By Sint Sint, Shweproperty.com
Updated at 29 October 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လိုအပ်ချက်နှင့် လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဦးဆောင် မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန ခုတင် ၃၀၀ ဆံ့ ဧရာဝတီစင်တာကို တည်ဆောက် လျက်ရှိသည်။
ဧရာဝတီ ဖောင်ဒေးရှင်းသည် မန္တလာသီရိအားကစားကွင်းအတွင်း HDU နှင့် Oxygen Therapy ခုတင် ၁၀၀ ပါဝင်သည့် ခုတင် ၃၀၀ ဆံ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ချမ်းမြသာစည်) ဧရာဝတီစင်တာကို စတင် တည်ဆောက်လျက်ရှိပြီး လုပ်ငန်းအမြန်ဆုံးပြီးစီးရန် ဆောင်ရွက်လျက်ရှိသည်။
ဧရာဝတီစင်တာ တည်ဆောက်ရေးအတွက် ပြည်ပမှ မှာယူတင်သွင်းခဲ့သော Tent များ၊ ဆေးရုံသုံးခုတင်နှင့် ဆက်စပ်ပစ္စည်း များလည်း ရောက်ရှိနေပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး ပေးနိုင်မည့် Test & Care စင်တာ တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။
ဧရာဝတီ ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားကတည်းက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ ကူညီဆောင် ရွက်ပေးလျက်ရှိပြီး ရန်ကုန်မြို့တွင် လည်း ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာကို တည်ဆောက် ဆောင်ရွက်ပေးလျက်ရှိကာ ရောဂါကူးစက်ခံထားရသည့်လူနာများအပြင် အရေးပေါ်လူနာများအား ကုသပေးနိုင် မည့် ICU နှင့် HDU စင်တာများကိုလည်း ထည့်သွင်းဆောက်လုပ်ထားသည်။
နောက်ဆုံးရ သတင်းများ
ရန်ကုန်မြို့သစ်စီမံကိန်းသစ် EOI အတွက် မြန်မာ့ထိပ်သီးဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပါဝင်သောအဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလျှောက်ထား
စင်္ကာပူနိုင်ငံထက် (၂) ဆ ကျယ်ဝန်းမည့် ရန်ကုန် အနောက်ဘက်ကမ်း မြို့သစ် စီမံကိန်း စတင်တည်ဆောက်
ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်၊ ပထမအဆင့် (၉)နိုင်ငံမှ EOI များ လက်ခံရရှိ
ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်လုပ်ငန်းစဉ်များစတင်
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ