By Democracy Today, Shweproperty.com
Updated at 24 December 2018
အိမ်ခြံမြေ ရာဖြတ်တန်ဖိုးစံနှုန်းများကို လျှော့ချသတ်မှတ်၍ ထုတ်ပြန်ပြီးနောက် မန္တလေးမြို့၊ အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်ပိုမိုဖြစ်လာပြီး ယခုရက်ပိုင်းအတွင်း ပြည်ကြီး တံခွန်မြို့နယ်အတွင်းရှိနေရာတချို့ အဝယ်လိုက်လာကြောင်း အိမ် ခြံမြေအကျိူးတော်ဆောင် လုပ်ငန်းများနှင့် မြေပွဲစားများထံမှ သိရသည်။
''၁ဝရာခိုင်နှုန်းကနေ ၃ဝရာခိုင် နှုန်းအထိလျှော့ချထားတဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ထုတ်ပြန်ပြီးတဲ့နောက် အရောင်းအဝယ်က တဖြည်းဖြည်း ကောင်းလာရာမှာ ရောင်းမထွက်တာကြာပြီဖြစ်တဲ့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက နေရာတချို့ကိုတောင် ဝယ်လက်တွေ့ရှိ လာပါတယ်။ ဈေးနှုန်းတက်လာတာမျိုးတွေမရှိသေးဘူး။ စီးပွားရေးလုပ်ငန်းလုပ်ဖို့နဲ့ မိသားစုနေထိုင် ကြဖို့အတွက်ဝယ်ကြတာပါ။ အခုအချိန်အခါဟာ မြေကွက်တွေကို ထုတ်ရောင်းဖို့သင့်တဲ့ အခြေအနေ ကောင်းတစ်ခုဖြစ်ပြီး တချို့က တော့ ဈေးကွက်အနေအထားကို ဆက်လက်စောင့်ကြည့်နေကြပါတယ်။ ၂ဝ၁၃ခုနှစ်ကနေ ၂ဝ၁၈ ခုနှစ်အထိ ငါးနှစ်အတွင်းမှာ ဈေး နှုန်းတွေက ၃ဝ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့တာကြောင့်ရာ ဖြတ်တန်ဖိုးစံနှုန်းတွေကို လျှော့ချသတ်မှတ်ခဲ့ပေမယ့် ၂ဝ၁၉ခုနှစ်မှာ ဈေးကွက်ပြန်လည်ဦးမော့လာ ဖို့တော့ အချိန်ယူရဦးမှာဖြစ်ပါတယ်'' ဟု မန္တလေးမြို့အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်း လုပ် ကိုင်နေသူ ဦးထွန်းနိုင်ကဒီဇင်ဘာ ၂၂ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။
ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ တန်ဖိုးသင့်တင့်သည့်မြေကွက်များအပြင် ရဲမွန်တောင်၊ ထွန်တုံး၊ ထန်းကိုးပင်၊ မြရည်နန္ဒာ၊ အောင်ပင်လယ်ရပ်ကွက်တို့နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျပ်သိန်းတစ်ထောင်အောက် နေအိမ် ခြံဝင်းများ အရောင်းအသွက်ဆုံး ဖြစ်ကာ အငှားဈေးနှုန်းများမှာပြန်လည်တည်ငြိမ်လာကြောင်း၊ အဝယ်ထက် အရောင်းကပိုမိုနေဆဲဖြစ် ကြောင်း၊ မြရည်နန္ဒာမြို့သစ်ပိုင်း၊ လမ်း ၅ဝ၊ ၅၁လမ်း၊ ၅၂လမ်းဘက် တွင် လမ်းမေးတင်မြေကွက်များမှာ ကျပ်သိန်းတစ်ထောင်ဝန်းကျင်၊ လမ်းကြားကွက်များမှာ ငွေကျပ်သိန်းလေးရာမှ ငွေကျပ်သိန်း ခုနစ်ရာကြားအထိ၊ တတ၊ ထထ၊ ဒဒ၊ အပိုင်းတို့တွင် ငွေကျပ်သိန်း ၅ဝဝ ဝန်းကျင်၊ စက်မှုဇုန်အနီး လမ်းမြေ တင်မြေကွက်များမှာ ငွေကျပ်သိန်း ၈ဝဝမှ ငွေကျပ်သိန်း ၂ဝဝဝ အထိ ဈေးနှုန်းအသီးသီးရှိကြောင်း ဈေးကွက်မှသိရသည်။
Ref : Democracy Today & Yangon Media
Posted : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ