By Sint Sint, Shweproperty.com
Updated at 14 July 2021
လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ အဆောင်တွေကို ကံကောင်းစေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်လေ့ ရှိကြပါတယ်။ လူမျိုးစု တခုနဲ့ တခု ပစ္စည်းတွေ မတူညီနိုင်ပေမယ့် လာဘ်ကောင်းဖို့ ထားကြတာချည်းသာ ဖြစ်ကြလို့ အိမ်မှာထားရင် ကံကောင်းစေမယ့် အဆောင်တွေကို ဖော်ပြပေးချင်ပါတယ်။ (၁) ဖုန်းရွှေနည်းပညာ အိမ်တွေကို ပြောင်းရွှေ့တဲ့အခါ ပစ္စည်းတွေကို ဖုန်းရွှေနည်းနဲ့ သင့်တင့်တဲ့ နေရာမှာ ထားရမယ်လို့ တရုတ်တွေက ယုံကြည်ပါတယ်။ ဓာတ်ကြီး ၄ ပါးကို သင့်တင့်မျှတအောင် ဖုန်းရွှေနည်းကို သုံးလေ့ရှိကြပြီး ဒီလို အသုံးပြုတာကြောင့် ငွေကြေးဝင်ရောက်မှု၊ ကျန်းမာရေး စတာတွေကို ကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။ (၂) ဆင်ရုပ် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတွေဟာ ဆင်ရုပ်ကို ကံကောင်းစေတဲ့ အဆောင်အဖြစ် မှတ်ယူလေ့ ရှိပါတယ်။ ဆင်ကို အထွဋ်အမြတ်ထားကြပါတယ်။ ဆင်ဟာ အသိဉာဏ်ပညာ မြင့်မားတယ်လို့ ယူဆကြပြီး အိမ်မှာ အဆောင်အနေနဲ့ ထားကြတာ ဖြစ်ပါတယ်။ ဆင်သင်္ကေတကို အမျိုးမျိုးသော ကံကောင်းခြင်းတွေအတွက် သုံးကြပါတယ်။နောက်ပြီး ဆင်ရဲ့ကိုယ်အနေဟန်ထား၊ အသွင်အပြင်ပေါ်မူတည်ပြီးတော့လည်း အကျိုးပေးကွာခြားတယ်လို့ ဆိုကြပါတယ်။ ဆင်ရုပ်ကို အဆောင်အဖြစ် ထားမယ်ဆိုရင်တော့ ဆင် နှာမောင်းထောင်နေတဲ့ ပုံကို ထားရမှာ ဖြစ်ပြီး ဒါမှသာ ကံကောင်းခြင်းတွေ ရောက်လာမယ်လို့ ယူဆကြပါတယ်။ (၃) မြင်းခွာများ အနောက်နိုင်ငံတွေမှာတော့ မြင်းခွာကို လာဘ်ကောင်းစေတဲ့ အဆောင်လို့ ယူဆကြပါတယ်။တစ်ချို့ကတော့ မြင်းခွာတွေဟာ မကောင်းဆိုးဝါးရန်ကနေ ကာကွယ်မှုပေးတယ်လို့ ဆိုပါတယ်။ မြင်းခွာဟာ နတ်ဆိုးတွေကို မောင်းထုတ်နိုင်တယ်လို့ သတ်မှတ်ကြပြီး အိမ်ရှေ့တံခါးမှာ မြင်းခွာတွေကို ချိတ်လေ့ ရှိပါတယ်။ဒါကြောင့်မြင်းခွာတွေကို အိမ်တံခါးမှာ ချိတ်ဆွဲထားခြင်းက ကံကောင်းစေသလို မကောင်းဆိုးဝါးတွေ ရန်ကလည်း ကာကွယ်ပြီးသားဖြစ်စေနိုင်မှာပါ။ (၄) ဝါး တရုတ်လူမျိုးတွေဟာ ဝါးကို ကံကောင်းစေတဲ့ အဆောင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ အိမ်ရဲ့ ကျက်သရေနဲ့ ပြည့်စုံဖို့အတွက် ဝါးပင်တွေကို အိမ်မှာ ထားလေ့ရှိပြီး မိတ်ဆွေတွေကို လက်ဆောင်ပေးတဲ့အခါမှာ အဆစ် ၄ခု ပါတဲ့ ဝါးကို မပေးကြပါဘူး။ ၄ ဂဏန်းဟာ တရုတ်စကားရဲ့ သေခြင်းဆိုတာနဲ့ အသံထွက်တူတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ (၅) လိပ်သင်္ကေတ တရုတ်ဓလေ့ထုံးစံအချို့မှာ လိပ်သင်္ကေတဟာ အိမ်ရဲ့အစောင့်အရှောက်ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ပြောရမယ်ဆိုရင် လိပ်ဟာ တရုတ် Feng Shui ဂိုဏ်းတွေရဲ့ အစောင့်အရှောက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လိပ်ကို ခွန်အားကြီးမားတဲ့ သင်္ကေတအဖြစ် သတ်မှတ်ထားကြတာပါ။ လိပ်အစစ်ဖြစ်စေ၊ အတုဖြစ်စေ အိမ်ရဲ့ ရှေ့တံခါး၊ နောက်တံခါးတွေမှာ ထားခြင်းက အိမ်ကို အညံ့တွေက ကာကွယ်ပေးပြီး၊ ကံကောင်းခြင်းတွေကို ဝင်လာစေပါတယ်။ (၆) အနီရောင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအတော်များများရဲ့ ဓလေ့ထုံးစံမှာ အနီကို ကံကောင်းစေတဲ့အရောင်အဖြစ် သတ်မှတ်ထားကြပါတယ်။ တရုတ်နှစ်သစ်ကူးဆိုရင် အနီရောင်တွေနဲ့အလှဆင်ကြပြီး အန်ဘောင်းကိုလည်း အနီရောင်အိတ်နဲ့ ထည့်ပေးကြပါတယ်။ အိန္ဒိယမှာလည်း မင်္ဂလာပွဲဆိုရင် သတို့သမီးတော်တော်များများဟာ သန့်စင်ခြင်းနဲ့ကံကောင်းခြင်း သင်္ကေတအဖြစ် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။ ဒါကြောင့် သင့်အိမ်မှာ အနီရောင်ပန်းအိုး၊ အနီရောင်ချိတ်၊ အနီရောင်ကော်ဇောကို ထားခြင်းက ကံကောင်းခြင်းတွေ တိုးပွားစေနိုင်ပါတယ်။ (၇) ဝက်သင်္ကေတ ဝက်သင်္ကေတကို ကံကောင်းခြင်းအဖြစ် မှတ်ယူတာက ဂျာမန်လူမျိုးတွေပါ။ ဒီအယူကတော့ ဘာသာရေး အယူမဟုတ်ပါဘူး။ သမိုင်းကြောင်းအယူပါ။ အလယ်ခေတ်လောက်ကတည်းက ဥရောပနိုင်ငံတွေမှာ ဝက်သင်္ကေတဟာ ချမ်းသာကြွယ်ဝခြင်းနဲ့ ကံကောင်းခြင်းအဆောင်အဖြစ် ယုံကြည်ထားကြတာပါ။ ဝက်မွေးပြီဆိုရင် ချမ်းသာလာတော့မယ်ဆိုတဲ့ နိမိတ်ပါပဲတဲ့။ အခြားသော ကျွဲ၊ နွား၊ ကြက်တွေနဲ့ စမ်းသပ်ကြည့်ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဝက်ကသာ ကံကောင်းစေခဲ့တာကြောင့် ယနေ့တိုင် ဝက်သင်္ကေတာကို ကံကောင်းခြင်းအဖြစ် သတ်မှတ်ထားကြတာပါ။ (၈) ဝက်သစ်ချသီး စကင်ဒနေဗီးယားနိင်ငံတွေမှာ ဝက်သစ်ချသီးတွေကို ပန်းကန်လုံးထဲထည့်ပြီး (သို့မဟုတ်) ပြတင်းပေါက်မှာ ချိတ်ဆွဲပြီး အလှဆင်တာက အိမ်ကို အကာအကွယ်ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ သင်လည်း ကံကောင်းချင်တယ်ဆိုရင်တော့ အိမ်မှာ ဝက်သစ်ချသီးတွေနဲ့ အလှဆင်ထားလိုက်ပါ။ (၉) လတ်ဆက်ပြီးတောက်ပတဲ့ ပန်းများ လတ်ဆက်တဲ့ပန်းများကို အိမ်အတွင်းအလှဆင်ထားရှိခြင်းက သင့်ထံကို စိတ်ပျော်ရွှင်ကြည်နူးမှုနဲ့ ကောင်းမွန်လှပတဲ့ အနာဂတ်တွေ ဆောင်ကျဉ်းပေးနိုင်တယ်လို့ ဖုန်းရွှဲ့ (Feng Shui) ကဆိုထားပါတယ်။ အထူးသဖြင့်တောက်ပတဲ့ အရောင်အသွေးရှိတဲ့ ပန်းတွေကို အိမ်ရဲ့ဧည့်ခန်းလိုနေရာမျိုးမှာ အလှဆင်ထားရှိခြင်းက ရွှေငွေ များ သင့်အိမ်ကို စီးဆင်းဝင်ရောက်လာစေနိုင်ပါသတဲ့။ (၁၀) ရွှေငါးများ ရွှေငါးလေးတွေက သင့်အိမ်ကိုကျရောက်လာနိုင်တဲ့ အပျက်စွမ်းအားတွေကို စုပ်ယူထားနိုင်စွမ်းရှိတယ်လို့ ဖုန်းရွှဲ့ (Feng Shui) နိယာမမှာဖော်ပြထားပါတယ်။ ဒါတင်မကသေးဘဲ သူတို့က သင့်အိမ်မသားစုကို ကျန်းမာပျော်ရွှင်ခြင်း နဲ့ ကြွယ်ဝမှုတွေကို ပေးစွမ်းနိုင်ပါသတဲ့။ ဒါပေမယ့် ရွှေငါးလေးတွေရဲ့ အကောင်အရေအတွက် ကတော့အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ (၉) ကောင်မွေးမြူထားခြင်းပဲ ဖြစ်ပါတယ်။ ရွှေငါး (၉) ကောင် လာဘ်ကိုဆောင်ဆိုတာ ဒါကိုဆိုလိုတာ ထင်ပါရဲ့နော် ။ (၁၁) ဓာတ်(၅)မျိုး တရုတ်ရိုးရာ နည်းလမ်းတွေထဲက အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး တစ်ခုကတော့ အိမ်တွင်းမှာ သစ်သား၊ ရေ၊ သတ္တု၊ မြေကြီး၊ မီး စတဲ့ ဓာတ်(၅)မျိုးကို ထားရှိခြင်းပါပဲ။တရုတ်သမားတော်ကြီးတွေရဲ့ အဆိုအရ သစ်သား (သို့မဟုတ်) ရေကို အိမ်ရဲ့ဘဏ္ဍာရှိတဲ့နေရာမှာထားရင် ပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်။ (၁၂) လာဘ်ခေါ်တဲ့ကြောင်ကလေး လက်လေးတစ်ဖက်လှုပ်ကာ လက်ယပ်ခေါ်နေတဲ့ ဒီဖုန်းရွှေလာဘ်ခေါ် ကြောင်ရုပ်လေးတွေကိုတော့ လူအတော်များများ တွေ့ဖူးကြပါလိမ့်မယ်။ ရန်ကုန်မှာတော့ စီးပွားရေးလုပ်သူတွေ၊ ဆိုင်ဖွင့်သူတွေက လာဘ် ခေါ်ကြောင်ကို အဆောင်အဖြစ် အတော်သုံးစွဲကြတာကို တွေ့ရပါတယ်။ ဒီလာဘ်ခေါ်ကြောင်ကို ကံကောင်းစေတဲ့ကြောင်လို့လည်း ခေါ်ပါတယ်။ ဒီလာဘ်ခေါ်ကြောင်ရုပ်လေးက တရုတ်ပြည်ဘက်က တရုတ်လူမျိုးတွေ ယုံကြည်စွာနဲ့ဆောင်တဲ့ အဆောင်တစ်ခုပါ။ နောက်ပိုင်း ဂျပန်နိုင်ငံကလည်း ကြောင်ရုပ်လှလှလေးတွေလုပ်ပြီး လိုက်ဆောင်လာကြ တယ်လို့သိရပါတယ်။ လာဘ်ခေါ်ကြောင်ရုပ်လေးဟာ ရွှေရောင်၊ အမည်းရောင်၊ အဖြူရောင်၊ အနက်ရောင်… စသဖြင့် အရောင်အမျိုးမျိုးနဲ့ ပြုလုပ်ထားပါတယ်။ တချို့သူတွေက ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို တီရှပ်ပေါ်မှာ ရိုက်နှိပ်ပြီးဆောင်ကြပါတယ်။ တချို့ ကလည်း သော့တွဲကီးချိန်းမှာ ချိတ်ဆွဲတတ်ကြပါတယ်။ ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို ဆောင်ထားမယ်ဆိုရင်တော့ မိမိတို့ထံသို့ ကံကောင်းခြင်းတွေ ရောက်ရှိ လာအောင် ခေါ်ဆောင်ပေးနိုင်ခြင်း၊ လာဘ်များရောက်ရှိလာအောင် ခေါ်ဆောင်ပေးနိုင်ခြင်း၊ ချမ်းသာကြွယ်ဝမှုတွေ ရောက်ရှိလာအောင် ခေါ်ဆောင်ပေးနိုင်ခြင်း၊ အလုပ်အောင်မြင်စေနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်း များ အောင်မြင်စေနိုင်ခြင်း အကျိုးထူးတို့ ရရှိစေမှာဖြစ်ပါတယ်။ဒီလာဘ်ခေါ်ကြောင်ရုပ်လေးကို အိမ်မှာဆောင်ထားတာမျိုးကိုတော့ သိပ်မတွေ့ရပါဘူး။ အိမ်မှာဆောင် တဲ့သူဦးရေတော့ နည်းပါးတတ်ပါတယ်။ လာဘ်ခေါ်ကြောင်ရုပ်လေးကို အဆောင်အဖြစ်ထားမယ်ဆိုရင်တော့ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ရုံးခန်းတွေမှာ ထားရင် ပိုပြီးသင့်တော်ပါတယ်။ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ရုံးခန်းတို့ရဲ့ ငွေသိမ်းကောင်တာ၊ အလုပ်စားပွဲတို့မှာ ထားရှိသင့်ပါတယ်။ ထားရှိသင့်တဲ့ အသင့်လျော်ဆုံး အရပ်မျက်နှာအနေနဲ့ကတော့ အရှေ့တောင်ဘက်မှာ ထားပေးတာ အကောင်းဆုံးပါ။ (၁၃) ကျောက်လိပ် ကျောက်လိပ်ဆိုတာ လိပ်ပုံစံ အသေချာ မတူပါ အနည်းငယ်တူရုံမျှနဲ့ပင် စွမ်းပါတယ်။ ကျောက်ရေကန်လေးနဲ့ထားပေးရတယ်။ အနားမှာ ပေါက်ပေါက်ပွင့်ကျွေးရပါတယ်။ အိမ်အဝင် တံခါးဘက်ကို ခေါင်းလှည့်ရပါတယ်။ ဒါဆို လဘ်လာဘ အလွန်ပွင့်ပါတယ်။ကျောက်လိပ်ရှိပါလျှက် မွဲတေနေပါက ခေါင်းကိုပြောင်းပြန်ထားမိသောကြောင့်ပါ။ (၁၄) သစ်ကွင်း သစ်ကွင်းဆိုတိုင်း ကောင်းကျိုး ပေးသည်ဟု မထင်ပါနဲ့။ဆူူးပါသော အပင် နဲ့ခါးသောအပင်တို့မှရသော သစ်ကွင်းများကို အိမ်မှာ ချိတ်ဆွဲမိပါက မွဲပြာကျရုံမက လုူပါ ဒုက္ခတွေ့နိုင်ပါတယ် ။ဒါကြောင့် သေချာစီစစ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ရန်အန္တရာယ်များ နည်း၍ လာဘ်လာဘများပွင့်လန်းမှာ ဖြစ်ပါတယ်။ (၁၅) Dreamcatcher ( မြောက်အမေရိက) အမေရိကန် အရပ်ပုံပြင်တွေကနေ ဆင်းသက်လာတဲ့ Dreamcatcher လေးတွေကို ချည်မျှင် ၊ပုတီးစေ့ ၊ငှက်မွှေးတောင်တွေနဲ့ ပြုလုပ်ကြပါတယ်။တိုက်ရိုက်ဘာသာပြန်ရင် အိမ်မက်ဖမ်းသူလို့ ဆိုရမယ့် အဲဒီ အဆောင်လေးတွေဟာ နာမည်နဲ့ လိုက်ဖက်ညီပြီး အဲ့ဒီ အဆောင်ပစ္စည်းမှာ ပါဝင်တဲ့ ကွန်ယက်လေးက အိပ်မက်ဆိုးတွေကို ဖမ်းယူကာ မကောင်းတဲ့ ကံတွေကို အဝေးကို ပို့ဆောင်ပေးတယ်လို့ ယူဆကြပါတယ်။အိမ်မက်ဆိုးဆိုရင် သူ့မှာပါတဲ့ ပင့်ကူအိမ်၊ပိုက်ကွန်လို အရာနဲ့ ကာကွယ်ပေး ထားမယ်၊မနက်အလင်းရောက်ရင်တော့ အဲ့ဒီအိမ်မက်ဆိုးတွေကို ဖျက်စီး ပစ်တယ်၊လောင်ကျွမ်းအောင် လုပ်ပစ်တယ်လို့ ယုံကြည်ကြတာပါ။ အိမ်မက်ကောင်းတွေဆိုရင် သူ့မှာပါတဲ့ ငှက်မွှေးတွေကနေ တစ်ဆင့် လျှောဆင်းပြီး အသုံးပြုသူဆီရောက်အောင် ပို့ပေးမယ်လို့ ယုံကြည်ကြတာပါ။ အိမ်မက်ဆိုးတွေ မမက်အောင် ကာကွယ် ပေးနိုင်တယ်လို့ အယူရှိလာခဲ့တာဟာ ဒီနေ့ခေတ်အထိပါပဲ။သူ့မှာပါတဲ့ ပုတီးစေ့လေးတွေကဆိုရင် အိမ်မက်ကောင်းရဲ့ သင်္ကေတလို့ မှတ်ယူကြပါတယ်။အဲ့ဒီအဆောင်လေးတွေကို ပြတင်းပေါက်နားမှာ ချိတ်ဆွဲပြီးဖြစ်စေ အသုံးအဆောင်ပစ္စည်း တစ်ခုအနေနဲ့ ဖြစ်စေ အသုံးပြုတတ်ကြပါတယ်။ ဟုတ်ကဲ့ အခုဖော်ပြပေးခဲ့တာကတော့ ကံကြမ္မာနဲ့သက်ဆိုင်တဲ့ အစီအရင် တွေကြောင့်နာမည်ကျော်ခဲ့တဲ့ တရုတ်ဗေဒင် ပညာရှင်ကြီး ဖုန်းရွှဲ့ (Feng Shui) ရဲ့ နည်းနာမတွေ နဲ့ အခြားပညာရှင်တွေရဲ့ အဆိုတွေ၊ ကမ္ဘာ့နိုင်ငံအသီးသီးက ယုံကြည်မှုတွေကို တစ်ဆင့်ပြန်လည် ကိုးကားပြီး ဝေမျှပေးခြင်းပဲဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်ပြီး ကံကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်၊ တိုက်ခန်းတွေမှာ အတိတ်နိမိတ်ကောင်းအောင်၊လာဘ်လာဘတွေ ရွှင်လမ်းအောင် ဖုန်းရွှေ လိုအပ်သလား အိမ်အတွင်းအပြင် စီးပွားလာဘ်ပွင့်နည်း အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော် Credit By: Aunt May Posted By : Sint Sint, ShweProperty.com
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ