By Sint Sint, Shweproperty.com
Updated at 27 November 2020
Unicode
နေမကောင်းဖြစ်ရတာ တကယ့်ကို စိတ်ပျက်စရာ အခြေအနေတစ်ခုပါပဲ။ ဒါပမယ့် ခုလို ဖြစ်ရတာ ညစ်ပတ်ပေရေနေတဲ့ ဘတ်စ်ကား သို့မဟုတ် စက်ရှုပ်ရွံရှာဖွယ် ကားလက်ကိုင်ကွင်းတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေလို့ နှာတရှုံ့ရှုံ့နဲ့ အပြစ်မတင်ခင် သင့်ကို ဖျားနာစေတာ သင့်အိမ်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုပါ။
သင့်အိမ်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝန်းကျင်တစ်ခုဖြစ်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာတော့…
သင့်အိမ်ရှိ စစ်ထုတ်ကိရိယာ (Filter) တွေ စစ်ဆေးလဲှလှယ်ပေးပါ
သင့်အိမ်မှ လေအေးပေးစက် filter များနဲ့ အပူပေးစနစ်များဟာ နှစ်စဉ် စစ်ဆေးပြီး ပုံမှန်ပြောင်းလဲ ပေးဖို့ လိုအပ်ပါတယ်။ လျစ်လျုရှူထားတဲ့အခါမှာ ပိတ်ဆို့မှုဖြစ်ခြင်းထက် ရောဂါဖြစ်ပွားစေတဲ့အရာတွေ ထုတ်လွတ်ပေးတတ်ပါတယ်။
ဖုန်ကို အလျင်စလို မစုပ်ထုတ်ပါနဲ့
အိမ်သန့်ရှင်းခြင်းက အရေးကြီးပါတယ်။ ဖုန်စုပ်တဲ့အခါ ဖြည်းဖြည်းချင်း လုပ်လေ၊ ပိုကောင်းလေဖြစ်ပါတယ်။ ဖုန်ကို လျင်မြန်စွာ စုပ်ထုတ်ခြင်းက ဖုန်တွေ ရှင်းပေးခြင်းထက် ဖုန်မှုန့်တွေ ပိုများစေပါတယ်။ အိတ်လေးပြည့်ပြီဆိုရင် ဖြုတ်ပြီး ရှင်းထုတ်ပေးရပါမယ်။ အိတ်ကို ရှင်းထုတ်တဲ့အခါ အီးကိုလိုင်း နဲ့ အစာအိမ် အဆိပ်သင့်စေတဲ့ ပိုးတွေ လေထဲ ပျံ့နှံ့စေနိုင်တယ်လို့ အရီဇိုးနားတက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနုဇီဝဗေဒ ပါမောက္ခ Charles Gerba, Ph.D က ဆိုပါတယ်။
ပန်ကာဖွင့်ပါ
ရေချိုးနေစဉ် ရေချိုးခန်းပန်ကာ ဖွင့်ထားခြင်းက ရေနွေးငွေ့နဲ့ အစိုဓာတ်ကို မှိုတက်မှုဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒီအချက်လေးတွေက မိသားစုထဲမှာ နှာစေးမှု၊ ရင်ကျပ်ခြင်းနဲ့ မျက်စိယားယံခြင်းတွေ ဖြစ် စေတတ်ပါတယ်။ မှိုက အထူးသဖြင့် ပန်းနာနဲ့ ဓာတ်မတည့်ဖြစ်သူများအတွက် အန္တရာယ်ရှိပါတယ်။
အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများ သန့်စင်ပစ်စေ
သန့်စင်ပစ္စည်းများ၊ ဆပ်ပြာမှုန့်နဲ့ လေထုသန့်စင်စက်တို့မှာ အဆိပ်သင့်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ထုတ်ကုန်အတော်များများမှာ တွေ့ရတဲ့ ဓာတုပစ္စည်းတစ်ခုဖြစ်တဲ့ phthalate က အရေပြားနဲ့ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပြီး မျိုးပွားမှု စနစ်ဖွံ့ဖြိုးမှုကို တောင် ထိခိုက်စေနိုင်ပါတယ်။ အိမ်ကို အနံ့အသက်ကောင်းမွန်စေဖို့ ပိုမိုဘေးကင်းလုံခြုံတဲ့ နည်းတွေ ရှိပါတယ်။ ရှောက်သီး(သံပုရာမျိုးဝင်) ခွံနဲ့ အနံ့သက်ကောင်းမွန်တဲ့ ဆေးဖက်ဝင်အပင်တွေ ဖြစ်ပါတယ်။ ဒီသဘာဝပစ္စည်းများမှာ အိမ်အတော်များများတွေမှာ တွေ့ရတဲ့ အန္တရာယ်ဖြစ်စေတဲ့ ရနံ့တွေ၊ ဆိုးဆေးတွေ မပါဝင်ပါ။
မီးဖိုချောင် ဘုံဘိုင်ခေါင်း သန့်စင်ပါ
ဘုံဘိုင်ခေါင်းပေါ်က သတ္တုအကာ သေးသေးလေးက ဘက်တီးရီးယားပွားတဲ့ အမြဲစိုစွတ်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ နောက်ဆုံး ဘက်တီးရီးများ ကျွတ်ထွက်ပြီး ပန်းကန် သို့မဟုတ် အစားအစာထဲ ရောက်သွားနိုင်ပါတယ်။ ဘက်တီးရီးယားတွေ နှိမ်နင်းဖို့အတွက် အဲဒီသတ္တုအကာလေးကို ဖြုတ်ပြီး အရောင်ချွတ်ဆေးပျော်ရည်ပျော့ပျော့ထဲ တစ်ပတ် (၁) ကြိမ် စိမ်ပြီး ပြန်မတပ်ခင် သေချာဆေးကြောပေးရပါမယ်။
ခြေသုတ်ခုံကို ဆေးကြောသန့်စင်ပါ
မကြာသေးမီလေ့လာမှုအရ ရှိုးဖိနပ် ၉၆% နီးပါးမှာ ဖျားနာမှုဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ထဲ ပါဝင်တဲ့ ဘက်တီးရီးယား အမျိုးအစားတစ်ခုဖြစ်တဲ့ coliform ပါဝင်ကြောင်း သိရပါတယ်။ ဘက်တီးရီးယားတွေ တားဆီးဖို့ ခြေသုတ်ခုံကို တစ်ပတ် (၂) ကြိမ် ပိုးသတ်ဆေးဖျန်းပြီး ဖိနပ်ကိုတော့ တံခါးပေါက်မကျော်ခင် ချွတ်ပေးရပါမယ်။
ရေခဲသေတ္တာ လေလုံပိတ် ရာဘာကို သန့်စင်ပေးပါ
အစားအသောက်တွေ မှိုမတက်အောင် ကာကွယ်ဖို့အတွက် သင့်ရေခဲသေတ္တ အတွင်းပိုင်းရှိ ရာဘာကို သန့်စင်ပေးဖို့ မမေ့ပါနဲ့။ အိမ်ခြေ ၁၆၀ မှာ ပြုလုပ်တဲ့ အရီဇိုးနားတက္ကသိုလ် စစ်တမ်းမှာ ၈၃% မှာ ရေခဲသေတ္တာလေလုံပိတ် ရာဘာပေါ် မှိုတက်နေကြောင်း တွေ့ရပါတယ်။ မိမိရေခဲသေတ္တာတံခါးမှာ ရောဂါပိုးတွေ ကင်းစေဖို့ အဲဒီဘာရာကို တစ်ပတ် (၁) ကြိမ် ပိုးသတ်ဆေး စိမ်ပေးပါ။
ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဆောင်းပါးများ
နွေရာသီတွင် AIR CON မလို မီတာခ တက်စရာမလိုပဲ နေအိမ်အား အေးအောင် ပြုလုပ်နည်းများ
သင်အိပ်နေတဲ့ ခေါင်းအုံးတွေကို သတိထားပါ ဒီညပဲ မအိပ်ခင် အပေါ်ဖုံးကို ချွတ်ကြည့်ကြပါနော်
ကျန်းမာရေးထိုခိုက်စေလို့ အိမ်မှာ မစိုက်သင့်တဲ့ အပင် (၁၀)မျိုး
Zawgyi
ေနမေကာင္းျဖစ္ရတာ တကယ့္ကို စိတ္ပ်က္စရာ အေျခအေနတစ္ခုပါပဲ။ ဒါပမယ့္ ခုလို ျဖစ္ရတာ ညစ္ပတ္ေပေရေနတဲ့ ဘတ္စ္ကား သို႔မဟုတ္ စက္ရႈပ္႐ြံရွာဖြယ္ ကားလက္ကိုင္ကြင္းေတြ၊ ဘတ္စ္ကားမွတ္တိုင္ေတြလို႔ ႏွာတရႈံ႕ရႈံ႕နဲ႔ အျပစ္မတင္ခင္ သင့္ကို ဖ်ားနာေစတာ သင့္အိမ္လည္း ျဖစ္ႏိုင္တယ္ဆိုတာ သတိျပဳပါ။
သင့္အိမ္ကို က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ဝန္းက်င္တစ္ခုျဖစ္ေအာင္ ဘယ္လိုေဆာင္႐ြက္မယ္ဆိုတာေတာ့…
သင့္အိမ္ရွိ စစ္ထုတ္ကိရိယာ (Filter) ေတြ စစ္ေဆးလဲွလွယ္ေပးပါ
သင့္အိမ္မွ ေလေအးေပးစက္ filter မ်ားနဲ႔ အပူေပးစနစ္မ်ားဟာ ႏွစ္စဥ္ စစ္ေဆးၿပီး ပုံမွန္ေျပာင္းလဲ ေပးဖို႔ လိုအပ္ပါတယ္။ လ်စ္လ်ဳရႉထားတဲ့အခါမွာ ပိတ္ဆို႔မႈျဖစ္ျခင္းထက္ ေရာဂါျဖစ္ပြားေစတဲ့အရာေတြ ထုတ္လြတ္ေပးတတ္ပါတယ္။
ဖုန္ကို အလ်င္စလို မစုပ္ထုတ္ပါနဲ႔
အိမ္သန႔္ရွင္းျခင္းက အေရးႀကီးပါတယ္။ ဖုန္စုပ္တဲ့အခါ ျဖည္းျဖည္းခ်င္း လုပ္ေလ၊ ပိုေကာင္းေလျဖစ္ပါတယ္။ ဖုန္ကို လ်င္ျမန္စြာ စုပ္ထုတ္ျခင္းက ဖုန္ေတြ ရွင္းေပးျခင္းထက္ ဖုန္မႈန႔္ေတြ ပိုမ်ားေစပါတယ္။ အိတ္ေလးျပည့္ၿပီဆိုရင္ ျဖဳတ္ၿပီး ရွင္းထုတ္ေပးရပါမယ္။ အိတ္ကို ရွင္းထုတ္တဲ့အခါ အီးကိုလိုင္း နဲ႔ အစာအိမ္ အဆိပ္သင့္ေစတဲ့ ပိုးေတြ ေလထဲ ပ်ံ႕ႏွံ႔ေစႏိုင္တယ္လို႔ အရီဇိုးနားတကၠသိုလ္မွ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အႏုဇီဝေဗဒ ပါေမာကၡ Charles Gerba, Ph.D က ဆိုပါတယ္။
ပန္ကာဖြင့္ပါ
ေရခ်ိဳးေနစဥ္ ေရခ်ိဳးခန္းပန္ကာ ဖြင့္ထားျခင္းက ေရေႏြးေငြ႕နဲ႔ အစိုဓာတ္ကို မႈိတက္မႈျဖစ္ျခင္းမွ ကာကြယ္ေပးပါတယ္။ ဒီအခ်က္ေလးေတြက မိသားစုထဲမွာ ႏွာေစးမႈ၊ ရင္က်ပ္ျခင္းနဲ႔ မ်က္စိယားယံျခင္းေတြ ျဖစ္ ေစတတ္ပါတယ္။ မႈိက အထူးသျဖင့္ ပန္းနာနဲ႔ ဓာတ္မတည့္ျဖစ္သူမ်ားအတြက္ အႏၲရာယ္ရွိပါတယ္။
အဆိပ္အေတာက္ျဖစ္ေစေသာ ပစၥည္းမ်ား သန႔္စင္ပစ္ေစ
သန႔္စင္ပစၥည္းမ်ား၊ ဆပ္ျပာမႈန႔္နဲ႔ ေလထုသန႔္စင္စက္တို႔မွာ အဆိပ္သင့္ေစတဲ့ ပစၥည္းေတြ ပါဝင္ပါတယ္။ ထုတ္ကုန္အေတာ္မ်ားမ်ားမွာ ေတြ႕ရတဲ့ ဓာတုပစၥည္းတစ္ခုျဖစ္တဲ့ phthalate က အေရျပားနဲ႔ ဓာတ္မတည့္မႈေတြ ျဖစ္ေစႏိုင္ၿပီး မ်ိဳးပြားမႈ စနစ္ဖြံ႕ၿဖိဳးမႈကို ေတာင္ ထိခိုက္ေစႏိုင္ပါတယ္။ အိမ္ကို အနံ႔အသက္ေကာင္းမြန္ေစဖို႔ ပိုမိုေဘးကင္းလုံၿခဳံတဲ့ နည္းေတြ ရွိပါတယ္။ ေရွာက္သီး(သံပုရာမ်ိဳးဝင္) ခြံနဲ႔ အနံ႔သက္ေကာင္းမြန္တဲ့ ေဆးဖက္ဝင္အပင္ေတြ ျဖစ္ပါတယ္။ ဒီသဘာဝပစၥည္းမ်ားမွာ အိမ္အေတာ္မ်ားမ်ားေတြမွာ ေတြ႕ရတဲ့ အႏၲရာယ္ျဖစ္ေစတဲ့ ရနံ႔ေတြ၊ ဆိုးေဆးေတြ မပါဝင္ပါ။
မီးဖိုေခ်ာင္ ဘုံဘိုင္ေခါင္း သန႔္စင္ပါ
ဘုံဘိုင္ေခါင္းေပၚက သတၱဳအကာ ေသးေသးေလးက ဘက္တီးရီးယားပြားတဲ့ အၿမဲစိုစြတ္ရာ ေနရာတစ္ခု ျဖစ္ပါတယ္။ ေနာက္ဆုံး ဘက္တီးရီးမ်ား ကြၽတ္ထြက္ၿပီး ပန္းကန္ သို႔မဟုတ္ အစားအစာထဲ ေရာက္သြားႏိုင္ပါတယ္။ ဘက္တီးရီးယားေတြ ႏွိမ္နင္းဖို႔အတြက္ အဲဒီသတၱဳအကာေလးကို ျဖဳတ္ၿပီး အေရာင္ခြၽတ္ေဆးေပ်ာ္ရည္ေပ်ာ့ေပ်ာ့ထဲ တစ္ပတ္ (၁) ႀကိမ္ စိမ္ၿပီး ျပန္မတပ္ခင္ ေသခ်ာေဆးေၾကာေပးရပါမယ္။
ေျခသုတ္ခုံကို ေဆးေၾကာသန႔္စင္ပါ
မၾကာေသးမီေလ့လာမႈအရ ရႈိးဖိနပ္ ၉၆% နီးပါးမွာ ဖ်ားနာမႈျဖစ္ပြားေစတဲ့ အေၾကာင္းအရင္းတစ္ထဲ ပါဝင္တဲ့ ဘက္တီးရီးယား အမ်ိဳးအစားတစ္ခုျဖစ္တဲ့ coliform ပါဝင္ေၾကာင္း သိရပါတယ္။ ဘက္တီးရီးယားေတြ တားဆီးဖို႔ ေျခသုတ္ခုံကို တစ္ပတ္ (၂) ႀကိမ္ ပိုးသတ္ေဆးဖ်န္းၿပီး ဖိနပ္ကိုေတာ့ တံခါးေပါက္မေက်ာ္ခင္ ခြၽတ္ေပးရပါမယ္။
ေရခဲေသတၱာ ေလလုံပိတ္ ရာဘာကို သန႔္စင္ေပးပါ
အစားအေသာက္ေတြ မႈိမတက္ေအာင္ ကာကြယ္ဖို႔အတြက္ သင့္ေရခဲေသတၱ အတြင္းပိုင္းရွိ ရာဘာကို သန႔္စင္ေပးဖို႔ မေမ့ပါနဲ႔။ အိမ္ေျခ ၁၆၀ မွာ ျပဳလုပ္တဲ့ အရီဇိုးနားတကၠသိုလ္ စစ္တမ္းမွာ ၈၃% မွာ ေရခဲေသတၱာေလလုံပိတ္ ရာဘာေပၚ မႈိတက္ေနေၾကာင္း ေတြ႕ရပါတယ္။ မိမိေရခဲေသတၱာတံခါးမွာ ေရာဂါပိုးေတြ ကင္းေစဖို႔ အဲဒီဘာရာကို တစ္ပတ္ (၁) ႀကိမ္ ပိုးသတ္ေဆး စိမ္ေပးပါ။
ဖတ္ရႈမႈအမ်ားဆုံး အိမ္ၿခံေျမေဆာင္းပါးမ်ား
ေႏြရာသီတြင္ AIR CON မလို မီတာခ တက္စရာမလိုပဲ ေနအိမ္အား ေအးေအာင္ ျပဳလုပ္နည္းမ်ား
သင္အိပ္ေနတဲ့ ေခါင္းအုံးေတြကို သတိထားပါ ဒီညပဲ မအိပ္ခင္ အေပၚဖုံးကို ခြၽတ္ၾကည့္ၾကပါေနာ္
က်န္းမာေရးထိုခိုက္ေစလို႔ အိမ္မွာ မစိုက္သင့္တဲ့ အပင္ (၁၀)မ်ိဳး
Credit : Trend Myanmar
Photo Credit : Secularvaluesvoter
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ