By Myanmar Times, Shweproperty.com
Updated at 17 January 2019
မကွေးတိုင်းအတွင်း ၂၀၁၈–၂၀၁၉ ဘဏ္ဍာ နှစ် (၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ)အတွင်း မကွေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် တိုင်းဒေသကြီး ဘတ်ဂျက် ငွေကျပ်သန်း ၂၀၃၀ ဖြင့် ဝန်ထမ်းအိမ်ရာ နှစ်လုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
"၂၀၁၈–၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် မကွေး တိုင်းဒေသကြီး ဘတ်ဂျက်ငွေဖြင့် မကွေးမြို့ တွင် ရှစ်ခန်းတွဲ ခြောက်ထပ် ၄၈ ခန်းပါ ဝန်ထမ်းအိမ်ရာ တစ်လုံးကို ဘတ်ဂျက်ရန်ပုံ ငွေကျပ်သန်း ၁၀၁၀ ဖြင့် လည်းကောင်း၊ ဂန့် ဂေါမြို့တွင် ရှစ်ခန်းတွဲ ခြောက်ထပ် ၄၈ ခန်းပါ ဝန်ထမ်းအိမ်ရာ တစ်လုံးကို ဘတ်ဂျက်ရန်ပုံ ငွေကျပ်သန်း ၁၀၂၀ ဖြင့်လည်းကောင်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မကွေး တိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန့်ကြားရေးမှူး ဦးသူရိန်က ပြောဆိုသည်။
ဆောက်လုပ်ပြီးစီး
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ခြောက်လဘတ်ဂျက်ကာလတွင် ပခုက္ကူ မြို့ မင်းဘူးမြို့၊ သရက်မြို့ သုံးမြို့တွင် ရှစ်ခန်း တွဲ ခြောက်ထပ် ဝန်ထမ်းအိမ်ရာ သုံးလုံးကို တိုင်းဒေသကြီးအခွန်ပိုလျှံငွေကျပ် သန်း ၁၈၀ဝ၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၉၉၇ ဒသမ ၅၁၀ သန်း၊ စုစုပေါင်း ရန်ပုံငွေကျပ် ၂၇၉၇ ဒသမ ၅၁၀ ဖြင့် ဆောက် လုပ်ပြီးစီးခဲ့သည်။
ပေးချေရမည်
ယင်းဝန်ထမ်းအိမ်ရာများ ဆောက်လုပ် ပြီးပါက အရာထမ်းဝန်ထမ်းအား လစာ၏ ငါးရာခိုင်နှုန်း၊ အမှုထမ်းဝန်ထမ်းအား လစာ၏ သုံးရာခိုင်နှုန်းတို့ဖြင့် ဝန်ထမ်းအိမ်ရာအခန်းခ ပေးချေရမည်ဖြစ်သည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ