိ မ်ရာ များ ကို အများပြည်သူထံ ဖေဖော်ဝါရီလအတွင်း ရောင်းချပေးမှာ ဖြစ်ပါတယ်။ ၎င်းတို့အနက် ၁၅ ရာခိုင်နှုန်းကို လျှောက်ထားလာသည့် အငြိမ်းစားဝန်ထမ်းများအနက်မှ စံသတ်မှတ်ချက်များနဲ့အညီ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီး ဦးမြင့်သောင်းက ပြော ကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အစိုးရပိုင်မြေ ၁၈၃ ဧကတွင် အငြိမ်းစားဝန်ထမ်းများအတွက် နိုင်ငံဝန် ထ မ်း အရောင်းအိမ်ရာကို တည်ဆောက်ရန် ဗိသုကာနှင့် တည်ဆောက်မှုပုံစံ ရေးဆွဲခြင်းများအတွက် တင်ဒါ ခေါ်ယူထားကြောင်း ရန်ကု န် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကု န်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က စီမံခန့်ခွဲခွင့်ရှိသော အစိုး ရပို င်သည့်မြေ ၁၈၃ ဧကပေါ်မှာ အပိုင်းနှစ်ပိုင်းခွဲပြီး စီမံဆောင်ရွက်လျက် ရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရသုံးမှ န်ြးေ ခေ ငွ စာရင်း ကျပ်ငါးဘီလျံမှာ ထည့်သွင်း တောင်းခံထားပြီးတော့ လုပ်ငန်းများကို ပွင့်လင်းရာသီတွင် အရှိန်အဟုန်ဖြင့် ဆော က်လုပ် ရန် အ တွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအမံဖြင့် လမ်းဖောက်လုပ်ခြင်း၊ ဗိသုကာနှင့် တည်ဆောက်မှုပုံစံများ ရေးဆွဲခြင်းတို့ကို အြ ပီးအစီး ဆောင်ရွက်ရန်အတွက် တင်ဒါ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်း အရောင်းအိမ်ရာအတွက် အထက်ပါ ၁၈၃ ဧကပေါ်မှာ ပင်မစီမံကိန်းပုံစံအား ပြည်တွင်းပြည်ပဗိသုကာ ကုမ္ပဏီများကို တင်ဒါခေါ်ယူ ယှဉ်ပြိုင်ခဲ့ပြီးတော့ အကောင်းဆုံး ပင်မစီမံကိန်းပုံစံကို ရေး ဆွဲပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အသေးစိတ် တွက်ချက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက် ရှိပါတယ်” ဟု ဦးမြ င့်သောင်းက ပြောကြားသည်။
တာဝန်ထမ်းဆောင်ဆဲ ၀န်ထမ်းများအတွက် နိုင်ငံဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရသုံး ခန့်မှန်းခြေငွေစာရင်းမှ ကျခံပြီး အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းအရောင်းအိမ်ရာကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအ မံဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအသင်း၏ ပံ့ပိုးမှုနှင့် ဖော်ဆောင်ပြီး ဆောင်ရွက်ဖို့ စီစဉ်နေကြောင်း၊ ရှေ့ပြေးစီမံ ကိန်း များအနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးဦးမြင့်သောင်းက ပြော ကား သည်။
Ref : Eleven Media Group Photo Credit : Shutterstock Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ