By Irrawaddy, Shweproperty.com
Updated at 24 May 2016
မန္တလေးမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေး၌ နေထိုင်သည့် ကျူးများအတွက် မန္တလေးမြို့တော် စည်ပင်သာယာ ကော်မ တီ က မတ်လအတွင်းက မဲနှိုက်၍ ချထားပေးခဲ့သည့် အငှားအိမ်ရာတိုက်ခန်းများတွင် ဧပြီလကုန်ပိုင်းမှ စတင် ကာ အရောင်း အဝယ်ပြုလုပ်မှု များရှိနေပြီး အဆိုုပါ အရောင်းအဝယ်ပြုလုုပ်မှုများသည် တရားမဝင် ကြောင်း မန္တလေးစည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောဆိုုသည်။
“အငှားတိုက်ခန်းအဖြစ် ချထားပေးတာဖြစ်ပြီး ရောင်းဝယ်ခွင့်မရှိပါဘူး။ အရောင်းအဝယ်လုပ်တာကို တိတိကျကျ တိုင်ရင် အရေးယူသွားမယ်၊ အမှန်တကယ် အရောင်းအဝယ်ဖြစ်နေပါတယ်ဆိုရင်လည်း သိတဲ့သူက တာဝန် သိစွာနဲ့ တိုင်ကြားပေး ကြဖို့ တိုက်တွန်းချင်ပါတယ်၊ ကျနော် တို့အနေနဲ့ ရှောင်တခင်စစ်ဆေးသွားဖို့လည်း လုပ် နေ ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
အဆိုပါ အငှားအိမ်ရာ တိုက်ခန်းများ အရောင်းအဝယ်ဖြစ်နေရာတွင် မြေညီထပ် တစ်ခန်းကို ကျပ်၂၅ သိန်း မှ သိန်း ၃၀ ဝန်းကျင်၊ ပထမထပ် တစ်ခန်းကို ကျပ် ၁၅သိန်းဝန်းကျင်၊ ဒုတိယထပ် တစ်ခန်းကို ကျပ် ၁၀သိန်း ဝန်းကျင်နှင့် တတိယထပ်(အပေါ်ဆုံးထပ်)တွင် ၇-သိန်းကျပ်ဝန်းကျင် ဈေးခေါ်ကာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
“ကျမတို့က အငှားအိမ်ရာမှာ မဲနိုက်ပြီးမှ နေရာရခဲ့တာပါ၊ စည်ပင်က စာချုပ်ထဲမှာ အရောင်း၊အဝယ် မလုပ်ရဘူး လို့ပါပေ မယ့် ခုလို အရောင်းအဝယ်တွေဖြစ်နေတော့ ကျွန်မတို့ အမှန်တကယ်နေထိုင်သူတွေအတွက် စိုးရိမ်ရ တယ်၊ စည်းကမ်းအရ အရောင်းအဝယ်ပြုလုပ်မယ်ဆိုရင် ပြန်သိမ်းမယ်လို့ပါတယ်လေ”ဟု နှင်းဆီအိမ်ရာ အငှား နေထိုင်ခွင့်ရသည့် မမိုးမိုးက ပြောသည်။
မန္တလေးတွင် အငှားအိမ်ရာတည်ဆောက်ခြင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အောင်မြေသာစံမြို့နယ်၊ မြို့ပတ်ကမ်းနားလမ်းရှိ မန္တလေးစည်ပင်ပိုုင် မြေကွက် ၃ ကွက်တွင် ၁၂ ခန်းတွဲ ၆ ထပ် အဆောက်အအအုုံ ၂၂လုံး ကို ကျပ်ငွေသန်းပေါင်း ၁၁၀၀၀ အကုန်အကျခံကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တည် ဆောက် ပေးခဲ့ ခြင်းဖြစ်ပြီး အခန်းပေါင်း ၁၅၈၄ ခန်း ပါဝင်ကာ မန္တလေးမြို့တွင် ပထမဆုံး တည်ဆောက်ခဲ့ သည့် အငှားအိမ်ရာစီမံကိန်းတခုုဖြစ်သည်။
အဆိုပါ အငှားအိမ်ရာများကိုု ဧရာဝတီမြစ်ကမ်းနားတလျှောက် အောင်မြေသာစံမြို့နယ်၊ ချမ်းအေး သာစံ မြို့နယ် နှင့် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ် မြစ်ကမ်းပါး၌ ယာယီတဲများဖြင့် နေထိုင်ကြသော ကာယ လုပ်သား များကိုု မဲနှိုက်စနစ်ဖြင့် ချထားပေးခဲ့ရာ တိုက်ခန်းငှားရမ်းခွင့်ရရှိထားသူ ၁၂၀၆ ဦးရှိခဲ့ ကြောင်း၊ အိမ်ရာ မဲ့များ ကျူးကျော်နေထိုင်သည့် ပြဿနာကို ဖြေရှင်းသည့် အနေဖြင့် အငှားအိမ်ရာများ တည်ဆောက် ပေးခြင်း ဖြစ်ပြီး အငှားအိမ်ရာတွင် အမှန်တကယ်အိမ်ယာမဲ့ ကျူးကျော်သူများအတွက် လစဉ်ငှားရမ်းခအဖြစ် တစ်လလျှင် ကျပ်သုံး သောင်းနှုန်းဖြင့် ငှားရမ်းပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။
Ref : Irrawaddy
Photo Credit : Irrawaddy
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ