By အောင်ကိုဦး, Shweproperty.com
Updated at 19 November 2013
မန္တလေးတိုင်းအတွင်းရှိ အိမ်ခြံမြေကွက်ဈေး နှုန်းများကို ကာလတန်ဖိုးစိစစ်သတ်မှတ်ပြီး စံဈေးနှုန်းများ သတ်မှတ်ရာတွင် နေရာအချို့၌ ပြင်ပပေါက် ဈေးထက် မြင့်မားနေသည်ဟု အိမ်ခြံမြေ အကျိုး တော်ဆောင်များကဆိုကြရာ အဆိုပါ ကိစ္စရပ်များ မှန်ကန်ပါကစိစစ်ဆောင်ရွက်ပြီး တိုင်းအစိုးရသို့ ပြန်လည်တင်ပြပေးမည်ဟု ပြည်တွင်းအခွန်များ ဦးစီး ဌာန၊ မန္တလေးတိုင်း အခွန်ဦးစီးမှူး ဦးသန်းဇော်ဝင်းက ဆိုသည်။
''ကာလတန်ဖိုးစံဈေးနှုန်းတွေကို သတ်မှတ်ရာမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ်ဦးစီးမှူးတွေ ကိုယ်တိုင် မြေပြင်အနေအထားအတိုင်း ကွင်းဆင်း လေ့လာဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ သက် ဆိုင်ရာ မြို့နယ်တွေက တက်လာတဲ့ ဈေးနှုန်းတွေကို စိစစ်ဆောင်ရွက်ပြီးတိုင်းဒေသကြီးအစိုးရက မြို့ တော်စည်ပင်သာယာရေးကော်မတီနဲ့ ညှိနှိုင်းဆုံးဖြတ် ပြီးမှ အတည်ပြုပေးတဲ့ စံဈေးနှုန်းတွေဖြစ်ပါတယ်။
စံဈေးနှုန်းသတ်မှတ်ပေးရခြင်း ရည်ရွယ်ချက်ကို အခွန်စည်းကြပ်ခံရမယ့် ပြည်သူတွေ အမှန်တကယ် ထမ်းဆောင်နိုင်တဲ့ နှုန်းထားဖြစ်အောင်၊ အခွန်ရှောင် ရောင်းဝယ်ခြင်း မပြုလုပ်ရင် နိုင်ငံတော်မှ ရသင့်ရ ထိုက်တဲ့ အခွန်ဘဏ္ဍာရရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အခုသတ်မှတ်ထားတဲ့ ဈေးနှုန်းတွေဟာ ပြင်ပမှာ တကယ်တန်း မပေါက်တဲ့ ဈေးနှုန်းတွေ ဖြစ်နေတယ် ဆိုရင် လိပ်စာနဲ့တကွလာရောက်တင် ပြနိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း တိုင်းဒေသကြီးအစိုးရကို ပြန်လည်တင်ပြဆောင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ဦးသန်းဇော်ဝင်းက ဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်မှ စတင်၍ ကာလတန်ဖိုး စိစစ်သတ်မှတ်ချက် စံဈေးနှုန်းများအတည်ပြုပြီး နောက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းအ ခွန်များဦးစီးဌာန၊ မြေကာလတန်ဖိုးသတ်မှတ်ရေး အဖွဲ့သို့ တန်ဖိုးသတ်မှတ်ပေးရန် လာရောက် လျှောက် ထားသည့် အရေအတွက်၅ဝကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်းရှိ အိမ်ခြံမြေကွက် စံဈေး နှုန်းများသတ်မှတ်ရာတွင် ပြင်ပပေါက်ဈေးအတိုင်း နှင့် အချို့နေရာများတွင် ပြင်ပပေါက်ဈေးများထက် မြင့်မားနေသဖြင့် အိမ်ခြံမြေအကျိုးတော် ဆောင်များ မှ အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက်ကိုသာ ထိ ခိုက်လာနိုင်ပြီး မြေဈေးနှုန်းကျဆင်းရန်နှင့် နိုင်ငံတော် အခွန်ရရှိမှုကို တိုးတက်နိုင်မည်မဟုတ်ဟု ဆိုကြသည်။
''၃၅ လမ်း၊ ရဲမွန်တောင်အပိုင်းမှာဆိုရင် တစ် ဧကကို အမြင့်ဆုံးသိန်းကိုးသောင်းလို့ စံသတ်မှတ် ထားပါတယ်။ တကယ်တန်း အရောင်းအဝယ်က သိန်းလေးသောင်းခွဲလောက်ပဲဖြစ်ပါတယ်။ မန္တလေး တစ်မြို့လုံးကို စံဈေးနှုန်းသတ်မှတ်ထားတာကို လေ့ လာကြည့်ရာမှာ အများစုက ပြင်ပပေါက်ဈေးတွေ ထက်မြင့်နေပြီး တချို့ကတော့ ပြင်ပပေါက်ဈေး၊တချို့တစ်ဝက်ကတော့ ပြင်ပပေါက်ဈေးထက်နိမ့်ပါ တယ်။ အောင်မြေသာစံမြို့နယ်တစ်ခုပဲ နိမ့်တယ်လို့ ထင်ပါတယ်။ ဒီလိုစံဈေးနှုန်းတွေသတ်မှတ်ပြီး အခွန် ကို ပေါက်ဈေးအတိုင်းဆောင်ရမယ်ဆိုတော့ တကယ် တမ်းနေထိုင်ဖို့ ဝယ်လိုတဲ့ ပြည်သူပြည်သားတွေ အတွက် အခွန်ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ အမှန် တကယ်ဆောင်လိုပေမယ့် သိန်း၂ဝဝဝတန် မြေကွက် ဝယ်ရင် အခွန်ကသိန်း၇၄ဝကျော် ဖြစ်နေပါပြီ။ မြေဈေးမှာအခွန်နှုန်းတွေကထပ်ပေါင်းပြီး မြေဈေးတွေ ပိုကြီးလာနိုင်တယ်''ဟု မန္တလေးမြို့မှ အိမ်ခြံမြေအ ကျိုးဆောင်တစ်ဦးက ပြောသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ