By Pyi Myanmar, Shweproperty.com
Updated at 2 September 2017
တန်ဖိုးနည်းအိမ်ရာမှ အခန်းပေါင်း၁၅၅၂ ခန်းကိုလာမည့်စက်တင်ဘာ၂ရက်မှ ၄ရက်အထိမဲဖောက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း ၁၊၂၊၃ လှိုင်သာယာမြို့နယ်ရှိရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာအပိုင်း ၂၊၃ နှင့် ကနောင်တန်ဖိုးနည်းမျှ အိမ်ရာတို့၏ အခန်းများ ဖြစ်ကြောင်းသိရသည်။
ဝယ်ယူမည့်သူများအနေဖြင့် အမှတ် ၂၂၈/၂၃၄,ဗိုလ်ချုပ်လမ်း၊ ဒုတိယထပ်ရှိ ယခင် အိုးအိမ်ရုံးဟောင်းတွင် နံနက် ၉နာရီမှ စတင်ကာ မဲဖောက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
CHDB ဘဏ်တွင် အခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်း ထည့်သွင်းစုဆောင်းထားသူများကို မဲဖောက်ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။
အမှန်တကယ်နေထိုင်မည့်သူများ သတ်မှတ်ချက်များနှင့်ကိုက်ညီသူများကိုသာရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်အိုးအိမ်ဌာနချုပ်ရုံးမှ ရန်ကုန်တွင် တိုက်ရိုက်ရောင်းချမှာ ဖြစ်ကြောင်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်တိုင်း) ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်းသိရသည်။
တန်ဖိုးနည်းအိမ်ရာလျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်(CHDB) တွင် Housing Saving Account ဖွင့်ထားရမည်ဖြစ်ပြီး ဝယ်ယူမည့် တိုက်ခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်း စုဆောင်းရန် လိုအပ်မည်ဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Pyi Myanmar
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ