By Myanmar Builders Guide, Shweproperty.com
Updated at 6 February 2019
ပုသိမ်မြို့နယ်ရှိ ဥမ္မာဒန္တီအိမ်ရာနှင့် ပြည်တော်သာအိမ်ရာဝန်းအတွင်းရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာအခန်းများကို ဖေဖော်ဝါရီလ (၄)ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အခန်းများ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ အခန်းများ ရောင်းချသည့်ပုံစံဖြစ်သည့် လက်ငင်းငွေချေစနစ်နှင့် ဘဏ်ချေးငွေစနစ်များဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချရာတွင် ဦးရာလူစနစ်ဖြင့် ဖေဖော်ဝါရီ (၄)ရက် မှ (၂၈)ရက်အတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူသူလိုသူများသည်လည်း အဆိုပါရက်များအတွင်း လာရောက်စာရင်းပေးသွင်းရမည်ဖြစ်ကာ ရောင်းချမှုကိုမူ မတ်လ (၁)ရက်တွင် မဲနှိုက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ရောင်းချပေးမည့် အခန်းများမှာ (၈)ခန်းတွဲ (၆)ထပ် (၃၂၄ စတုရန်းပေ)နှင့် (၆)ခန်းတွဲ (၅)ထပ် (၄၆၈ စတုရန်းပေ) တန်ဖိုးနည်းအိမ်ရာအခန်းများ၊ (၂)ခန်းတွဲ (၄)ထပ် (၁၄၃၂/၉၅၄ စတုရန်းပေ)နှင့် (၄)ခန်းတွဲ (၆)ထပ် (၆၅၀ စတုရန်းပေ) တန်ဖိုးသင့်အခန်းများဖြစ်ကြောင်း၊ ဝယ်ယူလိုသူများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ