By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 26 June 2018
အစိုးရက မြန်မာတစ်နိုင်ငံလုံးရှိ မြို့များတွင် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိသည်။ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တန်းဖိုးမြင့်၊ တန်ဖိုးမျှ ၊ တန်ဖိုးသင့် ၊ တန်ဖိုးနည်း စသည့် အိမ်ရာစီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နှင့် နေပြည်တော်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ Pilot Project အနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် အောင်မြေမန္တလာတန်ဖိုးမျှတအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် မတည်ငွေမပါဘဲ ဘဏ်နှင့် ဝယ်ယူသူ၏ စုဆောင်ငွေဖြင့် အဆိုပါ စီမံကိန်းတွင် တိုက်ခန်းပေါင်း ၅၄၀ ကို ပုသိမ်ကြီးမြို့နယ် အတွင်းရှိ မဲကုန်းကျေးရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်သည်။
စီးမံကိန်းတွင်တည်ဆောက်မည့် တိုက်ခန်းတစ်ခန်း၏ အကျယ်အဝန်းသည် ၇၄၀ စတုရန်းပေ အကျယ်အဝန်းရှိပြီး လေးခန်းတွဲ ငါးထပ်တိုက် အလုံးရေ ၂၀ အထိ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
CHID Bank ၏ ရင်းနှီးမြှုပ်နှံငွေ ၇၀ ရာခိုင်နှုန်း နှင့် အဆိုပါ ဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုဆောင်းထားသူများထံမှ ၃၀ ရာခိုင်နှုန်းဖြင့် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ တည်ဆောက်ရာတွင် အခန်းတစ်ခန်း၏ ကုန်ကျစရိတ်သည် သိန်း ၁၉၀ ခန့်ရှိသည် ဟုဆိုသည်။
အောင်မြေမန္တလာ အိမ်ရာစီမံကိန်းတည်ဆောက်ရေးအတွက် Master Plan ရေးဆွဲထားပြီး ကုန်ကျစရိတ် တန်ဖိုးများတွက်ချက်ထားပြီးဖြစ်ကြောင်း သိရသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Nationmultimedia
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ