By Builders Guide, Shweproperty.com
Updated at 11 November 2017
လူလတ်တန်းစားအများစုနေထိုင်သည့် ရန်ကုန်မြို့ရှိမြို့နယ်အချို့မှ တိုက်ခန်းအထပ်မြင့်များ၏ငှားရမ်းခနှုန်းထားများမှာ ယခုနှစ်အတွင်းလျော့ကျလာကြောင်း သက်ဆိုင်ရာရပ်ကွက်များအတွင်းရှိအိမ်၊ခြံ၊မြေအကျိုးဆောင်များထံမှ သိရသည်။
တိုက်ခန်းများအများဆုံးဆောက်လုပ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်တွင် အထပ်မြင့်များဖြစ်သည့် ငါးလွှာ၊ခြောက်လွှာအခန်းများမှာယခင်ထက်အနည်းဆုံး ကျပ်တစ်သောင်းမှ ကျပ်သုံးသောာင်းအထိဈေးနှုန်းကျဆင်းလာကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်၊ခြံ၊မြေအကျိုးဆောင်ထံမှ သိရသည်။
မှတ်တိုင်နှင့်နီးသော နေရာ ဈေးနှင့်နီးသောနေရာများ ဈေးမကျပေမဲ့ ဈေးတိုးတောင်းသည်လည်း မတွေ့ရကြောင်း သိရသည်။ယခုဈေးကျခြင်းမှာ နည်းနည်းချောင်ကျသည့်နေရာနှင့် အခန်းကျဉ်းသည့်နေရာများသည် သုံးသောင်းခန့်အထိဈေးကျ ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိတိုက်ခန်းဈေးနှုန်းများမှာ ခြောက်လွှာ၊ငါးလွှာကို ယခင်ကတစ်လငှားရမ်းခကျပ်တစ်သိန်းနှစ်သောင်းရှိခဲ့ပြီး ယခုအခါကိုးသောင်းနှင့်တစ်သိန်းကြားတွင် ရှိကာ သုံးလတစ်ခါပေးဖြင့်အိမ်စာချုပ်များချုပ်ဆိုကြကြောင်း၊အလားတူတောင်ဥက္ကလာပနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)တို့တွင်လည်းတိုက်ခန်းဈေးနှုန်းများမှာ အနည်းငယ်စီဈေးကျဆင်းကြောင်းတောင်ဥက္ကလာပ မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်ထံမှ သိရသည်။
တောင်ဥက္ကလာပတွင် ၁၈ပေ×၅၄ပေအခန်းများ၏ဈေးနှုန်းမှာ ယခင်က တစ်သိန်းရှစ်သောင်းရှိရာမှ ယခုဆိုလျှင် တစ်သိန်းခုနှစ်သောင်းနှင့် စာချုပ်ချုပ်ကြကြောင်း သိရသည်။
ထိုကဲ့သို့မြို့တွင်းနှင့် အနည်းငယ်အလှမ်းဝေးသည့် နေရာများတွင် ဈေးနှုန်းကျဆင်းသော်လည်း မြို့လယ်ခြောက်မြို့နယ်နှင့် ဗဟန်း၊စမ်းချောင်းမြို့နယ်တို့ရှိတိုက်ခန်းများမှာအရောင်းအဝယ်အေးနေပြီး အငှားဈေးနှုန်းများမှာ ဈေးမြင့်နေကြောင်း စမ်းချောင်းမှ အိမ်ခြံမြေအကျိုးဆောင်ထံမှ သိရသည်။
လက်ရှိတွင် တန်ဖိုးနည်းတိုက်ခန်းများဆောက်လုပ်လာသည့်အတွက် အိမ်ခြံမြေအရောင်းအဝယ်မှာ အေးစက်နေပြီး တိုက်ခန်းအငှားဈေးနှုန်းများမှာလွန်ခဲ့သည့် နှစ်နှစ်နှင့် နှိုင်းယှဉ်ပါက ၃ဝရာခိုင်နှုန်းနီးပါး ဈေးကျဆင်းသွားကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အလုပ်အမှုဆောင်မှ ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် အိမ်ခြံမြေတွင် ဝင်ရောက်မှုနည်းပါးနေးသေးပြီး ဈေးလည်းကျနေကြောင်းသိရသည်။
Ref & Photo Credit : Builders Guide
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ