By Myanmar Builders Guide, Shweproperty.com
Updated at 15 February 2019
ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးအတွက် အိမ်ရာများကို ဂျပန်နိုင်ငံ ODALoan အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
ယင်းကဲ့သို့ ရောင်းချမည့် အိမ်ရာစီမံကိန်းများမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများဖြစ်သော ဒဂုံမြို့သစ်( ဆိပ်ကမ်း )မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း ၁၊ ၂ နှင့် ကနောင်အိမ်ရာ၊ လိူင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ အပိုင်း ၂၊ ၃ နှင့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများဖြစ်သော လိူင်သာယာမြို့နယ်ရှိ ထီးလိူင်ရှင်အိမ်ရာစီမံကိန်းတို့ဖြစ်ပါသည်။
ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် အိမ်ရာဖွံဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ထားသူများအနက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေပြည့်မီသူများသည် အထက်ပါအိမ်ရာစီမံကိန်းရှိ အခန်းများကို လျှောက်ထားဝယ်ယူနိုင်ပြီး အိမ်ရာစုဆောင်းငွေပြည့်မီသူများ၏ အမည်စာရင်းနှင့် ရောင်းချမည့်အစီအစဉ်များကို ရန်ကုန်မြို့၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်မှစ၍ အသိပေးကြေညာခဲ့ကြောင်းသိရှိရပါသည်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအနက် လိူင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာ အပိုင်း(၂) တွင် ရှစ်ခန်းတွဲလေးထပ်၊ ရွှေလင်ပန်းအပိုင်း(၃) တွင်ခြောက်ခန်းတွဲလေးထပ်၊ ဒဂုံမြို့နယ်( ဆိပ်ကမ်း )မြို့နယ် ယုဇနအိမ်ရာအပိုင်း(၁) တွင် ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲလေးထပ်၊ ဒဂုံမြို့သစ်( ဆိပ်ကမ်း )မြို့နယ် ကနောင်အိမ်ရာတွင် ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲလေးထပ် အဆောက်အအုံများဖြစ်ကြောင်းသိရှိရပါသည်။
တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွင် လိူင်သာယာမြို့နယ် ထီးလိူင်ရှင်အိမ်ရာစီမံကိန်းဖြစ်ပြီး လေးခန်းတွဲ ငါးထပ်အဆောက်အအုံများဖြစ်ပါသည်။
ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် အိမ်ရာဖွံဖြိုးရေးဘဏ်မှ ပေးပို့လာသည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ရက်အထိ စုဆောင်းငွေ ကျပ် သိန်း ၃၀ နှင့်အထက် အိမ်ရာစုဆောင်းငွေပြည့်မီသူများစာရင်း ၃၃၅၇ ဦးရှိပြီး အဆိုပါ စုဆောင်းငွေပြည့်မီသူများသည် အထက်တွင် ဖော်ပြထားသည့် အိမ်ရာစီမံကိန်းများရှိ အခန်းများကို အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်းသိရှိရပါသည်။
ရွှေလင်ပန်းအိမ်ရာအပိုင်း(၂) မှ အခန်းပေါင်း ၂၈၁ ခန်း၊ ရွှေလင်ပန်းအိမ်ရာအပိုင်း(၃) မှ အခန်းပေါင်း ၁၇၄ ခန်း၊ ယုဇနအိမ်ရာအပိုင်း(၂) မှ အခန်းပေါင်း ၆၃၉ခန်း၊ ကနောင်အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၂၄၃ ခန်း၊ စုစုပေါင်းတန်ဖိုးနည်းအခန်းပေါင်း ၁၅၁၂ ခန်းနှင့် ထီးလိူင်ရှင်အိမ်ရာစီမံကိန်းမှ တန်ဖိုးသင့်အိမ်ရာစီမံကိန်း အခန်း ၁၀ ခန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ