By The Modern, Shweproperty.com
Updated at 17 July 2015
မန္တလေးတိုင်းအတွင်း အိမ်ခြံမြေစံနှုန်းသတ်မှတ်ရာမှာ ဧကအလိုက်စံနှုန်းသတ်မှတ်တဲ့စနစ်ဟာ အရောင်းအဝယ်ဈေးကွက်သဘောနဲ. ကိုက်ညီမှုမရှိဘဲဖြစ်နေတယ်လို. ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အချို.က ပြောပါတယ်။
အိမ်ခြံမြေလွှဲပြောင်းရောင်းဝယ်ရာမှာ ပေးဆောင်ရမယ့်အခွန်နှုန်းကို တွက်ချက်ဖို.အတွက် အိမ်ခြံမြေရာဖြတ်တန်ဖိုးစံနှုန်းသတ်မှတ်ချက်တွေကို တစ်ဧကစံနှုန်းနဲ. ထုတ်ပြန်လေ့ရှိပါတယ်။
မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်လောကမှာတော့ ဧကအလိုက်အရောင်းအဝယ်ပြုလုပ်ကြတာမဟုတ်တဲ့အတွက် စံနှုန်းသတ်မှတ်ချက်နဲ. အရောင်းအဝယ်ဖြစ်တဲ့ငွေပမာဏဟာ အဆမတန် ကွာခြားမှုတွေရှိလာတယ်လို. အိမ်ခြံမြေအကျိုးဆောင်အချို.က ပြောပါတယ်။
မန္တလေးမှာ တစ်ဧကစံနှုန်းနဲ. သတ်မှတ်တယ်။ ဥပမာ မြို.သစ် ၆၂လမ်းပေါ် သိန်း ၁၀၀၀၀ ပေါက်ရင် နောက်တစ်ကွက်က သိန်း ၂၅၀၀ကို မနည်းရောင်းရတာ၊ ဒါပေမဲ့ တစ်ဧက စံနှုန်း သတ်မှတ်ချက်က နောက်အုကွက်ကိုပါ သွားသက်ရောက်နေတာ၊ ဒါလုပ်နေတဲ့သူမှသိတာ၊ ဒါလုပ်နေကျမဟုတ်တဲ့ သူတွေကျတော့ ထည့်သွင်းစဉ်းစားမှုမရှိဘူးလို. ဝါရင့်အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကပြောပါတယ်။
ယခုနှစ်အတွက် သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အိမ်ခြံမြေရာဖြတ်တန်ဖိုးသတ်မှတ်ချက်တွေက ကာလပေါက်ဈေးထက် ၁၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းအထိ များပြားနေတယ်လို. ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
အိမ်ခြံမြေစံနှုန်းသတ်မှတ် ချက်တွေများပြားနေတာနဲ. ပတ်သက်ပြီး ကာလပေါက်ဈေးနဲ. စံနှုန်း သတ်မှတ်ချက်ကွာဟမှုတွေကို တိုင်းအစိုးရအဖွဲ.ဆီ တင်ပြဖို. မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များဖွံ.ဖြိုးတိုးတက်ရေးအသင်းက စာရင်းပြုစုနေပါတယ်။
အဲသည်လိုစာရင်းပြုစုရာမှာ တစ်ဧက စံနှုန်းသတ်မှတ်ချက်ဟာ မန္တလေးအိမ်ခြံမြေဈေးကွက်နဲ. ကိုက်ညီမှုမရှိတာတွေ.ရတယ်လို. စာရင်းပြုစုရာမှာပါဝင်တဲ့ မန္တလေးတိုင်းဒေသကြီးအိမ်ခြံမြေ ကိုယ်စားလှယ်များဖွံ.ဖြိုးတိုးတက်ရေးအသင်းဝင်အချို.က ပြောပါတယ်။
တစ်ဧကစံနှုန်းက ညီမျှမှုမရှိဘူး၊ ဈေးကွက်မှာက မျက်နှာပွင့်က ပိုဈေးကြီးပြီး နောက်ဘက်က ဈေးမရှိဘူး။ အဲသည်တော့ တစ်ဧကစံနှုန်းက လုံးဝကို မသတ်မှတ်သင့်ဘူး။ စကွဲယားဖိ(စတုရန်းပေ)နဲ. ဆယ်လီစိတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါမှမဟုတ် ပေ၄၀ x ၆၀ မှာရှိတဲ့ ဝ.၀၅၅၁ စံနှုန်းနဲ.တွက်ရမှာလို. မန္တလေးတိုင်းအိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ.ဖြိုးတိုးတက်ရေးအသင်းဝင် ဦး ဝဏ္ဏစိုုးက ပြောပါတယ်။
မန္တလေးတိုင်းအစိုးရအဖွဲ. ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မြင့်ကြူက တိုင်းအစိုးရအဖွဲ.က ထုတ်ပြန်ထားတဲ့ အခုနှစ်အတွက် အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်တွေနဲ. ပတ်သက်ပြီး ပြန်လည်စစ်ဆေးပေးမယ်လို.ပြောပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ