By Myanmar Builders Guide, Shweproperty.com
Updated at 31 May 2017
နိုင်ငံအဝန်းရှိပြည်သူများနှင့်ဝန်ထမ်းများနေရေးအဆင်ပြေစေရန်အတွက် Precast စနစ်နှင့်ဆောက်လုပ်မည့် တန်ဖိုးသင့်ပြည်သူ့ အိမ်ရာစီမံကိန်းကိုတိုင်းဒေသကြီးနှင့်မြို့နယ်အလိုက်အကောင်အထည်ဖော်မှာ ဖြစ်ပြီး အိမ်ရာစီမံကိန်းကို အမျိုးအစားသုံး မျိုးနှင့်ဆောက် လုပ်မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်င ံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (MCEA) မှအဖွဲ့ဝင်ဖြစ်သည့်Precast နည်းပညာစနစ်နှင့် ဆောင်ရွက်မည့် Myanmar Coll Wall Precast ကုမ္ပဏီလီမိတက်မှမန်နေးဂျင်းဒါရိုုက်တာထိုPrecast စနစ်နဲ့ ဆောက်လုပ်ခြင်းမှာဆောက်လုပ်ကုန်ကျစရိတ်ကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်သက်သာစေပြီး အဆောက်အအုံကြံ့ ခိုင်မှုမှာလည်း ပိုပြီးတော့ကောင်းမွန်စေပါသည်။
Precast စနစ်နှင့်ဆောက်လုပ်မည့်တန်းဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကိုအမျိုးအစားသုံးမျိုးနှင့်ဆောက်လုပ်မည် ဖြစ်သည်။ ပထမအမျိုး အစား မှာဝန်ထမ်းနှင့်ပြည်သူများအတွက်ဝရန်တာအပါအဝင်မျက်နှာပွင့် ၁၂ ပေ၊ အနောက် ပေ ၂၀ ရှိဓါတ်လှေကားပါ ဝင်သည့်ဟိုတယ် Room Type ပုံစံအိမ်ခန်းများ ပါဝင်သည့် တန်ဖိုးသင့် ပြည်သူ့အိမ်ရာစီမံကိန်းကို မြို့လယ်ခေါင်တွင်ဆောင်ရွက်မည်ဖြစ်ပြီး ၁၅ နှစ် အရစ်ကျ စနစ်နဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးမည်ဖြစ်ပါသည်။
ဒုတိယအမျိုးအစားမှာဝေးလံသည့်သီလဝါစက်မှုဇုန်၊ ဒလ၊ မှော်ဘီ နဲ့ ထောက်ကြန့်အပါအဝင်ကြည့်မြင်တိုင် တစ်ဖက်ကမ်းနှင့် အမြန် လမ်းနေရာများတွင်နိုင်ငံအငြိမ်းစားဝန်ထမ်းများနေရေးအဆင်ပြေစေရန်မြေနေရာပါဝင် သည့်နှစ်ထပ်တိုက် တန်ဖိုးသင့်ပြည်သူ့ အိမ်ရာစီ မံကိန်း အကောင်အထည် ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
တတိယအမျိုးအစားမှာအကျယ်အဝန်းစတုရန်းပေ ၆၀၀ ရှိသည့်ငါးထပ်ဆောက်လုပ်မည့်အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းနှင့် မီးဖိုချောင်ပါဝင် သည့်တန်ဖိုးသင့်အိမ်ရာစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။အမျိုးအစားသုံးမျိုးစလုံးကိုဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ပြီး အရစ်ကျ ရောင်းချပေးမည် ဖြစ်ပါသည်။
လက်ရှိပုဂ္ဂလိကမြေဖြစ်သည့်ဝေဇယန္တာလမ်းနှင့်နီးသည့်တောင်ဥက္ကလာပမြို့နယ်ကအပအမှတ်(၈)၊ (၉)၊ (၁၀) ရပ်ကွက်များတွင်Precast စနစ်နှင့်ဆောက်လုပ်မည့်တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကို စတင်အကောင်အ ထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ အရှေ့ဒဂုံ မြို့နယ်များတွင် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါဝင်သည့်စတုရန်းပေ ၆၀၀ အကျယ်အဝန်း ရှိမိသားစုများနေထိုင်နိုင်မည့် ပြည်သူ့အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ရန်စီစဉ်ထားပြီး နိုင်ငံတာဝန်ကျေပွန် ခဲ့သည့်နိုင်ငံ့ တာဝန် ကျေပွန်ခဲ့သည့်နိုင်ငံဝန်ထမ်းများ၊ ပုံမှန်ဝင်ငွေရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ကိုယ်ပိုင်အလုပ်အကိုင် အကောင်အထည်ပြသနိုင် သည့်ပြည်သူများကို ဦးစားပေးရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။
Precast စနစ်နှင့်ဆောက်လုပ်မည့်တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းကိုမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ၏ဦးဆောင်မှုနှင့်ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့ကဆောင်ရွက်မည်ဖြစ်ပြီး Myanmar CollWall Precast Thailand နှင့်မြန်မာပြည် မိတ်ဖက်အဖွဲ့က နည်းပညာပံ့ပိုး မည်ဖြစ်ကာနိုင်ငံတော် အစီအစဉ်နှင့်မကြာမီ အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
Ref : Myanmar Builders Guide
Photo Credit : Social
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ