By ဟိန်းကိုစိုး, Shweproperty.com
Updated at 11 December 2013
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီပိုင်မြေများတွင် တည် ဆောက်နေသည့် တန်ဖိုးသင့်တင့်အိမ် ခန်း ဝယ်ယူသူများ အရစ်ကျပြန်လည်ပေး သွင်းရာတွင် ၄၈လ အတွင်း အပြီးပေး သွင်းရန် မူလသတ်မှတ်ထားချက်ကို ထပ် မံတိုးမြှင့်ပေးနိုင်တော့မည် မဟုတ်ဟု ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ဒီဇင်ဘာ ၉ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး ပထမအကြိမ် သတ္တမပုံမှန် အစည်းအဝေးတွင်ပြောသည်။
''လုပ်ငန်းလုပ်တဲ့သူတွေက သူတို့က ပဲ ရင်းနှီးငွေအားလုံးကို စိုက်ထုတ်လုပ်တဲ့ အတွက်ရယ် နောက်တစ်ခုက ဘဏ်ချေး ငွေယူထားတဲ့တွက် အတိုးနှုန်းတွေတက် မှာ စိုးတာရယ်ကြောင့် သတ်မှတ်ကာလ လေးနှစ်ထက် ထပ်ပြီး မတိုးနိုင်ပါဘူး'' ဟု ဦးလှမြင့်က လွှတ်တော်သို့ ဖြေကြား ခဲ့သည်။
ယင်းနှင့် စပ်လျဉ်း၍ ကမာရွတ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက မေးမြန်းခဲ့ရာ တွင် မြို့တော်ဝန်က ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြောက်ဒဂုံမြို့နယ်တွင် ဗိုလ် မင်းရောင်နှင့် ဗိုလ်ဗထူး အမည်များဖြင့် လေးခန်းတွဲ ရှစ်ထပ်အိမ်ရာများ တည် ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ အိမ် ရာများရှိ တိုက်ခန်းအမျိုးအစားအလိုက် ကျပ်၂၃၇သိန်း၊ ကျပ်၂၅၅သိန်း၊ ကျပ် ၂၈၉ သိန်း၊ကျပ်၂၉၄သိန်း၊ ကျပ်၃၂၄ သိန်းနှင့် ကျပ်၃၇၄ ဟူ၍ တန်ဖိုး သတ် မှတ်ရောင်းချမည်ဖြစ်သည်။ အဆိုပါ အိမ်ခန်းများကို လုပ်သက် ၂၅နှစ် အထက်ရှိသူ ဝန်ထမ်းများကို အရစ်ကျ ရောင်းချပေးမည်ဟု မြို့တော်ဝန်က ဆိုသည်။
သတ်မှတ်အိမ်ခန်းတန်ဖိုးကို လေး နှစ်အတွင်း အကျေပေးချေရမည်ဖြစ်ပြီး စတင်ဝယ်ယူချိန်တွင် တန်ဖိုး၏ ၇ဝ ရာ ခိုင်နှုန်းကို ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင် နှုန်းပေး၍ လွှဲပြောင်းပေးရမည်ဖြစ်သည်။ ကျန်ငွေပမာဏကို ပထမနှစ်တွင် ကိုး ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ဒုတိယ နှစ်မှ တန်ဖိုးကျေသည်အထိ ငါးရာခိုင် နှုန်းစီ ပေးသွင်းရန် စီစဉ်ထားခြင်းလည်း ဖြစ်သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ