By Kumudra, Shweproperty.com
Updated at 1 September 2017
မြို့ပြနှင့်အိမ်ရာဦးစီးဌာနက ဆောက်လုပ်ရောင်းချ နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေရဲ့ အခန်းနေရာချထားမယ့်နေ့ရက်တွေကို CHD Bank က ထုတ်ပြန်ထားကြောင်း သိရပါတယ်။
အခန်းနေရာချထားခြင်း အစီအစဉ်ကို ရွှေလင်ပန်းနဲ့ ကနောင် အိမ်ရာစီမံကိန်းလျှောက်ထားသူတွေအတွက် ၂ – ၉- ၂၀၁၇ ရက် နေ့မှာလည်းကောင်း၊ ယုဇနတန်ဖိုး နည်းအိမ်ရာ စီမံကိန်းအပိုင်း(၁)နဲ့ (၂) လျှောက်ထားသူတွေအတွက် ၄ – ၉ – ၂၀၁၇ ရက်နေ့မှာလည်းကောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၊ အမှတ် (၂၂၈/၂၃၄) ပထမထပ်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ဗိုလ်တထောင်မြို့နယ်မှာ နံနက် ၉ း ၃၀ နာရီမှာ ဆောင်ရွက်သွားမှာဖြစ်ပြီး လူကိုယ်တိုင်လာရောက်ကြဖို့ မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။
ကနောင်တန်ဖိုးနည်းအိမ်ရာမှာ အိမ်ခန်းနေရာချထားပေးမယ့် အမည်စာရင်းမှာ ၆၃ယောက် ရှိပြီး ခြောက်ခန်းတွဲလေးထပ်တိုက်၊ ရှစ်ခန်းတွဲ လေးထပ်တိုက်တွေဖြစ်မယ်လို့ သိရပါတယ်။
လျှပ်စစ်မီးနဲ့ ရေရရှိမှုအနေနဲ့ ရှစ်ခန်းတွဲလေးထပ်တိုက် (၁၊ ၂၊ ၄၊ ၅၊ ၉) မှာရရှိပြီး ခြောက်ခန်းတွဲလေးထပ်တိုက် (၁၄ ၊၁၅၊၁၆၊၁၇၊ ၂၇၊ ၂၈၊ ၃၀၊ ၃၁၊ ၃၂)တို့ မှာ ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ