By Myanmar Builders Guide, Shweproperty.com
Updated at 7 May 2019
မန္တလေးမြို့သိပ္ပံလမ်းတွင် စီးပွားရေးဆိုင်ရာအဆောက်အအုံများပါဝင်သည့် Mixed - Use Development Project ဆောင်ရွက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။
မန္တလေးမြို့ချမ်းမြသာစည် မြို့နယ် ၆၉ လမ်းနှင့် လမ်း၇၀ ကြား၊ ပိတောက်လမ်းနှင့် သိပ္ပံလမ်းကြားရှိ မြေဧရိယာ ၅ဒသမ၆ ဧကပေါ်တွင် ဆောင်ရွက်မည့် အဆိုပါ စီမံချက်ကို တိုင်းဒေသကြီး အစိုးရက တိုင်းလွှတ်တော်သို့ မေလ ၃ ရက်က တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ သည်။
စီမံချက်ကို တာဝန်ယူ ဆောင်လုပ်ရန် တင်ဒါခေါ်ယူမှု အဆင့်ဆင့်ပြုလုပ်ပြီး Mandalay Taungthaman Development ကိုတင်ဒါအောင်မြင်သူအဖြစ် တိုင်းဒေသကြီး အစိုးရကကြေ ညာခဲ့သည်။
‘‘အခု အကောင်အထည် ဖော်မယ့် Mixed - Use Development Project ကတိုင်း ဒေသကြီးအစိုးရအတွက် ဘဏ္ဍာရန်ပုံငွေရရှိစေပြီး မန္တလေးမြို့မှာ စီးပွားရေးအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လာမယ့်အပြင် လူငယ်တွေအတွက် ပြည်တွင်း၊ ပြည်ပနည်း ပညာအသစ် တွေမျှဝေနိုင်ဖို့ရည်ရွယ်ပါတယ်’’ ဟု ဦးဇာနည်အောင်က ပြောသည်။
စီမံချက်တွင် နည်းပညာ များမျှဝေနိုင်မည့် Innovation Center၊ ခေတ်မီပညာရေးပံ့ပိုးမှုများရရှိနိုင်မည့် Education Center များနှင့် Community Center များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရင်းနှီးတည်ဆောက်မှု ကုန်ကျစရိတ် စုစုပေါင်းကျပ် ဘီလီယံ ၉၀ ဖြစ်ပြီး ကုမ္ပဏီကမန္တလေးတိုင်း ဒေသကြီးအစိုးရသို့ Commercial Component စတင်လည်ပတ်ချိန်မှ တစ်လအတွင်း မြေအသုံးချစရိတ် ကျပ်သန်း ၂,၀၀၀၊ Shopping Mall အတွက် နှစ်စဉ် ငှားရမ်းခကျပ်သန်း ၁,၀၀၀၊ Retial Mall ငှားရမ်းခအသား တင်အမြတ်၏ ၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်သွင်းချက်တွင် ဖော်ပြထားသည်။
စီမံချက်၏ Commercial Component နှင့် Residential Component တို့အတွက် တစ်ဦး တည်း စီမံအုပ်ချုပ်ခွင့်ကို MICက ချမှတ်ထားသည့် စည်းကမ်းချက်များအတိုင်းနှစ်(၅၀)နှင့် ထပ် ဆောင်း (၁၀) နှစ် နှစ်ကြိမ်တိုးမြှင့် ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
လက်ရှိတွင်အဆိုပါစီမံချက် ကို စတင်နိုင်ရန်တင်ဒါအောင် ကုမ္ပဏီနှင့်ညှိနှိုင်းနေပြီး စီမံကိန်း ကာလကို စတင်ချိန်မှ ၂ နှစ်ခွဲ သတ်မှတ်ထားကြောင်း ဦးဇာ နည်အောင်က ဆိုသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ