By Myanmar Builders Guide, Shweproperty.com
Updated at 6 June 2017
ပြည်တွင်းရှိဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့်ဟိုတယ်လုပ်ငန်းတို့တွင်ရင်းနှီးမြှုပ်နှံမှုပြုထားသော Mottama Holding ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးရှိ မင်္ဂလာဒုံမြို့နယ်နှင့်လှိုင်သာယာမြို့နယ်တို့တွင် တန်ဘိုးသင့်တင့်အိမ်ရာစီမံကိန်း ၂ ခုကိုအကောင် အထည်ဖော် တည်ဆောက်သွားရန်ရှိနေကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာမှပြောကြားသည်။
အကျယ်အဝန်းအားဖြင့်မင်္ဂလာဒုံမြို့နယ်တန်ဘိုးသင့်အိမ်ရာစီမံကိန်းတွင်မြေအကျယ် ၂၃ ဧက၊ လှိုင်သာယာမြို့တွင်မြေအကျယ် ၂၄ ဧကတို့ အပေါ်တွင်တည်ဆောက်မည်ဖြစ်ကာစီမံကိန်းတစ်ခုချင်းစီတွင် အထပ်အမြင့် ၁၂ ထပ်ခန့်ရှိမည်ဟု Mottama Holdings ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူမှ ခန့်မှန်းပြောဆိုထားသည်။
လက်ရှိအချိန်တွင် Mottama Holdings အနေနှင့်စင်ကာပူနိုင်ငံဆောက်လုပ်ရေးကုမ္ပဏီ Oxley Holdings Limited နှင့် အကျိုးတူပူးပေါင်း ကာရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင်အမေရိကန်ဒေါ်လာသန်း ၂၅၀ခန့် တန်ကြေးရှိသည့်အဆင့်မြင့် စုပေါင်းအိမ်ရာ တစ်ခုကို ယခုနှစ် အတွင်းတည်ဆောက်သွားရန်ရှိနေသည်။
သို့ရာတွင်ကုမ္ပဏီ ၂ ခုအနေနှင့်တန်ဘိုးနည်း၊ တန်ဘိုးသင့်တင့်အိမ်ရာများကို အကျိုးတူတည်ဆောက်သွားမည် မဟုတ်ဘဲ Mottama Holdings ကသာ၎င်းတို့၏ကုမ္ပဏီပိုင်မြေတွင်တန်ဘိုးသင့်တင့်အိမ်ရာများကို ဆောက်လုပ်သွားမည်ဖြစ်သည်။ မုတ္တမဟိုးဒင်း(စ) အနေနှင့်ကုမ္ပဏီအုပ်စု တစ်ခုလုံး၏အောက်တွင် Grand Yangon၊ M-Sa စသည့် အများပိုင်ကုမ္ပဏီ ၂ခုကို ဖွဲ့စည်းထားကာနောက်ထပ်အများပိုင်ကုမ္ပဏီ ၁ ခုကိုထပ်မံတည်ထောင်သွားရန် ရှိနေကြောင်းသိရသည်။ အဆိုပါအများပိုင်ကုမ္ပဏီ ၃ ခုကို ရန်ကုန်စတော့အိတ်ချိန်း တွင်အဆင့် လိုက်စာရင်း တင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref : Yangon Media Group
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ