By 7daydaily, Shweproperty.com
Updated at 6 January 2016
မန္တလေးမြို့တွင် အိမ် ခြံမြေဈေး ကျဆင်းရေးအတွက် မြေယာ လိုအပ်ချက်ဖြည့်ဆည်း ရန်သာမက မြေယာဝယ်ယူသူများ ကို ဥပဒေအရ စနစ်တကျစိစစ် ရန် လိုအပ်ကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများက ပြောသည်။
မြန်မာနိုင်ငံရှိ မြို့ကြီးများ တွင် အိမ်ခြံမြေလိုအပ်ချက်မြင့် မားရခြင်းအကြောင်းရင်းမှာ ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများတွင် စီးပွား ရေး အခွင့်အလမ်းနည်းပါးခြင်း၊ တရားမဝင် စီးပွားရေး လုပ်ငန်း များမှ ရရှိလာသော ငွေမည်းများကို အိမ်ခြံမြေဈေးကွက်၌ လာ ရောက်ရင်းနှီးမြှုပ်နှံကြခြင်း၊ လူဦး ရေများပြားခြင်းနှင့် စီးပွားရေးဖွံ့ ဖြိုးလာခြင်းကြောင့် ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ဆို သည်။ အိမ်ခြံမြေဈေးပြန်လည်ကျ ဆင်းလာစေရန် မြေယာလိုအပ် ချက်ကို အစိုးရက ဖြည့်ဆည်းပေး ရေး လိုအပ်သည့်အပြင် မြေယာ ဝယ်ယူသူများကို ဥပဒေအရ စိစစ်ခြင်း၊ အစိုးရ ဌာနများ၏ အဂတိ လိုက်စားခြင်းကို တိုက်ဖျက်ပြီး အခွန်ဥပဒေကို စနစ်တကျဖော်ဆောင်ပေးရန် အရေးကြီး သည်ဟု မန္တလေးမြို့မှ စီးပွားရေး ပညာရှင် ဦးအောင်စည်သူမြင့်က ပြောသည်။
‘‘အခွန်ဥပဒေတွေတော့ရှိ တယ်။ လက်တွေ့မှာတော့ မလိုက်နာကြဘူး။ အဲဒါတွေကို စိစစ်လိုက်ရင်တော့ ငွေမည်းဝင်လာမှုတော့ ရပ်တန့်သွားမှာပဲ။ လူဦးရေတိုး ပွားလာတော့ မြေယာပိုပြီးလိုအပ် လာတာမှန်ပေမယ့် အခုဟာက လိုတာထက်ပိုနေပြီး လောဘတွေ ကြောင့် ဖြစ်နေရတာ။ အစိုးရရဲ့ ၂၀၁၅ နောက်ပိုင်းမှာ လယ်ယာ မြေတွေကို အသုံးချခွင့်အများကြီး ပေးလာတာက မှားတယ်လည်း မဟုတ်ဘူး။ မှန်တယ်လည်း မ ဟုတ်ဘူး။ အဓိက စနစ်ကျဖို့လို တယ်’’ဟု ၎င်းက ပြောသည်။
မန္တလေးအိမ်ခြံမြေဈေးကွက် ၏ အဓိကဝယ်လက်များသည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး ပြည်တွင်းဝယ်လက်များမှာ ကျောက်စိမ်းလုပ်ငန်းရှင်များနှင့် တိုင်းရင်းသားသူဌေးများဖြစ်ကြ သည်။ ၂၀၁၅ နှစ်စမှစတင်၍ တရုတ်နိုင်ငံ၌ စီးပွားရေးကျဆင်းလာခြင်း၊ မြန်မာ-တရုတ်နယ်စပ်များတွင် အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ပွဲများဖြစ်ပွားပြီး နယ်စပ်မတည်ငြိမ်မှုကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ကျဆင်းခဲ့သည်။
ဦးသိန်းစိန် အစိုးရ လက် ထက် ငါးနှစ်အတွင်း ၂၀၁၅ နှစ်စ ပိုင်းမှစ၍ အစိုးရ၏ မြေယာပေါ် လစီများ မှန်ကန်လာခြင်းကြောင့် မြေယာဈေး တည်ငြိမ်စ ပြုလာသည်ဟု မန္တလေးတိုင်းအိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က ဆိုသည်။
‘‘မြန်မာနိုင်ငံ မြေဈေးတွေ ကြီးမြင့်ရတဲ့အထဲမှာ အဂတိလိုက် စားလို့လည်း ပါပါတယ်။ ဒါပေမဲ့ ဒါကို ဖြေရှင်းမယ့်အစား မြေယာ လိုအပ်ချက်ကို ဖြေရှင်းပေးရင် ပို ပြီးလွယ်ကူပါတယ်။ စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာပြီး ရင်းနှီးမြှုပ်နှံ ဖို့ အခွင့်အလမ်းတွေ တိုးပွားလာ ရင် မြေဈေးက သူ့အလိုလိုပြန် ငြိမ်သွားမှာပါ’’ဟု ၎င်းက သုံးသပ် သည်။၂၀၁၂ လယ်ယာမြေဥပဒေ သစ်အတည်ပြုပြဋ္ဌာန်းပြီး နောက် ပိုင်းတွင် တောင်သူများသည် မိမိ တို့ လယ်ယာမြေများကို ပိုင်ဆိုင် ခွင့်ရှိလာပြီး ရောင်းချခွင့်၊ အခြား မြေအဖြစ် ပြောင်းလဲအသုံးပြုခွင့် ရှိလာခဲ့သည်။ မန္တလေး အိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့် နိုဝင်ဘာမှစတင်၍ အရောင်းအဝယ် ပြန်ဖြစ်လာခဲ့သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ