By Sint Sint, Shweproperty.com
Updated at 17 June 2021
အပင်လေးတွေက လေကောင်းလေသန့်တွေ ထုတ်ပေးတဲ့အပြင် သူတို့ဆီကရတဲ့ ရနံ့တစ်ချို့ကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး လူကို လန်းဆန်းစေပါတယ်။ နောက်ပြီး တစ်ချို့အပင်လေးတွေကတော့ လဘ်လာဘတိုးပွါးစေပြီး အိမ်အတွက် စီးပွါးဥစ္စာတွေ တိုးပွါးစေပါတယ်တဲ့။ ဒီအပင်လေးတွေက လှလည်းလှသလို လူတွေအတွက် အကျိုးကျေးဇူးတွေရှိလို့ ကိုယ့်ရဲ့အိမ်ထဲမှာ စိုက်ပျိုးသင့်တဲ့ အပင်လေးတွေ ဖြစ်ပါတယ်။ Jade Plant ကျောက်စိမ်းပင်လေးတွေက အိမ်တွေမှာ အလှသဘောနဲ့ အစိုက်များလာကြတဲ့ အပင်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ များစွာသော ကွဲပြားခြားနားတဲ့ ကျောက်စိမ်းပင်အမျိုးမျိုး ရှိပြီး သူက လူကို စွမ်းအင်တစ်မျိုး ရရှိစေသလို၊ စီးပွါးရေး အဆင်ပြေစေတယ်လို့ တရုတ်အယူအဆအရ သိရပါတယ်။ လှပတဲ့ အစိမ်းရင့်ရောင် ကျောက်စိမ်းပင်လေးတွေကို အိုးသေးသေးလေးတွေနဲ့ စိုက်ပျိုးကြသလို၊ ခမ်းခမ်းနားနား အိုးအကြီးကြီးတွေနဲ့လည်း စိုက်ပျိုးကြပါတယ်။ Bamboo အိမ်တွေမှာတော့ သိပ်စိုက်ပျိုးတာကို မတွေ့ရပေမယ့် ဟိုတယ်နဲ့ ပြခန်းတွေမှာတော့ အလှစိုက်ပျိုးထားတာမျိုး တွေ့ရတဲ့ ဝါးပင်လေးတွေဟာ ကိုယ့်အိမ်မှာ စိုးပျိုးသင့်တဲ့ အပင်တစ်မျိုးပါ။ ဝါးပင်လေးတွေကို ကိုယ့်ရဲ့ အိမ်မှာစိုက်ပျိုးထားခြင်းကြောင့် လဘ်ကောင်းခြင်းတွေနဲ့ ချမ်းသာခြင်း စတာတွေ ရောက်လာတတ်တယ်လို့ ဆိုပါတယ်။ Orchid လှပပြီး တင့်တယ်တဲ့ သစ်ခွတွေက ကြီးပွါးခြင်း၊ အောင်မြင်ထမြောက်ခြင်းနဲ့ ဖန်တီးနိုင်စွမ်း ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ နောက်ပြီး သူတို့ကို အိပ်ခန်းလေးထဲမှာ စိုက်ပျိုးထားခြင်းက စိတ်ကိုငြိမ်းချမ်းစေပြီး အေးချမ်းတဲ့ ဓာတ်တစ်မျိုးကို ပေးပါတယ်တဲ့။ ဒါကြောင့်ပဲ သစ်ခွဟာလည်း အိမ်မှာ စိုက်ပျိုးပေးသင့်တဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။ Peace Lily Peace lily တွေက လေထုညစ်ညမ်းမှုတွေကို စစ်ထုတ်ပေးပြီး လေကိုသန့်စင်ပေးတဲ့အတွက် လူတွေအတွက် တကယ့်ကို အကျိုးပြုတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျက်သရေ ရှိပြီး တင့်တယ်လှပတဲ့ peace lily တွေဟာ အိမ်ထဲမှာ စိုက်ပျိုးထားသင့်တဲ့ အပင်ဖြစ်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်ရှင်မတို့ ဒယ်အိုးနီဒယ်အိုးပြာအသုံးပြုသူများ သိထားရမည့် အချက် (၇) ချက် သင့်အိမ်ထဲကို ကံကောင်းခြင်း အငွေ့အသက်တွေ ရောက်ရှိလာစေမယ့် နည်း(၅)နည်း အိမ်မှာ နေ့စဉ်အသုံးပြုနေတဲ့ ဆားရဲ့ အံ့မခန်း အသုံးဝင်ပုံ (၁၀) မျိုး အိမ်တွေမှာ ကြမ်းပိုးပြဿနာတက်နေကြသူများအတွက် ကြမ်းပိုးပျောက်စေသောနည်း Credit : Aunty May Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ